ဘာကြောင့်လဲ ခင်ဗျား …???

  • News Code : 803635
  • Source : ABNA
Brief

ဘာကြောင့်လဲ ခင်ဗျား …??? ဆိုသည့် မိန့်ခွန်းလေး တစ်ခု ကို အဗ်နာ ချစ်ပရိတ် သတ်ကြီး အတွက် တင်ဆက်လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

 

ချစ်ခင် လေးစားရပါသည့် ဓမ္မမိတ်ဆွေ အပေါင်းတို့ … ခင်ဗျား

 

ကျွန်တော်တို့ တတွေဟာ မွတ်စလင်တွေ ဖြစ်ပါတယ် … ဒါပေမဲ့ အစ္စလာမ်ဘာသာ၊သာသနာ့ ၏ အခြေခံ သင်ပြမှုတွေ သွန်သင်မှုတွေ ကို အပြည့်အစုံ မသိရှိပါဘူး ….

 

ကျွန်တော်တို့တတွေ ဟာ ရှီအာ အေမာမ်မီယာ တွေ ဖြစ်ပါတယ် … ဒါပေမဲ့ ရှီအာ အေမာမ် မီယာ အကြောင်း အမှန်ကို အသေအချာမသ၊နားမလည် သေးပါဘူးခင်ဗျား

 

ဒါ မှန်ကန်သည့် လုပ်ရပ် ဖြစ်ပါ သလား ….???

 

ကျွန်တော်တို့ဆီမှာ ခေတ်ပညာတွေ တော့အများကြီးဘဲ …. အခုဆို လူငယ်အများစု တွေဟာ ဘွဲ့ရ ပညာတတ်တွေ လေ ဒါပေမဲ့ ဘာသာရေး အသိပညာတော့ တအား ၊ အားနည်း နေပါ တယ် လေ

 

ကျွန်တော်တို့တတွေ ဟာ လောကီ အတွက်တော့ စဉ်းစားကြတယ်… စီစဉ်ကြတယ် ဒါပေမဲ့ လောကုတ္တရာ အတွက်တော့ သတိတောင်မရဘူးဗျား

 

ကျွန်တော်တို့တတွေ ဟာ လောကီမှာ အဆင်ပြေပြေနေနိုင်ဖို့ တော့ ကြိုးစားကြတယ်လေ … ဒါပေမဲ့ လောကုတ္တရာမှာ အဆင်ပြေဖို့ အတွက်ဆို လုံးဝလုံးဝ သတိမရှိကြဘူးလေ

 

ကျွန်တော်တို့တတွေ ဟာ သတင်းစာတွေ ၊ ဂျာနယ်တွေ နေ့တိုင်းလိုလို ဖတ်ဖြစ်ကြတယ် …

ဒါပေမဲ့ … ကျမ်းတော်မြတ် ကုရ်အာန် သေလာဝသ် ပြုဖို့ တော်တော်ရက်တွေ၊ လတွေ ၊ နှစ်တွေခြား သွား ကြတယ်

 

ဒါ မှန်ကန်သည့် လုပ်ရပ် ဖြစ်ပါ သလား ….???

 

ကျွန်တော်တို့တတွေ ဟာ ကာတွန်း စာအုပ်တို့ ၊ ဝတ္တုစာအုပ်တို့ ဖတ်ဖို့ဆို စိတ် ပါတယ် … စိတ်ဝင်စားတယ် ဒါပေမဲ့ ဘာသာရေး စာအုပ်တွေ ၊စာစောင် တွေ ဖတ်ဖို့ ဆို …. စိတ်မဝင်စားဘူး

 

ကျွန်တော်တို့တတွေ ဟာ နိုင်ငံရေး ဆို လုပ်ချင်ကြတယ် … ဘာသာရေးဆို ဝေးဝေး ကရှောင်တယ်

 

ကျွန်တော်တို့တတွေ ဟာ ဝန်ထမ်းအလုပ်ရဖို့ ကြိုးစားကြတယ် ….သို့သော် …. အဟ်လေ့ဘိုက် (အ.စ) ၏ ဝန် ထမ်း ဖြစ်ဖို့ဆို မကြိုးစားကြဘူး

 

ကျွန်တော်တို့တတွေ ဟာ မိမိတို့ ကြိုက်တဲ့ ရုပ်ရှင် မင်းသား ၊မင်းသမီးတွေ ၊ နိုင်ငံရေး သမားတွေ ၏ ဘဝသမိုင်း ဆို ဖတ်ကြ ၊မှတ်ကြ ၊လေ့လာကြတယ် …. သို့သော် …. အဟ်လေ့ဘိုက် (အ.စ) ၏ ဘဝသမိုင်းဆို မဖတ်၊မမှတ်ကြဘူးလေ ….

 

ဒါ မှန်ကန်သည့် လုပ်ရပ် ဖြစ်ပါ သလား ….???

 

ကျွန်တော်တို့တတွေ ဟာ မိမိတို့ ကြိုက်တဲ့ ရုပ်ရှင် မင်းသား ၊မင်းသမီးတွေ ၊ နိုင်ငံရေး သမားတွေ ၏ စကားတွေ အဆို အမိန့်တွေ အသေအချာ မြတ်မြတ် နိုးနိုး မှတ်ထားကြတယ် ….

ဒါပေမဲ့ …. အဟ်လေ့ဘိုက် (အ.စ) ၏ စကားတွေ အဆို အမိန့်တွေ အသေအချာ မြတ်မြတ် နိုးနိုး မ မှတ် ကြဘူးလေ ….

 

ကျွန်တော်တို့တတွေ ဟာ လောကီ လောက က အာဏာပိုင်တွေ အကြီးအကဲတွေနဲ့ တွေ့ဖို့ … ရုပ်ရှင်မင်းသား ၊မင်းသမီးတွေ ၊ နိုင်ငံရေး သမားတွေ့ဖိုဆို ထိပ်ဆုံးကဘဲ ဗျား….

ဒါပေမဲ့ အမှန်တကယ် အာဏာရှင် ၊ဖန်ဆင်းရှင် ၊ထာဝရ သခင် မြတ်အလ္လာဟ် နှင့် တွေ့ဖို့ (နမာဇ်) ဆို … ဝန်လေးကြတယ်လေ….

 

ဒါ မှန်ကန်သည့် လုပ်ရပ် ဖြစ်ပါ သလား ….???

 

ဘာကြောင့်လဲ ခင်ဗျား …??? ဘာကြောင့်လဲ ခင်ဗျား …??? ဘာကြောင့်လဲ ခင်ဗျား …???

 

အလ်မွတ်စ်သဖွာ (ဆွ) အစ္စလာမ်မစ် စင်တာ ၊ ပါကစ္စတန်


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
We are All Zakzaky