မိုအ်မင် အား ဒုက္ခပေး ၊ စိတ်ထိခိုက်အောင်ပြု ခြင်း

  • News Code : 750690
  • Source : ABNA
Brief

မကောင်းသည့် အရုပ်ဆိုး စရိုက်များမှ တစ်ခုမှာ မိုအ်မင် အား ဒုက္ခပေး ၊ စိတ်ထိခိုက်အောင်ပြု ခြင်း ဖြစ်ပါတယ်။ ဘာကြောင့် ဤသို့ လုပ်ရသည်ကို လေ့လာ သုံးသပ်ချိန် တွင် အကြောင်း ခံများမှာ ရန်အငြိုးအတေး ၊ မနာလိုမှု ၊ ဒေါသ ၊ စာရိတ္တ ပျက်ပြားမှု ၊ မာန တို့ကြောင့် ဖြစ်လာရကြောင်း ကို တွေ့ လာရပါတယ်။

မိုအ်မင် အား ဒုက္ခပေး ၊ စိတ်ထိခိုက်အောင်ပြု ခြင်း

မကောင်းသည့် အရုပ်ဆိုး စရိုက်များမှ တစ်ခုမှာ မိုအ်မင် အား ဒုက္ခပေး ၊ စိတ်ထိခိုက်အောင်ပြု ခြင်း ဖြစ်ပါတယ်။ ဘာကြောင့် ဤသို့ လုပ်ရသည်ကို လေ့လာ သုံးသပ်ချိန် တွင် အကြောင်း ခံများမှာ ရန်အငြိုးအတေး ၊ မနာလိုမှု ၊ ဒေါသ ၊ စာရိတ္တ ပျက်ပြားမှု ၊ မာန တို့ကြောင့် ဖြစ်လာရကြောင်း ကို တွေ့ လာရပါတယ်။

သူတစ်ပါး ကို စိတ်ထိခိုက်အောင်ပြုခြင်းသည် အလွန်ရုပ်ဆိုးသည့် လုပ်ရပ်ဖြစ် သည် မှာ သံသယ ဖြစ်စရာပင် မလိုပါ။ ထပ်ခါ ထပ်ခါ ပြုလာချိန်တွင် လူ အသက် ကို စွန့်ရ သည်အထိ ဖြစ်လာတတ်ပါတယ်။ ဤကိစ္စ နှင့်ပတ်သက်ပြီး ပြီးပြည့်စုံသည့် အစ္စလာမ် ဘာသာမှ ဘယ်လို့ဆိုဆုံးမစကားတွေလာရှိတယ်ဆိုတာ ဟဒီးစ်တော် အချို့ ကို လေ့လာကြည့် ကြပါစို့။

ရီဝါယသ်တော်တစ်ချို့

قَالَ أَبُو جَعْفَرٍ عليه :الْمُسْلِمُ مَنْ سَلِمَ الْمُسْلِمُونَ مِنْ لِسَانِهِ وَيَدِه

الكافي ج ۲ ص ۲۳۳

အေမာမ် မိုဟမ္မဒ်ဘာကေရ် (အ.စ) မိမိ၏ ဘိုးတော် မဟာတမန်တော်မြတ်ကြီး (ဆွ) ၏ ဟဒီးစ်တော်ကို ဆင့်ပြန် မိန့်တော်မူသည်။

((အကြင်မည်သူ မဆို စစ်မှန်သည့်အမှန်တကယ် မွတ်စလင်မ် ဖြစ်မည်ဆိုလျှင် မွတ်စလင်မ် များသည် ၎င်း၏ လက်နှင့်နှုတ်ကြောင့် ဘေးကင်းလုံခြုံမှုတွင် ရှိပေ သည်။ ))

အလ်ကာဖီးကျမ်း အတွဲ ၂ ၊ စာမျက်နှာ ၂၃၃

အထက်ပါ ဟဒီးစ်တော်မှ မီးမောင်းထိုးပြနေသည့် ရလာဒ်ကတော့ မိမိကိုယ့်ကို စစ်မှန်တဲ့မွတ်စလင်မ် အဖြစ်သက်သေ ထူ လိုလျင် မိမိ ၏ လက်နှင့် နှုတ်ကို အခြား မွတ်စလင်မ် တစ်ဦး ဦး အတွက် ဘေးကင်းလုံခြုံအောင်ထားရပေမည်။ fb ပေါ်တွင် အကောင့် အတုများ ဖြင့် မွတ်စလင်မ်များ ကို မိုအ်မင်များကို စိတ်ထိခိုက် အောင် ၊ဒုက္ခ ဖြစ်အောင် ပုတ်ခပ်ရေးသားနေသူများ ၊ စွပ်စွဲ ရေးသားနေသူများ ဆဲနေပြုနေသူများ ပြုပြင် သင့်ပါတယ်။ စစ်မှန်သည့် သောင်ဗာ ပြုသင့်ပါတယ်။

 

قال رَسُولِ اللَّهِ صلى الله عليه وآله أَنَّهُ قَالَ مَنْ آذَى مُؤْمِناً فَقَدْ آذَانِي وَمَنْ آذَانِي فَقَدْ آذَى اللَّهَ وَمَنْ آذَى اللَّهَ فَهُوَ مَلْعُونٌ فِي التَّوْرَاةِ وَالْإِنْجِيلِ وَالزَّبُورِ وَالْفُرْقَانِ وَفِي خَبَرٍ آخَرَ فَعَلَيْهِ لَعْنَةُ اللَّهِ وَلْمَلَائِكَةِ وَالنَّاسِ أَجْمَعِينَ

مستدرك الوسائل ج ۹ ص ۹۹

 

မဟာတမန်တော်မြတ် ကြီး (ဆွ) မိန့်ကြားတော်မူသည်။

((အကြင်မည်သူ မဆို မိုအ်မင် တစ်ဦးတစ်ယောက်အား စိတ်ထိခိုက်အောင် ပြုမည် ဆိုလျှင် အမှန်စင်စစ် ကျွန်ုပ်ကို စိတ်ထိခိုက်အောင်ပြုခြင်း မည်ပေသည်။ ကျွန်ုပ် (မိုဟမ္မဒ် (ဆွ) ) ကို စိတ်ထိခိုက်အောင်ပြုခြင်းသည် အလ္လာဟ် ဟိုအရှင်မြတ် ကို ထိခိုက်အောင်ပြုခြင်း မည်လေ၏ ။ အကြင်မည်သူ မဆို အလ္လာဟ် ဟိုအရှင်မြတ်ကို ထိခိုက်အောင်ပြုခြင်း သည် ၎င်း အား သောင်ရာသ်ကျမ်း ၊အင်ဂျီးလ်ကျမ်း ၊ဇဘူးရ်ကျမ်း ၊ကျမ်းတော်မြတ် ကုရ်အာန် နှင့် မြတ်အလ္လာဟ် ၏ရဲဟ်မသ်တော်မှ ဝေးသွားမည် ဖြစ်ပါသည်။ အခြားရီဝါယသ်တော်တစ်ပါးတွင် လာရှိပါသည်။ အလ္လာဟ် ဟိုအရှင်မြတ် ၊ကောင်းကင်တမန်များ နှင့် လူထု အားလုံး၏ လအ်နသ် သည် ထို (မိုအ်မင်ကို စိတ်ထိခိုက်အောင် ပြုသူ) သူအပေါ်ကျရောက်ပေမည်။ ))

မွတ်စ်သရက်က်ကို ဝစာအေလ်ကျမ်း အတွဲ ၉ စာမျက်နှာ

 

۳ ـ أَبَا عَبْدِ اللَّهِ عليه السلام : قَالَ اللَّهُ عَزَّ وَجَلَّ لِيَأْذَنْ بِحَرْبٍ مِنِّي مَنْ آذَى عَبْدِيَ الْمُؤْمِنَ

الكافي ج ۲ ص ۳۵۰

အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ)မိန့်တော်မူပါသည်။

((အလ္လာဟ်ဟို အရှင်မြတ် သခင်မိန့်တော်မူပါတယ်။ အကြင်မည်သူမဆို ကျွန်ုပ် (အလ္လာဟ်) ၏ ကျေးကျွန် မိုအ်မင် အား စိတ်ထိခိုက်အောင် ပြုမည်ဆိုလျှင် အမှန်စင်စစ် ၎င်းသည် မိမိကိုယ့်ကို ကျွန်ုပ် (အလ္လာဟ် ) နှင့် စစ် တိုက်ရန်အသင့်ပြု လိုက်ခြင်းဖြစ်ပါသည်။ )

အလ်ကာဖီးကျမ်း   အတွဲ ၂ ၊ စာမျက်နှာ ၃၅၀

အလ္လာဟ်ဟို အက္က်ဗရ် အထက်ပါ ဟဒီးစ်တော်မှ ထုတ်ဖော်ပြနေသည်မှာ အလ္လာဟ် ဟိုအရှင်မြတ် အနေဖြင့် မိုအ်မင် အား မည်မျှ အလေးထား ၊ဂရုပြုကြောင်း သိနိုင်ပါ တယ် ။

 

 ======================================

251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky