ဆောင်ရန် ၃ချက် နှင့် ရှောင်ရန် ၃ချက် / အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ)

  • News Code : 770073
  • Source : ABNA
Brief


အဗ်နာ ပရိတ်သတ် အတွက် အဖိုးတန် ဆောင်ရန် ၃ချက် နှင့် ရှောင်ရန် ၃ ချက် ကို တင်ပြအပ်ပါတယ်။ ဤ ဆောင်ရန် ၃ချက် နှင့် ရှောင်ရန် ၃ချက် ကို ရှီအာမွတ်စလင်မ် များ၏ ခြောက်ပါးမြောက် အေမာမ်၊ အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အလိုင်ဟေစ်စလာမ်) မှ မိန့်တော်မူထားခြင်းဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အလိုင်ဟေစ်စလာမ်) မိန့်တော်မူသည်။

قال الإمام الصادق عليه السّلام :اَدَّبَنى اَبى عليه السلام بِثَلاثٍ ... ونَهانى عَنْ ثَلاثٍ: قالَ لى: يا بُنَىَّ مَنْ يَصْحَبْ صاحِبَ السّوءِ لا يَسْلَمْ وَ مَن لا يُقَـيِّد اَ لْفاظَهُ يَنْدَم ، وَ مَنْ يَدْخُل مَداخِلَ السَّوءِ يُتَّهَمْ...وَ نَهانى اَنْ اُصاحِبَ حِاسِدَ نِعْمَةٍ وَ شامِتا بِمُصيبَةٍ ، اَو حامِلَ نَميمَةٍ .

ကျွန်ုပ်၏ဖခမည်းတော် (အေမာမ် မိုဟမ္မဒ်ဘာကေရ် (အလိုင်ဟေစ်စလာမမ် ) မှ ကျွန်ုပ် အား ၃ချက် အား ဆောင်ရန် သင်ကြားပေးပါသည်။ပြီးနောက် ၃ချက်အား ရှောင်ရန် မိန့်ကြားပါသည်။

ဆောင်ရန် အချက် ၃ ချက် မှာ ဤကဲ့သို့ ဖြစ်ကြောင်းမိန့်တော်မူလေ၏။ ငါ့သား ! အကြင်မည်သူမဆို မကောင်းသည့်မိတ်ဆွေ ၊သူငယ်ချင်းနှင့်အတူ ထိုင်မည် (ပေါင်းသင်းမည်) ဆိုလျှင် လူကောင်းဖြစ်မည်မဟုတ်။ပြီးနောက်

အကြင် မည်သူမဆိုမိမိ၏ စကားပြောဆိုမှု ကို သတိမမှု မထိန်းသိမ်းမည်ဆိုလျှင် နောင်တ ရပေမည်။ ပြီးနောက်

အကြင် မည်သူမဆို မကောင်းသည့်နေရာများသို့ သွားရောက်မည်ဆိုလျှင် ယုန်ထင် ကြောင်ထင် ၊ထင်ခံရပေမည်။

ကျွန်ုပ်ကို ရှောင်ရန် မိန့်ကြားခဲ့သည်အချက် ၃ချက်မှာ -

သူတစ်ပါး၏နေအ်မသ်များကိုမနာလိုသူ( ကြည့်ရန်မနှစ်သက်သူ) နှင့် မိတ်ဆွေ မဖွဲ့ ပါ နှင့်။

သူတစ်ပါး၏ ဒုက္ခ၊သောက အပေါ် ပီတိဖြစ်သူနှင့် မိတ်ဆွေမဖွဲ့ပါနှင့်။

စကားအပေးအယူလုပ်သူ (ကုန်းတိုက်သူ) နှင့် မိတ်ဆွေမဖွဲ့ပါနှင့်။ ဖြစ်ပါသည်။

သိုဟ်ဖိုလ်အကူးလ် ၊စာမျက်နှာ ၃၇၆

သင်ခန်းစာ များ

၁။မိတ်ဆွေ ပြုရမည့်သူသည် ဖြစ်ကဲ့သို့ သော်သူဖြစ်ရမည်ကို ပြဆိုနေပါတယ်။

၂။စကားလွယ်လွယ် နှင့်မပြေရန်ဖြစ်ပါတယ်။

၃။သံသဖြစ်စေမည့်နေရာများ ကိုမသွားရန် ဖြစ်ပါတယ်။

၎။သူတစ်ပါးအပေါ် မနာလို စိတ်မထားရန် ပြဆိုနေပါတယ်။

၅။သူတစ်ပါးသောက ၊ဒုက္ခ ကို မကူနိုင်လျှင် ၊ မပျော်ရန်ပြဆိုနေပါတယ်။ ကိုယ်ချင်း စာတတ်ရန်ဖြစ်ပါတယ်။

၆။မိတ်ဆွေ တုများ ၏ လက္ခဏာများကို ထင်ထင်ရှားရှား သိမြင်နိုင်ပါတယ်။

--------------------------------

251/End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky