နမာမ် မဖတ်မီ ၊ အလ္လာဟ် ရှိုက်ရ် မလုပ်မီ ၊ သက္က်ဝါတရား လက်မကိုင်မီ မှတ်ရမည့် ဟဒီးစ်တော် တစ်ပါး

  • News Code : 793009
  • Source : ABNA
Brief

နမာမ် မဖတ်မီ ၊ အလ္လာဟ် ရှိုက်ရ် မလုပ်မီ ၊ သက္က်ဝါတရား လက်မကိုင်မီ ဤ အေမာမ် ရေဇာ (အ.စ ) ၏ ဤ ဟဒီးစ်တော်လေးကို အသေအချာလေ့လာရန် မေတ္တာရပ်ခံအပ်ပါသည်။


အေမာမ် ရေဇာ (အ.စ) မိန့်ကြားတော်မူပါတယ်။
အလ္လာဟ် ဟို အရှငမြတ် အနေဖြင့် ၃ခု သော် အမိန့် ကို ၃ခုသော် အမိန့် နှင့်တွဲပြီး ပေးထားပါတယ်။ ၁။အလ္လာဟ်အနေဖြင့် နမာဇ် ကိုဇကားသ်နှင့် တွယ်ပေး ထားပါတယ်။
မည်သူမဆို နမာဇ်ဖတ်မည်၊ ဇကားသ်မပေးမည်ဆိုလျှင် ၎င်း၏နမာဇ်ပိုင်မည် မဟုတ် ချေ။


သတိ။ ။ ရှီအာမွတ်စလင်မ် များ အတွက် ဇကားသ် နှင့်ခွမ်းစ် နှစ်မျိုး ရှိသည် ဆိုတာကို မမေ့သင့်ချေ။ယနေ့ နမာဇ်သာဖတ်နေကြပြီး ခွမ်းစ်မပေးကြသူများ သတိပြုသင့်ပေ သည်။ ဇကားသ် သည် အရာ ၉မျိုး   ( ဂျုံ၊မုယောစပါး၊စွန်ပလွန်၊ စပျစ်သီးအခြောက် ၊ ကုလားအုတ် ၊နွား၊ သိုး ၊ ရွှေ ၊ငွေသား ) အပေါ်ဆိုင်ရာဆိုင်ရာ အတိုင်းအတာ သတ်မှတ် ထားသည့်သဖြင့် အတိုင်းအတာ ရောက်မှသာလျှင် ဇကားသ် ပေးဆောင်ရမည်ဖြစ်ပါသည်။ ဤအတွက်ဇကားသ်  လွတ်ကောင်း လွတ်နိုင်ပေ မည်။ သို့သော် အလုပ်လုပ်နေသူတိုင်း ၊ဝင်ငွေ အနည်း အများ ရှိသူ နေသူ တိုင်းခွမ်းစ် မှတော့ လွတ် မြောက်နိုင်မည်မဟုတ်ကြောင်း အထူး သတိပြု သင့်ပါတယ်။


အလ္လာဟ် ဟိုအရှင်မြတ်အနေဖြင့် ရှိုက်ရ် ခိုဒါ (အလ္လာဟ်အရှင်မြတ် အားကျေးဇူး တင်ခြင်း)ကို ရှိုက်ရ် ဝါလေသိုင်းန် (မိဘအပေါ် ကျေးဇူးတင်ခြင်း )နှင့် တွဲမိန့် ထားပါတယ်။ မည်သူမဆို မိဘနှစ်ပါးကိုကျေးဇူးမတင်လျှင် အလ္လာဟ်ဟို အရှင်မြတ် အားကျေးဇူင်း မတင်ခြင်းဖြစ်ပေသည်။


သတိ။ ။ မိမိကို ပညာ အနည်းငယ်၊ငွေအနည်းငယ်ပေးယုံ၊ ထောက်ပံ့ယုံ၊ကူညီယုံနှင့် ကျေးဇူး တင်တင်နေပြီး မိမိကျေးဇူးရှင်မိဘနှစ်ပါး ၏ကျေးဇူးကို မေ့မေ့ နေသူများ အထူး သတိပြု သင့်ပေ သည်။
မိမိမိဘ နှစ်ပါးကို မိမိတို့ နိုင်သည့်ဖက်မှ ကြည့်ပေရမယ်။ ၎င်းတို့ စိတ်ချမ်းသာ အောင် ထားရပေမည်။ ၎င်းတို့၏အကြွေးများကိုဆပ်ပေးရမည်။ မပြော ကောင်း မဆိုကောင်း အလ္လာဟ်အမိန့်ခံသွားလျှင် ၎င်းတို့ မဖတ်ခဲ့သည့်နမာဇ်များကို ဖတ်ပေးခြင်း၊ မထားခဲ့သည့်ရိုဇာများကို ထားပေးခြင်း ဖြစ် ကျေးဇူးပြုသင့်ပါသည်။


အလ္လာဟ်ဟို အရှင်မြတ် အနေဖြင့် သက္က်ဝါတရားကို စေလာအေရဲဟ်မ် (မိဘ၊ညီအစ်ကိုမောင်နှမများ ၊ဆွေးမျိုးများနှင့်အဆက်အသွယ်ထားခြင်း) နှင့် တွဲမိန့် ထား ပါသည်။မည်သူမဆို စေလာအေရဲဟ်မ် မလုပ်လျှင် ၎င်းထံတွင် သက္က်ဝါ တရား မရှိချေ။


သတိ ။ ။ မိဘ၊ ညီအစ်ကိုမောင်နှမများ၊ အမျိုးအရင်းအချာများကို မေ့နေပြီး သူတစ်ဖက်သားအား အလေးပေး အဖက်လုပ်နေသူများ အထူးသတိပြုသင့်ပါသည်။


ဗေဟာကျမ်း အတွဲ ၇၄
မဒဲရ်စယေအလ်ကာအေမ် (အ.ဂျ)ပါကစ္စတန်

===========================
251/ End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Mourining of Imam Hossein
မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky