ဟဇရသ် မိုဟ်စင် ဆိုတာ ဘယ်သူလဲ ? မည်ကဲ့သို့ ရှဟီးဒ် ဖြစ်ခဲ့ရပါသနည်း ? ၎င်းကို သတ်သူ ကကော် မည်သူ ဖြစ်ပါသနည်း ? (၁)

  • News Code : 790027
  • Source : ABNA
Brief



အဖြေ။ ။ အမာနသ် ကိုရှေ့တန်းတင် ၍ ၎င်း ၊ အစွန်းရောက်မှု နှင့် မုန်းတီး မှုကို ဘေးဖယ်၍ တစ်နည်း မြတ်အလ္လာဟ် ကို ကြောက်ပြီး အမှန်တရားကို သာ တင်ပြမှုကို ရင်ဝယ်ပိုက် ပြီး အဖြေပေးရမည်ဆိုလျှင်အောက်ပါအတိုင်း အဖြေတိုတို နှင့်ထိထိမိမိ ထွက်ပါမည်။
စွန်နီ၊ရှီအာ ရီဝါရသ်တော်များ ၊သမိုင်း အထောက်အထား များ အရ ဟဇရသ် မိုဟ်စင် သခင်သည် အေမာမ်အလီ (အ.စ) သခင်နှင့် ဟဇရသ် ဇဲဟ်ရာ (စ.အ) သခင်မ တို့ ၏ သားသမီးများမှ တစ်ပါး ဖြစ်ပါသည်။ ဂျနာဗေ အိုမရ် (သို့) ကန်ဖေဇ်(ခ)ကွန်ဖေဇ် မှ ဟဇရသ် ဇဲဟ်ရာ (စ.အ) သခင်မကြီးကို တံခါး နှင့် တတိုင်ကြား ဖိညှပ် ခဲ့ပါသည်။ ဖိညှပ်မှုဒဏ်ကြောင့် သခင်မကြီး ၏ နံရိုးကျိုးခဲ့ပါသည်။ သခင်မကြီး ဝမ်းဗိုက်အတွင်းရှိ ကလေး (ဟဇရသ်မိုဟ်စင်) ပျက်ကျ(ခ) ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။ (အသေးစိတ် အထောက် အထား အောက်ပါအတိုင်း ဖြစ်ပါတယ်။စိတ်အေးအေးနှင့် အသိဥာဏ်တွဲပြီးဖတ်ပေးရန် လေးစားစွာ မေတ္တာ ရပ်ခံအပ်ပါသည်။)


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အသေးစိတ်အဖြေ
စွန်နီ၊ရှီအာ ရီဝါရသ်တော်များ လာ ကျမ်းများ  အရ ဟဇရသ် မိုဟ်စင် သခင်သည် အေမာမ်အလီ (အ.စ) သခင်နှင့် ဟဇရသ် ဇဲဟ်ရာ (စ.အ) သခင်မ တို့ ၏ သားသမီးများမှ တစ်ပါး ဖြစ်ပါသည်။  ဂျနာဗေ အိုမရ် မှ ဟဇရသ် ဇဲဟ်ရာ (စ.အ) သခင်မကြီးကို တံခါး နှင့် တတိုင်ကြား ဖိညှပ် ခဲ့ပါသည်။ ထို ဖိညှပ်မှုဟာ ဒဏ်ကြောင့် (သခင်မကြီး ဝမ်းဗိုက်အတွင်းရှိ ) ကလေး (ဟဇရသ်မိုဟ်စင်) ပျက်ကျခဲ့ရပါတယ်။  ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။ အရေးကြီး မှတ်သားစရာ တစ်ခု မှာ ဟဇရသ် ဘီဘီဖွာတွေမာ (စ.အ) သခင်မကြီး ၏အိမ်တော်အား မည်သူမည်ဝါ ဝိုင်းဝိုင်း ၊တိုက်တိုက် ထိုခတ်က ခလီဖွာ နှင့် ဆက်နွယ်သည်ဆိုသည်မှာ ငြင်းမရချေ။ ခလီဖွာ နှင့်မနွယ်လျင် ပြုလုပ်သူတရားခံများ ကို ခလီဖွာအနေဖြင့် ဖမ်းဆီး အရေးယူရမည် ဖြစ်ပါသည်။ နွယ်နေလျှင် ပြေးစရာလမ်းမရှိလျှင် ဒါတွေ မဖြစ်ခဲ့ပါဘူးလို့ သာ ၎င်းခလီဖွာ ၏နွယ်ပွားများ (သို့) ၎င်းခလီဖွာ၏ ကြေးစားများ (ကြေးစားခဲ့သူတို့၏ နွယ်ပွားများ)   ဖိအား ပေးရေး နေဟော နေမည်ဖြစ်ပါသည်။
နောက်စဉ်းစားဖွယ်အချက်မှာ ရှီအာအိုလမာ စွန်နီအိုလမာ အဟောင်းတွေ (ပျက်ရပ်မှန်သည့်အလွန်နီးကပ်သည့်အာလင်မ်များ) မှ ဖြစ်ခဲ့သည့် ဖြစ်ရပ်မှန် ဇာတ်လမ်းမှန် ကို မှတ်တမ်းတင်ခဲ့ရာ ယနေ့ ဖွား အာလင်မ် များ ၊အာလင်မ်လောင်းများ က ဇွတ်အတင်း မဖြစ်ခဲ့ပါဟု လုပ်ကြံရေးသားဟောပြောနေကြခြင်း ဖြစ်ပါတယ်။
ဤအဖြစ်အပျက်ကို တင်ပြထားသည့် စွန်နီ၊ ရှီအာ ရီဝါရသ်တော် လာ ကျမ်း အချို့ ကို နမူနာ အဖြစ်တင်ပြပါမည်။

ရှီအာ ရီဝါရသ်တော်
ရီဝါရသ်တော်များကိုခြုံ၍ လေ့လာ ပြီး အဖြေထုတ်လျှင်  ဟဇရသ် မိုဟ်စင် သခင်သည် အေမာမ်အလီ (အ.စ) သခင်နှင့် ဟဇရသ် ဇဲဟ်ရာ (စ.အ) သခင်မ တို့ ၏ သားသမီးများမှ တစ်ပါး ဖြစ်ပါသည်။ ရှဟီးဒ် ဖြစ်ခဲ့ပါသည်။
အေမာမ်အလီ (အ.စ) မိန့်တော်မူ၏။ (( အကယ်၍ အသင်တို့၏ ပျက်ကျသေဆုံး သွားသည့် ကလေးများး ကေယာမင်နေ့ တွင် အသင်တို့ကို တွေ့လျှင် အမည်မပေး ရသေးသော်လည်း မိမိ ဖခင်အား မေးခွန်းထုတ်ပေမည်။ ဘာကြောင့်  ကျနော် (ခ)ကျမ အတွက် အမည် မပေး မမှည့်ခဲ့ရပါသနည်း ? တမန်တော်မြတ် (ဆွ) အနေဖြင့်  မိုဟ်စင်ကို ၎င်း လောကသို့ မရောက်လာမည် (မမွေးဖွားမည်) အလျင် အမည်ပေးထားပြီး ဖြစ်ပါသည်။))
အရဘီလို့ရေးလျှင်…
من مجموع الروایات الآتیة یستفاد أن المحسن (ع) من أبناء الإمام علی (ع) و الزهراء (س) و استشهد. یقول الإمام علی (ع): «إن أسقاطکم إذا لقوکم یوم القیامة و لم تسموهم یقول السقط لأبیه: ألا سمیتنی و قد سمى رسول الله )ص) محسناً قبل أن یولد.

ကျမ်းကိုးအစစ်ကိုကြည့်လိုလျှင် -
مجلسی، محمد باقر، بحارالانوار، ج 43، ص 195، مؤسسة الوفاء بیروت - لبنان، 1404 ق.
(ထိုခေတ် က ((အာလ်ထရာဆောင်း မရှိခဲ့သေးတဲ့ ခေတ်မှာ ဗိုက်ထဲက ကလေးက ယောက်ျားလေး ဆိုတာ ဘယ်လိုသိကြလဲ။ မွေးတောင် မမွေးရသေးဘူးဆိုရင် ကလေးအမည်က ဘယ်က ပေါ်လာတာလဲ။))ဟုမြန်မာ ပြည်ဖွားစွန်နီ မောင်လာနာ မှ စောဒကတက်ခြင်းသည် ၎င်းမုန်းတီးနေသည့် ရှီအာ များ ကို စောဒကတက်ခြင်း မဟုတ်ဘဲ အလ္လာဟ်နှင့် အလ္လာဟ်ရစူလ် (ဆွ) ၏ ပညာကို စောဒကတက်ခြင်း  အလ္လာဟ် နှင့်အလ္လာဟ်ရစူလ် (ဆွ) ၏ ပညာထက်ယနေ့ခေတ်က အာလ်ထရာဆောင်း နှင့် တီထွင်သူ ၏ပညာကိုပိုအလေးပေး ခြင်းသာ မည်ပေမည်။)

အင်န်ရှာအလ္လာဟ် ဆက်ရန် …

============================
251/End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Arba'een
Mourining of Imam Hossein
We are All Zakzaky