သခင်မကြီး ဟဇရသ် ဇဲဟ်ရာဟ် (စ.အ) ၏ အမည်အား အရိုအသေပြုခြင်း

  • News Code : 790270
  • Source : ABNA
Brief

ဟဇရသ် ဖွာတွေမာ ဇဲဟ်ရာ (စ.အ) သခင်မကြီး ကို အရိုအသေ အလေးအမြတ် ပြုဖို့ နှင့် သခင်မကြီး၏ ကြီးကျယ် မြင့်မြတ်မှု သည် မွတ်စလင်မ် အားလုံး အတွက် ထင်ရှား ပြတ်သားနေပါတယ်။ သခင်မကြီး ဟဇရသ် ဇဲဟ်ရာဟ် (စ.အ) ၏ အမည်အား အရိုအသေပြုခြင်း နှင့်ပတ်သက်ပြီး အောက်ဖော်ပြပါ ရီဝါယသ်တော်လေး ကို အသေအချာ နှလုံးသွင်း လေ့လလာ လိုပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဂျနာဗေ စကူနီ အနေဖြင့်တင်ပြပါတယ်။ တစ်နေ့ ကျနော် အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) သခင် ထံ ရောက်ရှိခဲ့ပါတယ်။ ထိုအချိန် ကျနော် ဝမ်းနည်းနေတဲ့အချိန် ဖြစ်ပါတယ်။

အေမာမ် (အ.စ) ကျနော်ကိုမေးမြန်းပါတယ်။

အို စကူးနီ အသင်ဘာကြောင့် ဝမ်းနည်းနေရပါသနည်း ?

ကျနော်ပြန်ဖြေပါတယ်။ အလ္လာဟ် အရှင်မြတ်သခင် ကျနော်ကို သမီး တစ်ယောက် ချီးမြှင့်ထားပါတယ်။

အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) မိန့်ကြားတော်မူ၏။

အို စကူးနီ သမီးငယ်၏ ကိုယ်ခနာ အလေးချိန် ကို မြေကြီးမှ ၊မှထပါတယ်။ သမီးငယ် ၏ စားဖို့ ရိက္ခာ တာဝန် သူသက်တမ်း တစ်လျှောက် လုံး အတွက် အလ္လာဟ် တာဝန် ယူထားတယ်။

ပြီးနောက်ဆက်၍ မိန့်တော်မူ ၏ ။သမီးငယ် ၏အမည်ကို ဘာပေးထား၊မှည့်ထား ပါသနည်း ?

ကျနော် လျှောက်ထားပါတယ်။ ဖွာတွေမာ

အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) မိန့်ကြားတော်မူ၏။

အာဟ် … အာဟ် … အာဟ် … (အလွန်တရာ ဝမ်းနည်း ကြေကွဲ၍ ထွက်သည့် အသံ )

မိမိ၏လက်တော်ကို နဖူးပေါ်တင်ပြီး ဆက်၍မိန့်လေ၏။

اِذا سَمَّيْتَها فاطِمَةَ فَلا تَسُبَّها وَ لاتَلْعَنْها وَلا تَضْرِبْها‘‘

ကျမ်းကိုး - ဝစအေလိုရှ်ရှီအာ ကျမ်း အတွဲ ၁၅ စာမျက်နှာ ၂၀၀

အဓိပ္ပာယ် ။ ။ အကယ်၍ သူမ (သမီးငယ်) အမည်ကို ဖွာတွေမာ လို့ မှည့်ထားလျှင် သူမကို မကောင်းမပြောလေနှင့် ၊သူမ အပေါ် လအ်နသ် မပို့သ ပါလေနှင့် ၊ သူမ ကို မရိုက်ပါနှင့်။

==========================

251/ End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky