လောကီ နှင့် လောကုတ္တရာ အတွက် စစ်မှန်သည့် အစီအစဉ် / အေမာမ် ရေဇာ (အ.စ)

  • News Code : 792635
  • Source : ABNA
Brief

လောကီ နှင့် လောကုတ္တရာ အတွက် စစ်မှန်သည့် အစီအစဉ် နှင့်ပတ်သက်ပြီး အေမာမ်ရေဇာ (အ.စ) မှ အောက်ပါအတိုင်း မိန့်ကြားတော်မူထားပါတယ်။



လောကီ နှင့် လောကုတ္တရာ အတွက် စစ်မှန်သည့် အစီအစဉ် နှင့်ပတ်သက်ပြီး အေမာမ်ရေဇာ (အ.စ) မှ အောက်ပါအတိုင်း မိန့်ကြားတော်မူထားပါတယ်။

اعمل لدنياك كأنك تعيش أبداً واعمل لآخرتك كأنك تموت غداً

လောကီအတွက် ဤကဲ့သို့ အလုပ်လုပ်ပါ။ တစ်နည်းအားဖြင့် အသင်အနေဖြင့် အမြဲတစေ ရှင်နေ ရမည်။ လောကုတ္တရာ အတွက် ဤကဲ့သို့ အလုပ်လုပ်ပါ။ တစ်နည်း အားဖြင့် အသင်အနေဖြင့် မနက်ဖန် သေရတော့မည်။
•    وسائل الشیعه جلد 12 صفحه 49  ( ဝစာအေလွရှ်ရှီအာ ကျမ်း အတွဲ ၁၂ ၊ စ ၄၉ )
•    ဤဟဒီးစ်တော် အား အေမာမ် ဟစန် မိုဂ်ျသဗာ (အ.စ) ၏ ဟဒီးစ်တော် အဖြင့် လည်း  (ဗေဟာကျမ်း အတွဲ ၄၄ စ ၁၃၉ တွင်လည်း  ) တင်ပြထားပါသည်။

ရှင်းလင်းချက်အကျည်း
အထက်ဖော်ပြပါ ဟဒီးစ်ဝသဝါဒတော်သည် အစ္စလာမ် သာသနာတော် အတွင်း ရုပ်ပိုင်းဆိုင်ရာ ဘဝနှင့် နမ်ပိုင်းဆိုင်ရာ ဘဝကို မည်ကဲ့သို့ တည်ဆောက် ရမည် ဆိုတာ မီးမောင်းထိုးပြထားပါသည်။ တာဝန်သိ မွတ်စ်စလင်မ် တစ်ဦး အနေဖြင့် ရုပ်ပိုင်း ဆိုင်ရာဘဝ၏ ကိစ္စ ရပ်များ နှင့် ပတ် သက်ပြီး မလွဲမသွေ ခိုင်မာ သည့်လုပ်ဆောင်ချက် ၊ စည်းမျည်းဥပဒေ ကို လိုက်နာ ဆောင်ရွက်ခြင်း ပြုရပါမည်။ တစ်နည်း အားဖြင့် ဤလောကတွင်အမြဲ ရှင်သန် နေရမည်ဟုဖြစ်ပါသည်။ ဤနည်း ဖြင့် ပျင်းရိဖွယ်အလုပ်များ ဖြစ်သည့် ပြစားဟန်ဆောင်မှု ၊ လောက ကို မမက်မော ဟုကြွေးကျော် နေမှုသည်  အလုပ်ဖြစ်မှာ မဟုတ် ထိရောက်မှု ရှိမည် မဟုတ် ဟု သိရှိနိုင်မှာ ဖြစ်ပါသည်။


သို့သော် နာမ်ပိုင်းဆိုင်ရာ ကိစ္စ များ နှင့် အခေရသ် (ခ) လောကုတ္တရာ အတွက် အရေး ကြီးသည့် အသင့်ဖြစ် နေမှုများ နှင့် ပတ်သက်ပြီး မနက်ဖန်  ဤလောကကြီးတွင်မျက်စိမှတ်လိုက်မည် (ကွယ်လွန် သွားမည်) ဆိုလျှင် မည်သည့် ပေါ့လျော့ မျှမရှိသည့် အထိ အလေးအနက်ထားမှု ရှိရပါမည်။ စစ်မှန်သည့် သောင်ဗာ (အလ္လာဟ်ထံဝယ် ဝန်ချတောင်းပန် ခြင်း )  ဆိုသည့် ရေ နှင့် မိမိ၏ ဂိုနာ များဖြင့် ညစ်တေး နေသည့် အဝတ် ကို ဆေးကြော ရပါမည်။ လူသားအားလုံး နှင့် ပတ်သက်သည့် ထမ်းဆောင်ရမည့် တာဝန် များကို ကျေပွန်စွာ ထမ်းဆောင်ရပါမည်။ ဘဝတွင် မည်သည့် အမောင်း (လမ်းမှားမှု ) အစက်အပျောက်ပင် မရှိဖို့ လိုအပ် ပေသည်။


========================
251/End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Mourining of Imam Hossein
မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky