လူသားအချင်းချင်း အမုန်းမပွားစေဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့ လှုပ်ရှားမှု မန္တလေးတွင် ပြုလုပ်

  • News Code : 601814
Brief

လွပ်လပ်စွာပြောဆိုခွင့် (Free Speech) ကို အထိုက်အလျောက် ရရှိလာရာတွင် အမုန်းပွားစေသော ပြောဆိုမှုများ ရောနှောပါဝင်မလာစေရန် ပန်းစကားလှုပ်ရှားမှုတစ်ရပ်ကို မန္တလေးမြို့ ဒိုင်းမွန်းပလာဇာရှေ့တွင် ဧပြီလ ၈ရက် နံနက် ၁၁ နာရီခန့်က ပြုလုပ်ခဲ့သည်။

အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန ၊ အဗ်နာ

လွပ်လပ်စွာပြောဆိုခွင့် (Free Speech) ကိုအထိုက်အလျောက်ရရှိလာရာတွင်အမုန်းပွားစေသောပြောဆိုမှုများရောနှောပါဝင်မလာစေရန်ပန်းစကားလှုပ်ရှားမှုတစ်ရပ်ကိုမန္တလေးမြို့ ဒိုင်းမွန်းပလာဇာရှေ့တွင်ဧပြီလ၈ရက်နံနက်၁၁နာရီခန့်ကပြုလုပ်ခဲ့သည်။

လူသားအချင်းချင်းအမုန်းမပွားစေဖို့ငါတို့နှုတ်ကိုစောင့်စည်းစို့ဆောင်ပုဒ်ဖြင့်ပြုလုပ်ခဲ့သည့်အဆိုပါလှုပ်ရှားမှု၌နှုတ်ကိုစောင့်စည်းခြင်းသင်္ကေတအဖြစ်ပိတောက်ပန်းကိုပါးစပ်တွင်ကိုက်၍သရုပ်ဖော်ပြခဲ့သည်။

ယခုကဲ့သို့လုပ်ဆောင်ရခြင်းသည်အမုန်းပွားစေသောပြောဆိုမှုအဆင့်ကိုကျော်ကာအန္တရာယ်ရှိသည့်ပြောဆိုမှုများအဆင့်အထိရောက်ရှိလာလျှင်တိုင်းပြည်ရှေ့ဆက်သွားရမည့်လမ်းကြောင်းအတွက်ကြီးမားသောအနှောင့်အယှက်တစ်ခုဖြစ်လာနိုင်သဖြင့်အများပြည်သူသိရှိစေရန်နှင့်ပူးပေါင်းဆောင်ရွက်လာကြစေရန်လက်ကမ်းစာစောင်များ၊စတစ်ကာများနှင့်အကျများဝေငှပေးခြင်းဖြစ်သည်။

လှုပ်ရှားမှုများကိုလစဉ်လုပ်ဆောင်သွားမည်ဖြစ်ကာမည်သူမဆိုပါဝင်နိုင်မည်ဟုဆိုသည်။ပါဝင်လိုသူများအတွက်ပန်းစကားလှုပ်ရှားဆောင်ရွက်မှုများကိုဖော်ပြမည့် www.facebook.com/panzagar   page တစ်ခုကိုဖွင့်လှစ်ထားရှိသည်။

မန္တလေးမြို့တွင်ဒိုင်းမွန်းပလာဇာ၊မင်္ဂလာဈေး၊ဈေးချိုတို့၌ဧပြီလ၈ရက်ကပြုလုပ်ခဲ့ပြီးပခုက္ကူ၊လားရှိုး၊မုံရွာစသည့်မြို့များတွင်လည်းဧပြီလရက်ကပန်းစကားလှုပ်ရှားမှုများလုပ်ဆောင်ခဲ့ကြသည်။ယနေ့ပန်းစကားလှုပ်ရှားမှုတွင်ကျောင်သားလူငယ်များ၊လူမှုရေးအဖွဲ့အစည်းအချို့နှင့်ပြည်သူများပါဝင်ခဲ့သည်။

မြို့နယ်ရဲတပ်ဖွဲ့မှူး၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကစီတန်းလှည့်လည်မှုပြုလုပ်ရန်ဟုတ်မဟုတ်လာရောက်မေးမြန်းခဲ့သော်လည်းပန်းစကားလှုပ်ရှားမှုဖြစ်သဖြင့်တားမြစ်ခြင်းမရှိပေ။

REF : မဇ္ဈိမ

လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky