မန္တလေးတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ပြင်ဆင်နေဟု ကန်သံအမတ်ပြော

မန္တလေးတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ပြင်ဆင်နေဟု ကန်သံအမတ်ပြော

မြန်မာနိုင်ငံ၌ မန္တလေး မြို့သည် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အကောင်းဆုံးနေရာ ဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးလုပ်ငန်းများပြုလုပ်ရန် ပြင်ဆင်နေကြောင်း အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်လ် က မန္တလေးတိုင်းကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း (MRCCI)နှင့်တွေ့ ဆုံရာတွင် ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မြန်မာနိုင်ငံ၌ မန္တလေး မြို့သည် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အကောင်းဆုံးနေရာ ဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးလုပ်ငန်းများပြုလုပ်ရန် ပြင်ဆင်နေကြောင်း အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်လ် က မန္တလေးတိုင်းကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း (MRCCI)နှင့်တွေ့ ဆုံရာတွင် ပြောကြားသည်။

‘‘မြန်မာပြည်မှာ စီးပွားရေး လုပ်ငန်းများလုပ်ကိုင်လို့ အ ကောင်းဆုံးနေရာကို ပြောပြပါဆို လျှင် မန္တလေးမြို့သာအကောင်း ဆုံးမြို့ဖြစ်ကြောင်း မိမိသာမက မိမိ၏မိတ်ဆွေများကပါ ပြောဆို ညွှန်ပြနေပြီး ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ လာရောက်ရင်းနှီးမြှုပ်နှံ ကြဖို့ ပြင်ဆင်နေပါတယ်’’ ဟု သံ အမတ်ကြီးမာစီရယ်လ်က ပြော ကြားသည်။

အမေရိကန်သံအမတ်ကြီး သည် အောက်တိုဘာ ၃၁ ရက်က မန္တလေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်းနှင့်တွေ့ဆုံရာ မန္တလေးတွင် စီးပွားရေးကဏ္ဍဖွံ့ဖြိုးရေး ၀ိုင်း ၀န်းကူညီနိုင်ရန်နှင့် စီးပွားရေး လုပ်ငန်းအချင်းချင်း ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးသည်။

‘‘သံအမတ်ကြီးကတော့ အ မေရိကန်ဘက်ကနေ ဆောင်ရွက် ပေးနေတဲ့ဆောင်ရွက်ချက်တွေ၊ လက်ရှိအခြေအနေလေးတွေပေါ် မူတည်ပြီး ဘာတွေဝိုင်းဝန်းကူညီ ပေးလို့ရမလဲ၊ အမေရိကန်စီးပွား ရေးလုပ်ငန်းရှင်တွေနဲ့အခုထက်ပို ပြီး ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ကုန်သည်ကြီးများအသင်းအနေနဲ့ နီးနီးကပ်ကပ်ပူးပေါင်းလုပ် ဆောင်သွားဖို့ ဆွေးနွေးခဲ့တာဖြစ် ပါတယ်’’ ဟု MRCCI တွဲဖက်အ ထွေထွေအတွင်းရေးမှူးဦးဥက္ကာ ကျော်က ပြောသည်။

အမေရိကန်နိုင်ငံသည်လက် ရှိတွင် မြန်မာ့စီးပွားရေးအခြေအ နေကောင်းမွန်လာရေး ပူးပေါင်း အကူအညီများနှင့် အကြံဉာဏ် များပေးအပ်ရန် ဆောင်ရွက်နေ ပြီး စိုက်ပျိုးရေးလုပ်ငန်းများ၌ အကူအညီ ဆက်လက်ပေးအပ် ရန်နှင့် ထောက်ပံ့ကူညီရေးအစီအ စဉ်များအဖြစ် ကန်ဒေါ်လာသန်း ၁၂၀ အထိကူညီနေကြောင်း သံ အမတ်ကြီးက ပြောကြားသည်။

သံအမတ်ကြီးသည် MRCCI နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် မန္တလေးတိုင်းဝန်ကြီးချုပ်၊ တိုင်း အစိုးရအဖွဲ့မှ ၀န်ကြီးများနှင့် ထပ်မံတွေ့ဆုံပြီး လတ်တလော နိုင်ငံရေးအခြေအနေနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကဏ္ဍများဆွေးနွေးခဲ့သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky