၂၁ ရာစုပင်လုံ ဧပြီလကုန်(သို့မဟုတ်)မေလဆန်းတွင် ကျင်းပရန် သဘောတူ လေးနာရီခန့်ကြာ ဆွေးနွေးငြင်းခုံပြီးနောက် ဆွေးနွေးပွဲအောင်မြင်၍ ဝ

၂၁ ရာစုပင်လုံ ဧပြီလကုန်(သို့မဟုတ်)မေလဆန်းတွင် ကျင်းပရန် သဘောတူ  လေးနာရီခန့်ကြာ ဆွေးနွေးငြင်းခုံပြီးနောက် ဆွေးနွေးပွဲအောင်မြင်၍ ဝ



ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ယခုနှစ် ဧပြီလကုန် (သို့မဟုတ်) မေလ ဆန်းတွင် ကျင်းပရန် အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးတိုင်းရင်း သားအဖွဲ့များအကြား သဘောတူ ညီခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ယခုနှစ် ဧပြီလကုန် (သို့မဟုတ်) မေလ ဆန်းတွင် ကျင်းပရန် အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးတိုင်းရင်း သားအဖွဲ့များအကြား သဘောတူ ညီခဲ့သည်။

အစိုးရ၊ တပ်မတော်နှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ထိပ် သီးခေါင်းဆောင်များ တက် ရောက်သည့် NCA အကောင်အ ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအ စည်းအဝေး(JICM)ကို ဖေဖော်ဝါ ရီ ၂၈ ရက်က နေပြည်တော်၌ ကျင်းပရာ ယခုကဲ့သို့ သဘောတူ ညီခဲ့သည်။ ၂၁ ရာစုပင်လုံကို ၂၀၁၈ ဇန်နဝါရီလကုန်ပိုင်းတွင် ကျင်းပရန် သတ်မှတ်ခဲ့သော် လည်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ၊ လူထုတွေ့ဆုံပွဲများ နှင့်ပတ်သက်၍ မပြေလည်မှုများရှိ၍ ရွှေ့ဆိုင်းခဲ့ရသည့်အပေါ် ကျင်းပမည့်ရက်ပြန်လည်သတ်မှတ်နိုင်ခြင်း ဖြစ်သည်။

ယင်း JICM အစည်းအဝေး သို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် NCA လက်မှတ်ထိုး အဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

‘‘ဒီနေ့ အစည်းအဝေးဆုံး ဖြတ်ချက်မှာ အဓိကအရေးကြီး ဆုံး ဆုံးဖြတ်ချက်ချမှတ်နိုင်တာက တော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို ဧပြီလကုန်မေ လဆန်းမှာ ကျင်းပဖို့ ဆုံးဖြတ်နိုင် ခဲ့ပါတယ်’’ဟု ချင်းအမျိုးသားတပ် ဦး (CNF) ဒုဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းက အစည်းအ ဝေးအပြီးတွင် ပြောသည်။

အစိုးရ ကိုယ်စားလှယ် ဦး ဇော်ဌေးက ‘‘ဒီနေ့ဆွေးနွေးမှုမှာ တော့ EAO ဘက်က Tea Break ၁၅ မိနစ် တောင်းတယ်ပေါ့။ အဓိကကတော့ ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်း အဝေးကျင်းပဖို့အတွက် သူတို့ဆီမှာလည်း ဥက္ကဋ္ဌက သုံးယောက် လောက်ပဲပါတယ်။ ကျန်တဲ့ငါး ယောက်က မပါဘူးပေါ့။ မပါတဲ့အ တွက် ညှိနှိုင်းတိုင်ပင်ချိန်တောင်း တော့ အဲဒါကို ခွင့်ပြုပြီး သူတို့ဆုံးဖြတ်ပြီး နောက်ဆုံးအကြိတ်အ နယ်ဆွေးနွေးပြီးတော့မှ ဒီအဖြေရလာတယ်ပေါ့’’ဟု ပြောသည်။

၃ နာရီ မိနစ် ၄၀ ကြာမြင့် သည့် JICM အစည်းအဝေးတွင် အကြိတ်အနယ် ဆွေးနွေးခဲ့ရ သော်လည်း အဆုံးသတ်၌ အဆင်ပြေ၍ အားလုံးကို ကျေးဇူးတင် ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အစည်းအဝေးအပြီး၌ ပြောသည်။

လက်နက်ကိုင်ပဋိပက္ခကို လက်နက်နှင့်မဖြေရှင်းဘဲ နိုင်ငံ ရေးစကားဝိုင်းပေါ်တွင် ငြိမ်းချမ်း စွာ ညှိနှိုင်းအဖြေရှာနိုင်ရန်ဆိုသည့် နိုင်ငံရေးယဉ်ကျေးမှုအသစ်ဖြစ် သည့် NCA လမ်းကြောင်း၌ အစည်းအဝေး သဘောသဘာဝ အရ ငြင်းခုံမှုများ ရှိနေမည်ဖြစ် သော်လည်း နောက်ဆုံးပန်းတိုင် သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင် ရေးဖြစ်သည်ဟု ဒုတပ်ချုပ်က ပြောသည်။

‘‘ဒီအချိန်မှာ ကျွန်တော်တို့က ဘာပဲ နည်းနည်းလေးသတိထား ရမလဲဆိုတာ ကိုယ့်ရဲ့ဖြစ်ချင်တဲ့ ဆန္ဒဇောတအားကြီးများသွားရင် လည်းပဲ အစည်းအဝေးက အောင် မြင်မှာမဟုတ်ဘူး’’ဟု ၎င်းက ပြောသည်။ တစ်ဖက်နှင့်တစ်ဖက် အ တိုးအလျှော့ဖြင့် ညှိနှိုင်းမည်ဆိုပါ က ငြိမ်းချမ်းရေးပန်းတိုင်သို့ မကြာမီရောက်မည်ဟု အပြည့်အဝယုံ ကြည်ကြောင်း ဒုတပ်ချုပ်က ပြောသည်။ JICM အစည်းအဝေးတွင် မကြာမီက NCA လက်မှတ်ထိုး ထားသည့် မွန်ပြည်သစ်ပါတီ (NMSP)၏မွန်လူမျိုးအလိုက် အ မျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲများ အမြန်ဆုံး ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းက ဆိုသည်။

ဆွေးနွေးပွဲကျင်းပမည့် နေ ရာ၊ လူထုတွေ့ဆုံပွဲများ တားမြစ် ခံရခြင်း စသည့်မပြေလည်မှုများ ဖြစ်ခဲ့၍ မကျင်းပနိုင်သေးသော ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)၏ အမျိုးသားအ ဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပ နိုင်ရေး ကိစ္စကိုမူ အပြီးသတ်သ ဘောတူညီမှုမရခဲ့ပေ။

‘‘RCSS လင်းခေးမှာ အောင် မြင်စွာ ကျင်းပနိုင်ရေးနဲ့ပတ်သက် ပြီးတော့ အစိုးရဘက်က ညှိနှိုင်း ချက်တွေ ပေးထားတယ်။ အဲဒါ တွေနဲ့ပတ်သက်ပြီးတော့ RCSS ဘက်က၊ ဒီအစိုးရဘက်က ကမ်း လှမ်းတဲ့ အကြံပြုချက်တွေ အ ကောင်းဆုံးဖြစ်အောင် ကြိုးစား ဆောင်ရွက်မယ်ဆိုတဲ့ သဘော ထားပေးပါတယ်’’ဟု ဦးဇော်ဌေး က ဆိုသည်။

RCSS အနေဖြင့် ကျောက်မဲ၊ ကာလိ၊ တောင်ကြီး၊ မန္တလေး၊ ပင်လုံ စသည့်မြို့များ၌ လူထုတွေ့ ဆုံပွဲများပြုလုပ်ပြီးမှသာ လင်းခေး တွင် ကျင်းပမည့် အမျိုးသားအ ဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ပြု လုပ်ရန် သဘောထားချမှတ်ထား သည်။ အစိုးရ၊ တပ်မတော်၊ လွှတ်တော်အစုအဖွဲ့က လူထုတွေ့ဆုံ ပွဲများကို ခွင့်ပြုခြင်းမရှိပေ။

သို့ရာတွင် လင်းခေးတွင် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင် ရေး အစိုးရက နည်းလမ်းနှစ်ခု အကြံပြုထားကြောင်း အစိုးရနှင့် တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်များက ပြောသော်လည်း မည်သည့်နည်းလမ်းဖြစ်သည် ဆိုသည်ကို လတ်တလော မဖြေဆိုနိုင်သေးဟုဆိုသည်။

အစိုးရ အကြံပြုသည့် အ ချက်သည် RCSS အဆိုပြုသည့် မြို့များတွင် မကျင်းပဘဲ ယင်းမြို့များမှ လူထုများကို တရားဝင်ကျင်းပခွင့်ရထားသည့် လင်းခေး သို့ ခေါ်ဆောင်ကျင်းပရန် ဆိုသည့် အချက်ပါဝင်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) နိုင်ငံ ရေးပါတီအစု အဖွဲ့ကိုယ်စားလှယ် တာလှဖေက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် လုံ ခြုံရေး အခြေအနေများကြောင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲကို အစိုးရက ကျင်းပခွင့်မပြုသေးပေ။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ALP ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင် အောင်ကို လက်ရှိ နိုင်ငံတော်အစိုးရ၏ရခိုင်အရေးနှင့် ပတ်သက် ၍ ဆောင်ရွက်နေမှုများ ရှင်းပြ ခဲ့သည်ဟု ဦးဇော်ဌေးက ဆိုသည်။

‘‘ကျွန်တော်တို့အခြေအနေ၊ အချိန်အခါပေါ် မူတည်ပြီးတော့ ကျင်းပခွင့်ရအောင် ကြိုးစားသွား မယ်ဆိုတဲ့ စဉ်းစားချက်ကို အား လုံးက သဘောတူတာပါ’’ဟု ဦးဇော်ဌေးက ပြောသည်။

========================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky