ပိတ်မိနေသော စစ်ရှောင်များကို အစိုးရက တာဝန်ယူ ကယ်ထုတ်ပေးရန် မြစ်ကြီးနားတွင် ဆန္ဒထုတ်ဖော် မြို့လယ်၌ သပိတ်စခန်းဖွင့်လှစ်မှုကို သက်ဆို

ပိတ်မိနေသော စစ်ရှောင်များကို အစိုးရက တာဝန်ယူ ကယ်ထုတ်ပေးရန် မြစ်ကြီးနားတွင် ဆန္ဒထုတ်ဖော် မြို့လယ်၌ သပိတ်စခန်းဖွင့်လှစ်မှုကို သက်ဆို



နိုင်ငံတော်အစိုးရက အပြည့်အဝတာဝန် ယူ၊ တာဝန်ခံ၍ တိုက်ပွဲအတွင်းပိတ်မိနေသော ပြည် သူများကို ဘေးကင်းလုံခြုံရာသို့ အမြန်ဆုံးကယ် ထုတ်ပေးရန် တောင်းဆိုသည့် ဆန္ဒထုတ်ဖော်မှုကို ဧပြီ ၃၀ ရက်က မြစ်ကြီးနားမြို့၌ ပြုလုပ်ရာ လူထောင်ချီ ပါဝင်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံတော်အစိုးရက အပြည့်အဝတာဝန် ယူ၊ တာဝန်ခံ၍ တိုက်ပွဲအတွင်းပိတ်မိနေသော ပြည် သူများကို ဘေးကင်းလုံခြုံရာသို့ အမြန်ဆုံးကယ် ထုတ်ပေးရန် တောင်းဆိုသည့် ဆန္ဒထုတ်ဖော်မှုကို ဧပြီ ၃၀ ရက်က မြစ်ကြီးနားမြို့၌ ပြုလုပ်ရာ လူထောင်ချီ ပါဝင်ခဲ့သည်။

တပ်မတော်နှင့် KIA ကြား ဧပြီအတွင်း တိုက်ပွဲ များကြောင့် တိုက်ပွဲဖြစ်ပွားရာဒေသရှိ ပြည်သူများ ဘေး ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထိုသို့ ထွက်ပြေးတိမ်းရှောင်သူ ၅,၀၀၀ ခန့်တွင် တနိုင်းမြို့ နယ်ရှိ ဒေသခံ ၂,၀၀၀ ခန့် ပိတ်မိပြီး ပိတ်မိပြီး အခက်ကြုံနေရသည့် အပေါ် ဘေးကင်းရာသို့ ကယ်ထုတ်ပေးရန် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှု တွင် ကချင်လူငယ်များ၊ ကချင် ဘာသာရေးအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများ၊ မြစ်ကြီး နားမြို့ခံများ စုစုပေါင်းလူထောင် ချီပါဝင်ခဲ့သည်။ ထို့အပြင် အဆိုပါလှုပ်ရှားမှုတွင် သံဃာတော်အချို့ ပါဝင်၍ စစ်ကြောင့် လူထုအတိ ဒုက္ခရောက်နေရသည့် အခြေအ နေကို အဆုံးသတ်ရန် မိန့်ကြား သည်။

စစ်ပွဲများကြောင့် တိုင်းပြည် အဘက်ဘက်က ချွတ်ခြုံကျခဲ့ပြီး ကမ္ဘာ့အလယ်တွင် မျက်နှာငယ် ခဲ့ရကြောင်း မနောကွင်း၌ ပြုလုပ် သော ဟောပြောပွဲတွင် သံဃာ တော်တစ်ပါးက မိန့်ကြားသည်။

‘‘ငြိမ်းချမ်းရေးမရလို့၊ အချင်း ချင်းတိုက်နေရတဲ့ တိုက်ပွဲတွေ ရှည်ကြာလို့ ပန်းနဲ့ပေါက်တာ မဟုတ်တဲ့အတွက် တစ်ဖက်နဲ့ တစ်ဖက် သေကျေပျက်စီးရ တယ်။ အိုးမဲ့အိမ်မဲ့အားလုံးဟာ ဒုက္ခအတိဖြစ်ရတယ်။ တိုင်းရင်း သားညီအစ်ကိုတွေ အချင်းချင်း တိုက်နေတာဆိုလို့ရှိရင် ဦးပဉ္စင်း အနေနဲ့ တရားသောစစ်ရယ်လို့ ဦးပဉ္စင်းမယူဆဘူး’’ ဟု အထက် ပါ သံဃာတော်က မိန့်သည်။

ထို့နောက် ဆန္ဒထုတ်ဖော်သူ များသည် မနောကွင်းမှ တစ်ဆင့် မြစ်ကြီးနားမြို့ပေါ်သို့ လမ်း လျှောက်ကာ ‘တိုက်ပွဲကြား ပိတ် မိခံပြည်သူများအား လွတ်လပ်စွာ စားနပ်ရိက္ခာအမြန်ဆုံးထောက်ပံ့ ပေးရေး’၊ ‘ပိတ်မိပြည်သူများ၏ အသက်ကို လျစ်လျူမရှုပါနဲ့’၊ ‘ပြည်သူသည် ရန်သူမဟုတ်’ စ သည်တို့ကို ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

ထို့အပြင် ကချင်ပြည်နယ် အတွင်း စစ်ပွဲများကြောင့် ဒုက္ခ ကြုံနေရသည့် ပြည်သူလူထုအ ရေးကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံ တော်အစိုးရက နှုတ်ဆိတ်မနေရန် ဆန္ဒထုတ်ဖော်သူများက တောင်း ဆိုသည်။

မြို့ပေါ်သို့ လှည့်လည်ဆန္ဒ ပြအပြီး မွန်းလွဲပိုင်းတွင် ကချင်လူ ငယ် ၂၀၀ ကျော်က ပိတ်မိစစ် ရှောင်များ မလွတ်မချင်း သပိတ် စခန်းဖွင့်လှစ်၍ ဆန္ဒထုတ်ဖော်ရန် မြစ်ကြီးနားမြို့ ဗိုလ်ချုပ်ကြေးရုပ် အနီးရှိ အထက်တန်းကျောင်းရှေ့ ၌ စုစည်းခဲ့သည်။ ထိုသို့ သပိတ် စခန်းဖွင့်လှစ်ရန် ရဲတပ်ဖွဲ့ထံ တရားဝင် အကြောင်းကြားပြီး ဆောင်ရွက်သော်လည်း သက် ဆိုင်ရာက ခွင့်မပြုဘဲ အကြောင်း မဲ့တားမြစ်ခဲ့သည်ဟု ဆန္ဒပြပွဲဦး ဆောင်သူ ဒေါ်ဆွတ်ဆိုင်းထွယ် က ပြောသည်။

‘‘ဒီနေ့လှုပ်ရှားမှုနဲ့ ပတ်သက် လို့ မနက်ပိုင်းအခြေအနေက တော် တော်ကောင်းနေတာပေါ့။ ဒါပေမဲ့ ညနေပိုင်းကျတော့ အမှန်ဆို ဥပ ဒေကိုင်ရမယ့် အစိုးရက ဥပဒေ မကိုင်ဘဲနဲ့ ပြောင်းပြန်ဖြစ်နေတာ ပေါ့။ တကယ်ရှက်စရာအဖြစ်ပဲ ဖြစ်ခဲ့ပါတယ်။ အကြောင်းပြချက် မရှိဘဲ လူငယ်တွေရဲ့ ဆန္ဒထုတ် ဖော်မှုကို သူတို့တားခဲ့တာ။ ဝန် ကြီးချုပ် တားမြစ်တယ်လို့ ဆိုပေ မယ့် ဝန်ကြီးချုပ်လက်မှတ်လည်း မပါဘူး။ ဝန်ကြီးချုပ်ကိုယ်စားဆို ပြီးတော့ လက်မှတ်ထိုးထားတယ်။ ဒါက အရမ်းသိသာလွန်းတာပေါ့။ ဥပဒေလည်းမရှိဘဲ လူငယ်တွေကိုဘလိုင်းကြီး ကန့်ကွက်လိုက်တာ ပေါ့’’ဟု ၎င်းကပြောသည်။

ငြင်းပယ်ရသည့်အကြောင်း ရင်းသည် အများပြည်သူကို အဟန့်အတား အနှောင့်အယှက်ဖြစ်စေခြင်း၊ စုဝေးမည့်နေရာသည် ယာဉ်နှင့် လမ်းသွားလမ်းလာများအနှောင့်အယှက် ဖြစ်စေခြင်းတို့ ကြောင့်ဖြစ်ကြောင်း မြစ်ကြီးနား မြို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ဆန္ဒပြ ပွဲဦးဆောင်သူများကို အသိပေး သည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးသန်းဦးက လူငယ်များ စုဝေးရာနေရာသို့ လာရောက်၍ ဆန္ဒပြပွဲဦးဆောင်သူများနှင့် ညှိ နှိုင်းခဲ့သည်။ အဆိုပါနေရာတွင် သပိတ်စခန်းဖွင့်လှစ်မည့် အစီအ စဉ်ကို မေလ ၃ ရက်အထိ ခေတ္တ ဆိုင်းငံ့ထားရန် မြို့နယ်ရဲတပ်ဖွဲ့ မှူးကဆိုသည်။

 ‘‘အခု တောင်းဆိုတဲ့ဟာ ပေါ့။ အခု ၂၀၁၆ မှာ ထွက်တဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေမှာ ခွင့်ပြုမိန့်ဆိုတာ မရှိပါ ဘူး။ ခင်ဗျားတို့ တင်ပြပြီးတောင်း ရင် ခွင့်ပြုပါတယ်။ သို့သော် နိုင်ငံ တော်မှာ ကိုယ့်အရေးထက် အများအရေးကို ဆုံးရှုံးရမယ့်အမြင်မျိုး နိုင်ငံရေးအမြင်နဲ့ နိုင်ငံခေါင်း ဆောင်တွေ ခင်ဗျားတို့ တင် မြှောက်တယ်ဆိုတဲ့ စကားပါလို့ တင်မြှောက်တဲ့ပုဂ္ဂိုလ်တွေ အစိုးရ အဖွဲ့အစည်းက လတ်တလော အနေနဲ့ သူတို့အနေနဲ့ မြေပြင်ကို အခြေအနေကြည့်ပြီးတော့ ဒီဟာ ကို ဆိုင်းငံ့လိုက်တဲ့သဘောဖြစ်ပါ တယ်’’ဟု ရဲမှူးသန်းဦးက ပြော သည်။

ပိတ်မိနေသူများကယ်ထုတ် ပြီးပါက သပိတ်စခန်းကို ချက်ချင်း ရုပ်သိမ်းမည်ဟု လူငယ်ခေါင်း ဆောင် ဦးလွမ်းဇောင်းက ရဲမှူး ကို ပြန်လည်ဆွေးနွေးသည်။

 ‘‘ပြည်သူတွေ မလွတ် မြောက်မချင်း ကျွန်တော်တို့ လူ ငယ်တွေ အလုပ်လုပ်တဲ့ကိစ္စက ဘယ်တော့မှ ရပ်နားမှာ မဟုတ် ဘူး။ ကျွန်တော်တို့က လက်နက် ကိုင်ပြီးမှ အကြမ်းဖက်ပြီး လုပ် ဆောင်တာမဟုတ်ဘူး။ ကျွန်တော်တို့ ငြိမ်းချမ်းစွာ ဥပဒေဘောင်အတိုင်း ဆရာတို့ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ အာဏာပိုင်နဲ့ ပူးပေါင်းပြီး ဆွေးနွေးပြီးမှ ကျွန်တော်တို့ လုပ်ဆောင်တာ’’ဟု ၎င်းက ဆို သည်။

ထို့နောက် ရဲမှူးနှင့် ဆန္ဒပြ လူငယ်များ အပြန်အလှန်ညှိနှိုင်း ပြီးနောက် ရဲမှူးက မေလ ၃ ရက် တွင် ခွင့်ပြုမိန့်ရရှိရေး တင်ပြပေး မည်ဟု ဆွေးနွေးချက်အရ လူငယ်များက ဗိုလ်ချုပ်ကြေးရုပ်အနီး သပိတ်စခန်းဖွင့်လှစ်မည့် အစီအ စဉ်ကို ဆိုင်းငံ့ပြီး မနောကွင်းသို့   ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။

‘‘ခဏလေး သိမ်းပါဆိုရင် ကျွန်မတို့ သိမ်းမယ်။ ဒါပေမဲ့ သုံး ရက်နေ့အထိ မလွှတ်ပေးဘူးဆို ရင် ကျွန်မတို့က ဒီစခန်းပြန်ဖွင့်ပြီး ဆန္ဒထုတ်ဖော်မယ်။ ဒါက လွတ် လွတ်လပ်လပ်ပဲ။ လူငယ်တွေမှာ လည်း အခွင့်အရေးရှိတယ်။ ကျွန် မတို့ ပြန်ပြီးထုတ်ဖော်ရလိမ့်မယ်’’ဟု သပိတ်စခန်းဦးဆောင်ကော်မ တီမှ ဒေါ်ဆွတ်ဆိုင်းထွယ်က ရဲမှူး အား ပြန်လည်ပြောကြားသည်။

ထို့နောက် ဆန္ဒထုတ်ဖော်သူ အင်အား ၂၀၀ ကျော်သည် မူလ စုရပ်ဖြစ်သည့် မနောကွင်းသို့ ပြန် လည်စုစည်းခဲ့သည်ဟု ဒေါ်ဆွတ် ဆိုင်းထွယ်က ပြောသည်။ ‘‘ကျွန်မ တို့က ထွက်ပြေးတိမ်းရှောင်တဲ့ ပြည်သူတွေ မလွတ်မြောက်မချင်း စုရပ်ကို မရုပ်ဘူးလို့ ရည်ရွယ်ထား ပြီးဖြစ်လို့ အခု အဲဒီနေရာမှာ လုပ် ခွင့်မပေးပေမယ့် မနောကွင်းမှာ ပြန်စုနေပါတယ်။ နေရာအပြောင်း အလဲဖြစ်သွားတာပေါ့’’ဟု ၎င်းကဆိုသည်။

ဖားကန့်၊ တနိုင်း၊ မိုးကောင်းနှင့် အင်ဂျန်းယန်မြို့နယ်တို့ရှိ KIA အခြေပြုနေရာများဖြစ်သော မံဝယ်၊ အောင်လော့ဒ်၊ ကဆုန့်နှင့် အင်ဂျန်းယန်ဒေသ၌ တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ပြည်သူ ၅,၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်နေရသည်။

========================
251 / End
 


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
We are All Zakzaky