ရဲဟ်ဗရ် အင်ကေလာဗ် အစ္စလာမ်မီ အနေဖြင့် အီရန်နီ လူငယ် နပန်းသမားကို ဂုဏ်ပြု ချီးမွမ်း

ရဲဟ်ဗရ် အင်ကေလာဗ် အစ္စလာမ်မီ အနေဖြင့် အီရန်နီ  လူငယ် နပန်းသမားကို ဂုဏ်ပြု ချီးမွမ်း

ရဲဟ်ဗရ် အင်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အနေဖြင့် ပါလက်စတိုင်း နိုင်ငံကို အားပေးကူညီသည့် အနေဖြင့် ဇီယွန်ဝါဒီ အစ္စရေး နိုင်ငံသား ပြိုင်ဖက်အား တရားဝင် နိုင်ငံအဖြစ် အသိအမှတ်မပြုသည့်အနေဖြင့် မယှဉ်ပြိုင်ခဲ့သည့် အီရန် နိုင်ငံသား လူငယ် နပန်းသမားကို ဂုဏ်ပြု ချီးမွမ်း ခဲ့ပါတယ်။ (အစ္စရေးသည် ပါလက်စတိုင်ပိုင် မြေများအား မတရား သိမ်းပိုက် ကျူးကျော်ပြီး နိုင်ငံ တည် ထားသည့်အတွက်ကြောင့် အီရန် နိုင်ငံ အနေဖြင့် အစ္စရေးနိုင်ငံ အားတရားမဝင် နိုင်ငံအဖြစ် သတ်မှတ် ထားပေသည်။)

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရဲဟ်ဗရ် အင်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အနေဖြင့် ပြီးခဲ့သည့် တနင်္ဂနွေနေ့ တွင် အီရနနိုင်ငံသား အီရန် လူမျိုး လူငယ် နပန်းသမား အလီရေဇာ ကရီမီ နှင့်တွေ့ဆုံပြီး ၎င်း အား ဂုဏ်ပြုအားပေး ချီးမွမ်း စကားဆိုခဲ့ပါတယ်။ ၎င်း အီရန်နီ လူငယ် နပန်းသမားအနေဖြင့် ပါလက်စတိုင်း နိုင်ငံကို အားပေးကူညီသည့် အနေဖြင့် ဇီယွန်ဝါဒီ အစ္စရေး နိုင်ငံသား ပြိုင်ဖက်အား အသိအမှတ်မပြုသည့်အနေဖြင့် မယှဉ်ပြိုင်ခဲ့သည့် လူငယ် ဖြစ်ပါတယ် ။

ဤတွေ့ဆုံမှု ပြုချိန် တွင် အလီရေဇာ ကရီမီ ၏ အိမ်သူအိမ်သားများ လည်း ရှိနေကြပါတယ်။

ရဲဟ်ဗရ် အင်ကေလာဗ် အနေဖြင့် ဤ လူငယ် နပန်း သမား အား ချီးမွမ်းဂုဏ်ပြုစကားပြောဆိုရင်း ၎င်း၏ ဤ ကြီးကျယ် သည့် လုပ်ဆောင်ချက်ကို အီရန် နပန်းသမား ပူရ်ယာဝလီ ကဲ့သို့ မျိုးချစ် အီရန်လူမျိုး၏ လုပ်ဆောင်ချက် ကဲ့သို့ ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။


ဆက်လက်ပြီး ရဲဟ်ဗရ် အနေဖြင့် မြင့်မားသည့် ကြီးမားသည့် ရည်ရွယ်ချက် အတွက် မိမိ အလိုဆန္ဒကို စတေး ပြခဲ့သည့် လူငယ်၏ စိတ်ဓာတ် ကြောင့် မိမိကိုယ့်ကို ဂုဏ် သိက္ခာ ရှိမှု နှင့် ဂုဏ် ကျက်သရေ မြင့်မှုကိုခံစားရကြောင်း ပြောကြားခဲ့ပါတယ် ။

ဤလူငယ်အနေဖြင့် ကမ္ဘာ့ နိုင်ငံတကာ ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေး ရှိလျက် (ပါလက် စတိုင်း လူမျိုးများအတွက် ၊အစ္စလာမ် အတွက်) စတေး ပေးခဲ့သူဖြစ်ပါတယ်။ အခွင့်အရေး ကို လက်လွတ်ပေးခဲ့သူ ဖြစ်ပါတယ် ။

အာယာသွလ္လာဟ် မှဆက်လက်ပြီး လူငယ်အနေဖြင့် မိမိကိုယ်တိုင် ဤ ဆုံးဖြတ်ခဲ့သည့်ခြေလှမ်း အတွက် ဂုဏ်ယူရန် ၊နာမ်ပိုင်းဆိုင်ရာ ဆုလာဒ် ကို အလ္လာဟ် ဟို အရှင်မြတ် သခင်ထံမှ တောင်းခံ ဆွတ်ခူးရန် နှင့် အစိုးရ အာဏာပိုင်များမှလည်း ရုပ်ဝတ္တု ပိုင်းအရာ ဆုလာဒ် ချီးမြှင့်ရာတွင် ပေါ့ကွက်၊လျော့ ကွက် မရှိစေရန် မိန့်ကြားခဲ့ပါတယ်။


မှတ်သားစရာ အချက်မှာ - ပိုလန်နိုင်ငံတွင် ၂၃ နှစ်အောက် လူငယ်များ ဆိုင်ရာ နိုင်ငံတကာ နပန်း ပြိုင်ပွဲတွင် အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ သား အလီရေဇာ ကရီမီး အနေဖြင့် ပါလက်စတိုင်း နိုင်ငံသားများကိုအားပေး ကူညီသည့် အနေဖြင့် ဇီယွန်ဝါဒီ အစိုးရ အစ္စရေး ၏ နိုင်ငံသား နှင့် အစ္စရေး နိုင်ငံအား တရားဝင် အသိအမှတ်မပြုသည့် အနေဖြင့် မယှဉ်ပြိုင်ခဲ့ချေ။

ကမ္ဘာ့ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေး ရနေလျက် ပါလက်စတိုင်း နှင့် ဗိုက်သိုလ်မိုကဒတ်စ် အတွက် အခွင့်အရေး ကို လက်လွတ် စတေးခဲ့သည့် ကျေးဇူးသိ လူငယ် တစ်ဦး ဖြစ်ပါတယ်။

==============
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky