စီမံကိန်းများ သုံးနှစ်အတွင်း မပြီးပါကအစိုးရသစ်လက်ထက် ဆက်လက်အကောင်အထည်ဖော်မည်ဟု ပြည်ထောင်စုဝန်ကြီးပြော

စီမံကိန်းများ သုံးနှစ်အတွင်း မပြီးပါကအစိုးရသစ်လက်ထက် ဆက်လက်အကောင်အထည်ဖော်မည်ဟု ပြည်ထောင်စုဝန်ကြီးပြော

အစိုးရ၏ ကျန်ရှိ သက်တမ်းသုံးနှစ်အတွင်း မပြီးစီး သည့် စီမံကိန်းများကို နောက် အစိုးရသက်တမ်းတွင် ပြီးစီး အောင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 အစိုးရ၏ ကျန်ရှိ သက်တမ်းသုံးနှစ်အတွင်း မပြီးစီး သည့် စီမံကိန်းများကို နောက် အစိုးရသက်တမ်းတွင် ပြီးစီး အောင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်  ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။

စွမ်းအင်နှင့် လျှပ်စစ်ဓာတ် အားရရှိရေး၊ သယ်ယူပို့ဆောင် ရေးကဏ္ဍတို့ အပါအ၀င်အခြေခံ အဆောက်အအုံကဏ္ဍ၌ ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်နိုင်ရန်ကျန်ရှိ နေသည့် အစိုးရက ဦးစားပေး ဆောင်ရွက်မည်ဟု ရန်ကုန်ရင်း နှီးမြှုပ်နှံမှု ဖိုရမ်-၂၀၁၈ တွင်ပြည် ထောင်စုဝန်ကြီးက ပြောသည်။

နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်တွင်းစီး ပွားရေးလုပ်ငန်းရှင် ၇၀၀ ကျော် တက်ရောက်သည့်ပွဲတွင် မြန်မာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အစိုးရ ဦးစားပေးမည့် ကဏ္ဍကို ပြည်ထောင်စုဝန်ကြီးက အသိပေးခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးနှင့် လမ်း၊ တံတားတည်ဆောက်အ ကောင်အထည်ဖော်ရေးသည် စီး ပွားရေးကဏ္ဍ၏ အခြေခံလိုအပ် ချက်ဖြစ်နေပြီး လက်ရှိတွင်နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်နိုင်မည့် စီးပွားရေးလုပ် ငန်းဖြစ်သည်ဟု ဖိုရမ်သို့တက် ရောက်လာသည့် စီးပွားရေးလုပ် ငန်းရှင်  တစ်ဦးကပြောသည်။

လက်ရှိပြည်တွင်း စီးပွားရေး  အခြေအနေကျဆင်းနေပြီး စီးပွား ရေးလုပ်ငန်းရှင်များ ငွေကြေး အကျပ်အတည်း ရှိနေချိန်တွင် နိုင်ငံခြားသား လုပ်ငန်းရှင်များကို အစိုးရ၏ စီးပွားရေးကဏ္ဍနှင့် ပတ်သက်၍ ဦးစားပေးမည့်ကဏ္ဍ များအသိပေးခြင်းကြောင့် ရင်းနှီး မြှုပ်နှံမှုများ တိုးလာနိုင်သည်ဟု ၎င်းကဆိုသည်။

အစိုးရ ဦးစားပေးမည့် စီးပွားရေး လုပ်ငန်းများသာမက ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု များနှင့် ပတ်သက်၍ အစိုးရ၏ မူဝါဒကို ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ ပြည်ပလုပ်ငန်း ရှင်များ၏ ရင်းနှီးမြှုပ်နှံမှုကိုပြည် တွင်းလုပ်ငန်းရှင်များနှင့် တန်းတူ အခွင့်အရေးများပေးမည်ဟု ၎င်း ကဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြား သားစီးပွားရေး လုပ်ငန်းရှင်များ  စိတ်ချလုံခြုံစွာ ရင်းနှီးမြှုပ်နှံရန် အစိုးရက တိုက်တွန်းအားပေး ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကုန် အထိ မြန်မာနိုင်ငံ၌ နိုင်ငံ ၄၉ နိုင်ငံမှ လုပ်ငန်းကဏ္ဍ ၁၁ခုတွင် ကန်ဒေါ်လာ၇၆ဒသမ၀၈ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၉ ဒသမ ၄၈ ရာခိုင်နှုန်းသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင်ရင်းနှီးမြှုပ်နှံပြီး စွမ်းအင်ကဏ္ဍ၌ ၂၇ဒသမ၆၂ ရာခိုင်နှုန်း၊ ကုန် ထုတ်လုပ်မှုကဏ္ဍတွင် ၁၁ဒသမ ၉၁ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံထား သည်။

========================
251 / End
 


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky