နိုင်ငံ့ထိပ်သီးခေါင်းဆောင်များ၏ အရေးပေါ်အစည်းအဝေး ယနေ့ပြုလုပ်မည်

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အစည်းအဝေးများ ရုတ်တရက်ရွှေ့ဆိုင်း

နိုင်ငံ့ထိပ်သီးခေါင်းဆောင်များ၏ အရေးပေါ်အစည်းအဝေး ယနေ့ပြုလုပ်မည်


ပြည်သူ့လွှတ် တော်နှင့်အမျိုးသားလွှတ်တော် နှစ်ရပ်အစည်းအဝေးများ ရွှေ့ ဆိုင်းကြောင်း ယမန်နေ့ကရုတ်တ ရက်ကြေညာပြီးနောက် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့သည် နိုင်ငံ တော်သမ္မတအိမ်တော်၌ပြုလုပ် မည့်အရေးပေါ်အစည်းအဝေး သို့တက်ရောက်ရန်ရှိကြောင်း အ စိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ပြည်သူ့လွှတ် တော်နှင့်အမျိုးသားလွှတ်တော် နှစ်ရပ်အစည်းအဝေးများ ရွှေ့ ဆိုင်းကြောင်း ယမန်နေ့ကရုတ်တ ရက်ကြေညာပြီးနောက် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌတို့သည် နိုင်ငံ တော်သမ္မတအိမ်တော်၌ပြုလုပ် မည့်အရေးပေါ်အစည်းအဝေး သို့တက်ရောက်ရန်ရှိကြောင်း အ စိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သမ္မတအိမ်တော်၌ နိုင်ငံ တော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌနှင့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်တို့ပါဝင်သော နိုင်ငံ့ထိပ်သီးခေါင်းဆောင်များ၏ အရေးပေါ်အစည်းအဝေးကို ဇွန် လ ၈ ရက်တွင် ပြုလုပ်မည်ဟု အစိုးရအဖွဲ့နှင့်နီးစပ်သူတစ် ဦးက 7Day Daily သတင်းစာအား ပြောသည်။

အရေးပေါ်အစည်းအဝေး တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များပါ ၀င်မည်ဖြစ်သော်လည်း အစည်း အဝေးကို ကာလုံအစည်းအဝေးအနေဖြင့် ခေါ်ယူခြင်းမဟုတ်ကြောင်း အထက်ပါနီးစပ်သူက ပြောသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုး သားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၊ ဒု တိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး စုစုပေါင်း ၁၁ ဦးပါဝင်သည်။

လက်ရှိ ဒီချုပ်အစိုးရသက် တမ်း ၂နှစ်ကျော်အတွင်း အမျိုး သားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီအစည်းအဝေးကို တစ် ကြိမ်မျှခေါ်ယူခြင်းမရှိသေးပေ။

သို့သော် ၂၀၁၆ အောက်တို ဘာ ၉ ရက်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းအကြမ်းဖက်ခံရမှုဖြစ် စဉ်ပြီးနောက် အောက်တိုဘာ၁၄ ရက်၌ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးဆိုင်ရာအထူး အစည်းအဝေးအမည်ဖြင့် နိုင်ငံ့ ထိပ်သီးခေါင်းဆောင်များ အ စည်းအဝေးကျင်းပခဲ့သည်။ ထို အစည်းအဝေးတွင် နိုင်ငံတော် သမ္မတဦးထင်ကျော်၊ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၊ ဒုတိယတပ် မတော် ကာကွယ်ရေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီးကျော်ဆွေ၊ ကာကွယ်ရေး ၀န်ကြီးဒုတိယဗိုလ်ချုပ်ကြီး စိန် ၀င်းနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဦးကျော်တင့်ဆွေတို့ တက် ရောက်ခဲ့သည်။

ယနေ့(ဇွန်လ ၈ ရက်) တွင် ကျင်းပမည့် အစည်းအဝေးကို ပယ်ဖျက်ကြောင်းနှင့် အစည်းအ ဝေးပြန်လည်ကျင်းပမည့်အစီအ စဉ်ကို ထပ်မံကြေညာမည်ဖြစ် ကြောင်း ပြည်သူ့လွှတ်တော်က ယမန်နေ့ညနေ၌ ထုတ်ပြန်ကြေ ညာသည်။ ယင်းသို့ သတင်း မထုတ်ပြန်မီ ဇွန်လ ၈ ရက်ပြည် သူ့လွှတ်တော်အစည်းအဝေး၏ လျာထားချက်အစီအစဉ်ကို ထုတ် ပြန်ခဲ့သည်။

အလားတူအမျိုးသားလွှတ် တော်ကလည်း ဇွန်လ ၈ ရက်တွင် ကျင်းပမည့်အစည်းအဝေးအစီအ စဉ်ကို ရွှေ့ဆိုင်းကြောင်းနှင့်ဇွန်လ ၁၁ ရက်တွင်အစည်းအဝေးပြန် လည်ခေါ်ယူမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံ အကြောင်းကြားစာပေးပို့ခဲ့သည်။

‘‘ဘာကြောင့်လဲ (လွှတ် တော်အစည်းအဝေးတွေ ရွှေ့ ဆိုင်းတာ)တော့ မသိဘူးကွ။ဒါပေ မဲ့ ဥက္ကဋ္ဌကြီးတွေနှစ်ဦးစလုံး အ စည်းအဝေးရှိတယ်ပြောတယ်။ အုပ်ချုပ်ရေးအဖွဲ့နဲ့ပတ်သက်သ လားတော့မသိဘူး။ သူတို့အစည်း အဝေးရှိလို့’’ ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးအောင် ကြည်ညွန့်ကပြောသည်။

‘‘သမ္မတအိမ်တော်မှာ အစည်းအဝေးရှိတယ်လို့ကြားတယ်။ အဲ့ဒါကြောင့် မအားလို့ကျွန်တော်တို့လွှတ်တော်ကို တစ်ရက်နားလိုက်တာ’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်းပြောသည်။

နေပြည်တော်လွှတ်တော် နှစ်ရပ်ရုတ်တရက်ရွှေ့ဆိုင်းခြင်း သည် နိုင်ငံ့ခေါင်းဆောင်များအ ကြား အရေးပေါ်ကိစ္စရပ်များဆွေး နွေးရန် ပေါ်ပေါက်လာ၍ ဖြစ်နိုင် ကြောင်း လွှတ်တော်ကိုယ်စား လှယ်အချို့က မှတ်ချက်ပြုသည်။

ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ အရပ်သားအစိုးရအ ဖွဲ့ဝင်များအကြားနှင့် တပ်မတော် အကြားအရေးပေါ်တွေ့ဆုံမှုဖြစ် နိုင်ကြောင်း နေပြည်တော်ရှိလွှတ် တော်ကိုယ်စားလှယ်အချို့က သုံး သပ်သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

တစ် ကမ္ဘာ လုံးရှိ လမြတ် ရမ်တွာန်
We are All Zakzaky