ဆော်ဒီ အစိုးရ မှ မိမိနိုင်ငံသား ရှီအာ ၄ ဦး ကို ခေါင်းဖြတ် ကွပ်မျက် + ဓာတ်ပုံ

  • News Code : 841589
  • Source : ABNA
ဆော်ဒီ အစိုးရ၏ ပြည်ထဲရေး ဝန်ကြီး အနေဖြင့် ဇူလိုင်လ ၁၁ ရက်နေ့ တွင် မိမိနိုင်ငံသား ရှီအာ ၄ ဦးကို ခေါင်းဖြတ် ကွပ်မျက် ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဆော်ဒီ အစိုးရ၏ ပြည်ထဲရေး ဝန်ကြီး အနေဖြင့် ဇူလိုင်လ ၁၁ ရက်နေ့ တွင် မိမိနိုင်ငံသား ရှီအာ ၄ ဦးကို ခေါင်းဖြတ် ကွပ်မျက် ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

 

ဤခေါင်းဖြတ် ကွပ်မျက်ခံခဲ့ရ သည် ဆော်ဒီ နိုင်ငံသား  ရှိအာမွတ်စလင်မ် ၄ ဦး သည် ဆော်ဒီ နိုင်ငံ အရှေ့ပိုင်း ရှိ ရှီအာ နယ်မြေများတွင် နေထိုင်သူများ ဖြစ်ပါတယ်။ ပြစ်မှုမျိုးစုံ ကို ကျူးလွန်ခဲ့ သည်ဆိုသည့်  ဆွဲချက် ဖြင့် ဆော်ဒီ အစိုးရ မှ ခေါင်းဖြတ် အမိန့်ပေး၍ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပါ တယ်။

 

၎င်းတို့၏ အမည်များမှာ -

၁။ အမ်ဂျက်ဒ် နာ ဂျီ အာလေ မအီးဒ်

၂။ ဇာဟေရ် အဗ်ဒွရ်ရဟီးမ် အလ်ဗဆွရီ

၃။ယူစွဖ်အလီ အလ်မရှီခဆ်

၎။ မိုဟမ္မဒ် ဟစန် အလ်ဆွာယေဂ်

ဖြစ်ပါတယ်။

 

ပြီးခဲ့သည့်ဇူလိုင်လ ၁၀ ရက်နေ့ တွင်လည်း ဆော်ဒီ နိုင်ငံသား ၅ ဦး  ပါကစ္စတန် နိုင်ငံသား  ၁ဦးကို သေဒဏ်ပေး ၍ ကွပ်မျက်ခဲ့ကြောင်း  ဆော်ဒီ သတင်းဌာနများမှ ဖော်ပြခဲ့ပါတယ်။

.

ပြင်သစ်သတင်းဌာနသတင်းအထောက်အထားအရ  ဆော်ဒီတွင် သေဒဏ် သင့်ခဲ့သူများ၏အရေ အတွက်မှာဆော်ဒီအစိုးရ၏တရားဝင်ထုတ်ပြန်ချက်အရ၂၀၁၆ခုနှစ်တွင်၁၅၃ဦးရှိခဲ့ကြောင်းသိ ရပါတယ်။

 

ဆော်ဒီ နိုင်ငံ၏ အရှေ့ ပိုင်း ဒေသသည် ရှီအာမွတ်စလင်မ်များ နေထိုင်ရာ ဒေသဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှ စပြီး ဆော်ဒီ ရှိအာမွတ်စလင်မ် များ အနေဖြင့်  ဖေရ်ကာဆိုင်ရာ လွတ်လပ်ခွင့်အတွက်  အကြမ်းဖက်မှု မပါသည့် ဆန္ဒပြ ဆိုမှုများ ကို ပြုခဲ့ကြပါတယ်။

 

ဆော်ဒီ လုံခြုံတပ်များအနေဖြင့် ရှီအာမွတ်စလင်မ်များ ၏ အေးချမ်းစွာ သပိတ်မှောက်မှုများကို အကြမ်းဖက် ဖြိုခွင်းပြီး ခဲ့ပြီး အမြောက်အများ ကို ဖမ်းချုပ်ခဲ့ကြောင်း သိရပါတယ်။

 

ဆော်ဒီ အစိုးရ အနေဖြင့် ဆော်ဒီ နိုင်ငံသား ရှီအာမွတ်စလင်မ် သည် တခြား နိုင်ငံခြားသား  ရှီအာမွတ်စလင်မ်ကို ငွေရေး ကြေးရေး စသည်ဖြင့် ကူညီကြောင်းသတင်းရလျှင်လည်း ၎င်းကို ဖမ်းချုပ်ပြီး လူကို အပျောက်လုပ်သည် အထိ ရက်စက်မှုများ မတရားမှုများ လုပ်နေသည်အထိ ရှိနေကြောင်း သိရှိရပါတယ်။

============================

251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky