ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို မယုံကြည်ပါက ဒုက္ခလှလှတွေ့မည်ဟု မကွေးဝန်ကြီးချုပ် မဲဆွယ်

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို မယုံကြည်ပါက ဒုက္ခလှလှတွေ့မည်ဟု မကွေးဝန်ကြီးချုပ် မဲဆွယ်

ဒေါ်အောင်ဆန်းစုကြည် ၏ ဦးဆောင်မှုကို မယုံကြည်ပါက ဒုက္ခလှလှတွေ့မည်ဖြစ်ကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက် တာအောင်မိုးညိုကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ဒေါ်အောင်ဆန်းစုကြည် ၏ ဦးဆောင်မှုကို မယုံကြည်ပါက ဒုက္ခလှလှတွေ့မည်ဖြစ်ကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက် တာအောင်မိုးညိုကပြောသည်။

အောက်တိုဘာ ၈ ရက်က ချင်းပြည်နယ် ကန်ပက်လက်မြို့ နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးဟော ပြောစဉ် မကွေးတိုင်းဝန်ကြီးချုပ် က ထည့်သွင်းပြောကြားခြင်းဖြစ် သည်။

‘‘အမေစုကို ကြည့်မယ်ဆို ရင် တစ်တိုင်းပြည်လုံးကို နေမ၀င် အင်ပါယာအောက်က လွတ် အောင်ရုန်းလာခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့သမီး။ ဘယ်လောက်အနစ်နာခံသတုံး၊ ဘယ်လောက် စွန့်လွှတ်သတုံး။ ဒီလိုခေါင်း ဆောင်မျိုး ဘယ်သောအခါမှ မပေါ်နိုင်ဘူး။ အဲဒီတော့ သူ့ရဲ့ ရိုးသားဖြောင့်မတ်မှု၊ ဦးဆောင်မှုကိုယုံကြည်ရမယ်။ မယုံကြည်ရင်တိုင်းပြည်က ဒုက္ခလှလှတွေ့မယ်။ အဲဒါသာ မှတ်ပေတော့’’ဟု ဒေါက်တာအောင်မိုးညိုက ပြောသည်။

ထို့အပြင် လက်ရှိအုပ်ချုပ် နေသော အစိုးရသည် မြန်မာ့ဆို ရှယ်လစ်လမ်းစဉ်ပါတီနှင့် ပြည် ခိုင်ဖြိုးပါတီမဟုတ်ဘဲ ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီအစိုးရက အုပ်ချုပ်နေခြင်းသာ ဖြစ်သောကြောင့် အစိုးရဖွဲ့စည်း ထားသည့် ပါတီကိုယ်စားလှယ် ကသာ လုပ်ငန်းတွင်ကျယ်စွာ ဆောင်ရွက်နိုင်မည်ဖြစ်၍ NLD ပါတီ ကိုယ်စားလှယ်လောင်းကို သာ မဲပေးကြရန် တိုက်တွန်း ပြောကြားသည်။

‘‘ကိုယ်ရွေးတဲ့ ကိုယ်စား လှယ်သည် ဒေါ်အောင်ဆန်းစု ကြည်အဖွဲ့က ဖြစ်တာကောင်းသလား၊ ဒီပြင်ပါတီဘက်က ကောင်းသလား၊ ဘယ်လိုလူဖြစ်ရင် အကျိုးရှိမယ်လို့ထင်လဲ။ ဖြေစရာ မလိုဘူး၊ ရှင်းရှင်းလေးရယ်။ လက်ရှိအစိုးရရဲ့ ကိုယ်စားလှယ်ဖြစ်နေရင် ပိုမကောင်းဘူးလား။ပိုကောင်း တာပေါ့ ဒါရှင်းရှင်းလေးပဲလေ’’ ဟု ဒေါက်တာအောင်မိုးညိုက ပြောသည်။

ဒီချုပ်ပါတီ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီအနေဖြင့် စက်တင်ဘာလလယ်က စတင်ပြီး ကြားဖြတ်ရွေးကောက် ပွဲကျင်းပမည့် မဲဆန္ဒနယ် ၁၃ နေရာလုံးသို့ သွားရောက်ကာ မဲဆွယ်စည်းရုံးနေသည်။ ထိုသို့ မဲဆွယ်စည်းရုံးရာတွင် လွှတ်တော်ကိုယ် စားလှယ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်များလည်း လိုက်ပါဝန်းရံခဲ့ကြ သည်။

ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည် ဖြစ်ပြီး လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိကာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်လေးနေရာ၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ် တစ်နေရာ နှင့် တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် ရှစ်နေရာ အတွက် တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် မဲပေးနိုင်မည့် လူဦးရေ ကိုးသိန်းကျော် ရှိသည်။ မဲဆန္ဒ နယ်အားလုံးတွင် ဒီချုပ်ပါတီအနေဖြင့် နေရာအပြည့်ဝင်ရောက် ယှဉ်ပြိုင် ဖြစ်သည်။

လက်ရှိတွင် ကြားဖြတ်ရွေး ကောက်ပွဲ၌ ပြည်သူလူထုက စိတ်ဝင်တစား ပါဝင်မဲပေးရန် ဒီချုပ် ပါတီ ခေါင်းဆောင်ပိုင်းများက တိုက်တွန်းနေကြသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Arba'een
Mourining of Imam Hossein
We are All Zakzaky