ရန်ကုန်တိုင်းအတွင်း ကျောင်းသားဦးရေ ၂၀ အောက်ရှိသော ကျောင်းများကို နီးစပ်ရာကျောင်းများနှင့် ပူးပေါင်းမည်ဟုဆို

ရန်ကုန်တိုင်းအတွင်း ကျောင်းသားဦးရေ ၂၀ အောက်ရှိသော ကျောင်းများကို နီးစပ်ရာကျောင်းများနှင့် ပူးပေါင်းမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး ရှိကျောင်းသားဦးရေ ၂၀ အောက် သာရှိသည့်အခြေခံပညာကျောင်း များကို နီးစပ်ရာကျောင်းများနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်တိုင်းဒေသကြီး ရှိကျောင်းသားဦးရေ ၂၀ အောက် သာရှိသည့်အခြေခံပညာကျောင်း များကို နီးစပ်ရာကျောင်းများနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ပြောသည်။

ဖေဖော်ဝါရီ ၉ ရက်ကပြု လုပ်သောရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လသာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးဇော်ဝင်းနိုင်က ကျောင်းသားနှင့်ဆရာဦးရေနည်း ပါးသောကျောင်းများကို နီးစပ် ရာကျောင်းများနှင့်ပူးပေါင်းပေး ရန်အစီအစဉ်ရှိ၊ မရှိမေးမြန်းချက် ကို ၎င်းကဖြေကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကျောင်းသားနှင့်ဆရာဦးရေနည်းပါးသောကျောင်းများရှိနေပြီး အ များစုသည် ရန်ကုန်မြိုတွင်းမြို့ နယ်များမှ ကျောင်းများဖြစ် ကြောင်း ဦးနိုင်ငံလင်းကဆိုသည်။

အဆိုပါကျောင်းများကို အ ခြားကျောင်းများနှင့်ပူးပေါင်းပေး ရန် ယခင်နှစ်ကတည်းက ပညာ ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းထား ကြောင်း ၎င်းကပြောသည်။

‘‘တချို့ ကျောင်းများမှာ ကျောင်းသားဦးရေ ၂၀ ခန့်သာရှိ သောကျောင်းများလည်းရှိနေပါ တယ်။ သို့ဖြစ်ပါ၍ အဆောက်အ အုံနှင့်ပတ်သက်၍ရှုပ်ထွေးမှုမရှိ သည့်ကျောင်းသား ၂၀ အောက် ရှိသည့်ကျောင်းများအားနီးစပ်ရာ ကျောင်းများနှင့်ပူးပေါင်းနိုင်ရန် ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာနသို့တင်ပြ၍ ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ပြည် ထောင်စုဝန်ကြီးနဲ့ ကျွန်တော်ဒီ ကိစ္စကို လွန်ခဲ့တဲ့နှစ်တွေကညှိနှိုင်း ထားပြီးဖြစ်ပါတယ်။ ဆောင်ရွက် နေပြီဖြစ်ကြောင်းလည်း သိရပါ တယ်’’ ဟု ဦးနိုင်ငံလင်းက ဆို သည်။ သို့သော် ကျောင်းသား ၂၀ အောက်ရှိသည့် အခြေခံပညာ ကျောင်းအရေအတွက်ကို ဦးနိုင် ငံလင်းက ထည့်သွင်းဖြေကြားခြင်း မရှိပေ။

‘‘ကျွန်တော့်မြို့နယ်ထဲက အမကသုံးကျောင်းရဲ့ ပကတိအ ခြေအနေဖြစ်ပါတယ်။ ၂၀၁၇-၁၈ ပညာသင်နှစ်မှာ KG မှာ ယောက်ျားလေးခြောက်ယောက်၊ မိန်းကလေးနှစ်ယောက်စုစုပေါင်း ရှစ်ယောက်ပဲရှိတယ်။ Grade I မှာဆိုရင် ယောက်ျားလေးရှစ် ယောက်၊ မိန်းကလေးနှစ်ယောက် စုစုပေါင်း ၁၀ ယောက်၊ Grade II မှာဆိုရင် ယောက်ျားလေးတစ် ယောက်မှမရှိဘူး။ Grade III မှာဆိုရင် ယောက်ျားလေးကတစ် ယောက်၊ မိန်းကလေးကသုံး ယောက်စုစုပေါင်းလေးယောက်၊ Grade IV မှာဆိုရင် ယောက်ျား လေးကလေးယောက်၊ မိန်းက လေးက နှစ်ယောက်စုစုပေါင်း ခြောက်ယောက်၊ ကျောင်းအုပ်က တစ်ယောက်၊ ဆရာမကသုံး ယောက်ပဲရှိပါတယ်’’ ဟု ဦးဇော် ၀င်းနိုင်က ပြောသည်။

========================
251 / End



လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
We are All Zakzaky