ကရင်ပြည်နယ်တွင် သန့်စင်စွမ်းအင်မှ လျှပ်စစ်ထုတ်ယူရေး ပြည်နယ်အစိုးရနှင့် WWF လက်မှတ်ရေးထိုး

ကရင်ပြည်နယ်တွင် သန့်စင်စွမ်းအင်မှ လျှပ်စစ်ထုတ်ယူရေး ပြည်နယ်အစိုးရနှင့် WWF လက်မှတ်ရေးထိုး


ပြန်ပြည့်မြဲစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင် သည့် အရင်းအမြစ်အများအပြား ရှိရာ ကရင်ပြည်နယ်တွင် သန့် စင်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ် အားပေးနိုင်ရေး ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့(WWF)တို့ သဘောတူစာချုပ်(MOA) ရေးထိုးခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ပြန်ပြည့်မြဲစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင် သည့် အရင်းအမြစ်အများအပြား ရှိရာ ကရင်ပြည်နယ်တွင် သန့် စင်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ် အားပေးနိုင်ရေး ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့(WWF)တို့ သဘောတူစာချုပ်(MOA) ရေးထိုးခဲ့သည်။

ကရင်ပြည်နယ်အတွင်းသန့် စင်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မည့်နေရာနှင့် အလား အလာများ လေ့လာဖော်ထုတ် ခြင်း၊ လျှပ်စစ်ဓာတ်အားထုတ် လုပ်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများ ကူ ညီချိတ်ဆက်ပေးခြင်း၊ ပြည်နယ် အတွင်း ထုတ်လုပ်သော နှုန်းထားသက်သာသည့် လျှပ်စစ်ဓာတ်အားကို အမြန်ဆုံးရစေရန် ကမ္ဘာလုံးဆိုင်ရာသဘာဝ ပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့က ကူညီမည် ဖြစ် သည်။

ထို့အပြင် ပြန်ပြည့်မြဲစွမ်း အင်နှင့်ပတ်သက်၍ အကြီးတန်း ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် လက်ထောက်တစ်ဦးတို့ကို ကရင် ပြည်နယ်အစိုးရအဖွဲ့ ရုံးတွင်ထား ရှိ၍ လိုအပ်သည့်အကြံဉာဏ်များ ပေးမည်ဖြစ်သည်။

‘‘ကရင်ပြည်နယ်မှာ အဓိက လိုအပ်တာလျှပ်စစ်ဓာတ်အားပါ။ လျှပ်စစ်ဓာတ်အား အလုံအ လောက် မရသေးတဲ့အတွက် ဖွံ့ဖြိုးတိုးတက်ဖို့ အရမ်းနှေးပါ တယ်။  လျှပ်စစ်ဓာတ်အားသာရ မယ်ဆိုရင် ပြန်ပြည့်မြဲစွမ်းအင်အ ပါအ၀င် ဘယ်နည်းပညာနဲ့ပဲ ဖြစ် ဖြစ် ကြိုဆိုမှာပါ’’ဟု ကရင်ပြည် နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် က ပြောသည်။

 ‘‘ကရင်ပြည်နယ်က ကျွန် တော်တို့ရဲ့ပထမဆုံးစီမံကိန်းပါ။ ပြည်နယ်အစိုးရအဖွဲ့ကလည်း သန့်စင်စွမ်းအင်နဲ့ ပြည်နယ်ကို ဓာတ်အားပေးဖို့ ဆန္ဒရှိနေတာ အားတက်စရာကောင်းပါတယ်။ တခြား တိုင်းနဲ့ပြည်နယ်တွေအနေ နဲ့လည်း ကရင်ပြည်နယ်လို သန့်စင်စွမ်းအင်ကနေတဆင့် ဓာတ် အားယူဖို့ စိတ်ဝင်စားရင် WWF အနေနဲ့ ကူညီပေးဖို့အသင့်ရှိပါ တယ်’’ဟု WWF ဌာနေညွှန်ကြားရေးမှူး ခရစ္စတီးဝီလျံက ပြောသည်။

 ကရင်ပြည်နယ်တွင် သန့်စင် သော စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ် အားထုတ်ယူနိုင်ရန် ဒိန်းမတ်နိုင်ငံ အစိုးရ၊ ဆွီဒင်နိုင်ငံအစိုးရနှင့် ဥရောပရာသီဥတုဆိုင်ရာ ဖောင် ဒေးရှင်းတို့က ကူညီထောက်ပံ့ ပေးခြင်းဖြစ်သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky