ရှဟီးဒ် မိုအ်စင် ဟွဂ်ျဂျဂ်ျဂျီ အတွက် ဗိုလ်မှူး စိုလိုင်းမါနီ မှ ဝမ်းနည်းကြောင်း သတင်းလွှာ ပေးပို့

  • News Code : 847627
  • Source : ABNA
Brief

အီရန်အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ကွဒ်စ် တပ်မ ၏ ဗိုမှူး ကာစင်မ် စိုလိုင်းမါနီ အနေဖြင့် ရှဟီးဒ် မိုအ်စင် ဟွဂ်ျဂျဂ်ျဂျီ ၏ ဝမ်းနည်းပူဆွေး ဖွယ် ရှဟာဒသ် သတင်း နှင့်ပတ်သက်ပြီးဝမ်းနည်း ကြောင်း သတင်းလွှာ ကို ပေးပို့ခဲ့ပါတယ်။ ဝဟာဘီ အစွန်းရောက် အဖွဲ့ IS မှ မိုအ်စင် ဟွဂ်ျဂျဂ်ျဂျီ အား ဖမ်းဆီး ခဲ့ပြီးနောက် ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ကွဒ်စ် တပ်မ ၏ ဗိုလ်မှူး ကာစင်မ် စိုလိုင်းမါနီ အနေဖြင့် ရှဟီးဒ် မိုအ်စင် ဟွဂ်ျဂျဂ်ျဂျီ ၏ ဝမ်းနည်းပူဆွေး ဖွယ် ရှဟာဒသ် သတင်း နှင့်ပတ်သက်ပြီးဝမ်းနည်း ကြောင်း သတင်းလွှာ ကို ပေးပို့ခဲ့ပါတယ်။ ဝဟာဘီ အစွန်းရောက် အဖွဲ့ IS မှ မိုအ်စင် ဟွဂ်ျဂျဂ်ျဂျီ အား ဖမ်းဆီး ခဲ့ပြီးနောက် ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပါတယ်။

ဗိုလ်မှူး ကာစင်မ် စိုလိုင်းမါနီ အနေဖြင့် မိမိ ဝမ်းနည်းကြောင်း သတင်းလွှာ တွင် အစ္စလာမ့်တပ် မတော် သည် အမေရိကန် ၊ အစ္စရေး ၊ယဇီးဒီးတပ်များ နှင့်ရင်ဆိုင်နေကြောင်း ၎င်း အမေရိကန် ၊အစ္စရေး ၊ယဇီးဒ် တပ်တို့၏ ရှုံးနိမ့် နေမှု ကို အရိပ်ပြ ပြောကြားရင်း အစ္စလာမ့်တပ်မတော် အနေဖြင့် ရှဟီးဒ် မိုအ်စင် ဟွဂ်ျဂျဂ်ျဂျီ အတွက် ဝဟာဘီ IS အဖွဲ့ ကို မဖြစ်မနေ သွေးကြွေး ဆပ် မည်ဖြစ်ကြောင်း ဖမ်းထားသည့် အကျဉ်းသားများ၏ ခေါင်းကို ရက်ရက်စက်စက် ၊ကြမ်းကြုတ် စွာ ဖြတ်၍ သတ်ခြင်းသည် ယဇီးဒ်ဒီများ၏ အကျင့် ဟောင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဗိုလ်မှူး ကာစင်မ် စိုလိုင်းမါနီ အနေဖြင့် ဆက်လက်ပြီး ဝဟာဘီ IS အဖွဲ့ အနေဖြင့် ဆီးရီးယား နှင့် အီရတ် နိုင်ငံတို့တွင် မြောက်များစွာသော စွန်နီ မွတ်စလင်မ်များ ရှီအာမွတ်စလင်မ်များ နှင့် အလ္လာဟ်တစ်ပါးတည်းကို လက်ခံသူများ၏ ခေါင်းများကို ဖြတ်ခဲ့ပြီး ဖြစ်ကြောင်း ၊ အကြမ်းဖက်အစွန်းရောက် ဝဟာဘီ IS အဖွဲ့ အနေဖြင့် မိမိတို့၏ လူမဆန်သည့် ရက်စက် ကြမ်းကြုတ်မှု များ ဖြင့် ယဇီးဒ် ဝါဒ ကို တဖန် ရှင်သန်အောင် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ ပါ တယ်။
အီရန်အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ကွဒ်စ် တပ်မ ၏ ဗိုလ်မှူး ကာစင်မ် စိုလိုင်းမါနီ အနေဖြင့် ရှဟီးဒ် မိုအ်စင် ဟွဂ်ျဂျဂ်ျဂျီ ၏ မိဘ နှစ်ပါး ၊ဇနီး နှင့် ၂နှစ်အရွယ် သား တို့ကို ဝမ်းနည်းကြေကွဲ ကြောင်း ပြောကြရင်း ရှဟီးဒ် မိုအ်စင် ဟွဂ်ျဂျဂ်ျဂျီ သည် မိမိ၏ မောင်လာ အေမာမ် ဟိုစိန် (အ.စ) ၏လမ်းပေါ်တွင် လျှောက်လှမ်း ရင်းမိမိ၏ မောင်လာကဲ့သို့ ခေါင်းဖြတ် ခံရ၍ ရှဟီးဒ် ဖြစ်ခဲ့ ကြောင်း ၊အလ္လာဟ်ဟို အရှင်မြတ် သခင်အနေဖြင့် ရှဟီးဒ် အား မိမိ၏ မောင်လာ အေမာမ်ဟိုစိန် (အ.စ) နှင့်အတူ ပြန်လည် ထစေမည် ဖြစ်ကြောင်း ရှဟီးဒ် ၏ မိဘ နှစ်ပါးကို လှပသည့်သည်းခံမှု နှင့် ကောင်းမြတ်သည့်အစား အလ္လာဟ် ဟိုအရှင်မြတ်သခင် ချီးမြှင့်ပေးသနားတော်မူရန် ပြောဆို ၊ဒိုအာ ပြုခဲ့ပါတယ်။

=========================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky