ရန်ကုန်စည်ပင် ဥပဒေသစ်ဖြင့် ပြစ်ဒဏ်ချအရေးယူမှု ၁၀၀ ကျော်ပြီဟုဆို

ရန်ကုန်စည်ပင် ဥပဒေသစ်ဖြင့် ပြစ်ဒဏ်ချအရေးယူမှု ၁၀၀ ကျော်ပြီဟုဆို

ရန်ကုန်မြို့တော်စည်ပင် သာယာရေး ဥပဒေသစ်ဖြင့် ပြစ်ဒဏ်ချ အရေးယူမှု အောက်တို ဘာ ဒုတိယပတ်အထိ ၁၀၀ ကျော်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်မြို့တော်စည်ပင် သာယာရေး ဥပဒေသစ်ဖြင့် ပြစ်ဒဏ်ချ အရေးယူမှု အောက်တို ဘာ ဒုတိယပတ်အထိ ၁၀၀ ကျော်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ  တာဝန်ရှိသူတစ်ဦးက  ပြောကြား သည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးဥပဒေကို အောက်တို ဘာ ၁ ရက်ကစတင် ကျင့်သုံးနေ ကာ ယင်းဥပဒေ၌ စည်းကမ်းချိုး ဖောက်မှုများအတွက် ပြစ်မှုပြစ် ဒဏ်များ တိုးမြှင့်ထားကာ ယခု ရက်ပိုင်းအတွင်း ပြစ်ဒဏ်သစ်များဖြင့် အရေးယူဆောင်ရွက်ခြင်း ဖြစ်သည်။

‘‘စာရင်းတွေ အတိအကျမ ရသေးတဲ့အတွက် အသေးစိတ် တော့ မပြောနိုင်သေးဘူး။ ၁၀၀ ကျော်လောက်တော့ ရှိမယ်’’ ဟု  အထက်ပါတာဝန်ရှိသူက အောက်တိုဘာ ၁၂ ရက်တွင် ပြောသည်။

ဥပဒေသစ် စတင်ကျင့်သုံး နေသော်လည်း သီးခြားစောင့် ကြည့်အရေးယူခြင်း မဆောင်ရွက်နိုင်သေးကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ဆိုသည်။

‘‘ဥပဒေက အသက်ဝင်နေ ပြီဖြစ်တဲ့အတွက် အရေးယူမှုတွေ ရှိရင် ဥပဒေသစ်ပါ ပြစ်ဒဏ်တွေနဲ့တော့ အရေးယူတာတွေတော့ တရားရုံးတွေက လုပ်နေပြီ’’ ဟု ဦးသန်းက ပြောသည်။

ယင်းဥပဒေတွင် အများနှင့် သက်ဆိုင်သည့် လမ်းပေါ်ကွမ်း တံတွေးထွေးခြင်း၊ အမှိုက်စွန့်ပစ်ခြင်းနှင့် လမ်းဘေး၌ခွင့်ပြုချက်မဲ့ ဈေးရောင်းချခြင်းများအတွက် ပြစ်ဒဏ်များ တိုးမြှင့်ထားကာ အချို့ပြစ်မှုများ၌ ထောင်ဒဏ်ပါ ထည့်သွင်းထားသည်။

အဆိုပါ ဥပဒေသစ်ဖြင့် အရေးယူနေခြင်းအပေါ် အသိပညာပေးခြင်းများကို ပူးတွဲဆောင်ရွက် နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြား ထားသည်။ စည်ပင်တရားရုံးခုနစ်ရုံးတွင် ရန်ကုန်မြို့တော် စည်ပင်သာယာဥပဒေသစ်ဖြင့် အရေးယူနေသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky