ပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲဆိုခံထားရသည့် သတင်းထောက်သုံးဦးကို တရားခွင်အတွင်း လက်ထိတ်ဖြုတ်ထားပေးရန် လျှောက်ထားမှု ပယ်ချခံရ တရားရုံး

  • News Code : 847810
  • Source : 7days
Brief


မတရားအသင်းအက် ဥပဒေပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီး တရားစွဲဆိုခံထားရသည့် သတင်း ထောက်များ၏အမှုကို ဩဂုတ် ၁၁ ရက်က သီပေါမြို့နယ် တရား ရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ တရားခွင်အတွင်း လက်ထိတ် ဖြုတ်ထားပေးရန် စွပ်စွဲခံထားရသူများ၏ အကျိုးဆောင်ရှေ့နေများ ၏ လျှောက်ထားမှုအပေါ် တရား သူကြီးက ပယ်ချခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မတရားအသင်းအက် ဥပဒေပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီး တရားစွဲဆိုခံထားရသည့် သတင်း ထောက်များ၏အမှုကို ဩဂုတ် ၁၁ ရက်က သီပေါမြို့နယ် တရား ရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ တရားခွင်အတွင်း လက်ထိတ် ဖြုတ်ထားပေးရန် စွပ်စွဲခံထားရသူများ၏ အကျိုးဆောင်ရှေ့နေများ ၏ လျှောက်ထားမှုအပေါ် တရား သူကြီးက ပယ်ချခဲ့သည်။

ထို့အပြင် သတင်းထောက် သုံးဦးကို အာမခံပေးရန် ဒုတိယ အကြိမ် ထပ်မံလျှောက်ထားခဲ့ပြီး နောက်တစ်ကြိမ် ရုံးချိန်းတွင် အာ မခံပေး၊ မပေး အမိန့်ချမည်ဖြစ် ကြောင်း စွပ်စွဲခံရသူများ၏ ရှေ့ နေများက ပြောသည်။

‘‘တရားခွင်အတွင်းမှာ လက် ထိတ်တွေဖြုတ်ပေးဖို့ဆိုပြီးတော့ ကျွန်မတို့က တရားသူကြီးကို လျှောက်ထားပါတယ်။ သူတို့ တရားခွင်အတွင်း အမှုရင်ဆိုင်နေ စဉ်မှာ သက်သောင့်သက်သာဖြစ် စေဖို့အတွက်ပါ။ တရားရုံးလက်စွဲ အရလည်း တရားခွင်အတွင်းမှာ လက်ထိတ်ဖြုတ်ပေးဖို့ တောင်းဆို ခွင့်ရှိပါတယ်။ အဲဒါကို ခံစားခွင့်ရှိ ပါ တယ်။ ဒါပေမဲ့ လုံခြုံရေးကို အာမမခံနိုင်လို့ဆိုပြီးတော့ လက် ထိတ်တွေ ဖြုတ်ထားပေးဖို့လျှောက်ထားမှုအပေါ် ပယ်ချပါတယ်’’ဟု တရားစွဲဆိုခံထားရ သည့် ဒီဗီဘီသတင်းဌာနမှ အကြီးတန်းသတင်းထောက် ဦးအေးနိုင် နှင့် သတင်းထောက် ဦးပြည့်ဘုန်း အောင်တို့၏ အကျိုးဆောင်တရား လွှတ်တော်ရှေ့နေ ဒေါ်ရွှေမိုးညွန့် က ပြောသည်။

ထို့အပြင် တရားလိုပြသက် သေဖြစ်သည့် တပ်မတော်မှ ဗိုလ် မှူးမြတ်မွန်အောင်သည် ရှေ့တန်း စစ်ဆင်ရေးရှိ၍ဟုဆိုကာ တရား ရုံးသို့ လာရောက်ခြင်းမရှိ၍ ရှာဖွေ သက်သေတစ်ဦးကိုသာ စစ်ဆေး နိုင်ခဲ့သည်ဟု စွပ်စွဲခံရသူတို့၏ ရှေ့နေများက ပြောသည်။ အဆို ပါအမှုအတွက် တရားလိုပြသက် သေကိုးဦး တင်သွင်းထားပြီး ယခု ကဲ့သို့ သတ်မှတ်ချိန်းဆိုသည့်ရက် တွင် သက်သေလာရောက် ထွက်ဆိုခြင်းမရှိပါက အမှုစစ်ဆေးရာ၌ ကြန့်ကြာမှုများရှိနိုင်ပြီး စွပ်စွဲခံရ သူများအတွက် နစ်နာကြောင်း အကျိုးဆောင်ရှေ့နေများက ပြောသည်။

သတင်းထောက်သုံးဦးကို ရုံးထုတ်စစ်ဆေးပြီးချိန်တွင် သီ ပေါမြို့နယ် တရားရုံးရှေ့သို့ ရောက်ရှိနေသည့် မန္တလေးခရိုင် ဗကသ (ကျောင်းသားသမဂ္ဂ)အ ဖွဲ့ဝင်အချို့နှင့် နိုင်ငံရေးအကျဉ်း သားဟောင်းအချို့က လက်ထိတ် များဖြုတ်ပေးရန်၊ မီဒီယာဖိနှိပ်မှု ရပ်တန့်ရန် အော်ဟစ်တောင်းဆိုခဲ့ ကြောင်း အဆိုပါရုံးထုတ်၌သို့ သွား ရောက်သတင်းယူခဲ့သည့် သတင်းသမားများက ပြောသည်။

အဆိုပါအမှုကို  လာမည့် ဩဂုတ် ၁၈ ရက်တွင် ထပ်မံရုံး ချိန်းစစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

=====================
251/ End



လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky