NCA လက်မှတ်ရေးထိုးပြီးပါက မွန်နှင့် လားဟူဒေသ ဖွံ့ဖြိုးရေး ဂျပန်ကူညီမည်

NCA လက်မှတ်ရေးထိုးပြီးပါက မွန်နှင့် လားဟူဒေသ ဖွံ့ဖြိုးရေး ဂျပန်ကူညီမည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ် ရေးထိုးပြီးပါက မွန်နှင့် လားဟူအဖွဲ့နှစ်ဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ဂျပန်အစိုးရက ကူညီပေးမည်ဟု နိပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာယိုဟဲအိဆာဆာကာဝါက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ် ရေးထိုးပြီးပါက မွန်နှင့် လားဟူအဖွဲ့နှစ်ဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ဂျပန်အစိုးရက ကူညီပေးမည်ဟု နိပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာယိုဟဲအိဆာဆာကာဝါက ပြောသည်။

‘‘ဒီနောက်ပိုင်းမှာလည်း NCA လက်မှတ်မထိုးရသေးတဲ့ EAO အဖွဲ့တွေလည်း တတ်နိုင်သ မျှ စောစောလက်မှတ်ထိုးဖြစ်ပြီး တော့ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဖြစ်မြောက် ဖို့အတွက် မျှော်လင့်ပါတယ်’’ဟု မစ္စတာယိုဟဲအိဆာဆာကာဝါက ဆိုသည်။

ဖေဖော်ဝါရီ ၁၂ ရက်က နေပြည်တော်ရှိ Kempinski Hotel ၌ NCA စာချုပ်တွင် လက်မှတ်ရေးထိုးမည့် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ၊ လားဟူအဖွဲ့ဥက္ကဋ္ဌနှင့် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌတို့သုံးဦးက အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များကို မီဒီယာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အဆိုပါပွဲ၌ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌက ပြောကြားသည်။

‘‘အခုလို လက်မှတ်ရေးထိုး ဖြစ်တဲ့အတွက်လည်း နိပွန်ဖောင် ဒေးရှင်းအနေနဲ့ ကြိုဆိုပြီးတော့ စိတ်ပါလက်ပါဝမ်းသာကြောင်း ပြောလိုပါတယ်’’ဟု မစ္စတာယိုဟဲ အိဆာဆာကာဝါက ပြောသည်။

နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌက ယခုလို ကူညီပေးရေးကြိုးပမ်းမည့် ကိစ္စအပေါ် ဝမ်းသာကြောင်းနှင့် ကြိုဆိုလက်ခံကြောင်း မွန်ပြည် သစ်ပါတီဥက္ကဋ္ဌ (NMSP) နိုင်ထောမွန်က ဆိုသည်။

‘‘ကျွန်တော်တို့လားဟူဒေသ မှာလည်း အများကြီးဖွံ့ဖြိုးတိုး တက်ဖို့အတွက် တော်တော်လေး လိုလားပါတယ်’’ဟု လားဟူအဖွဲ့ ဥက္ကဋ္ဌ ကြာခွန်ဆာက ပြောသည်။

နိပွန်ဖောင်ဒေးရှင်း အနေ ဖြင့် ၂၀၁၅ က NCA လက်မှတ် ရေးထိုးထားသော အဖွဲ့များကို လည်း လက်ရှိတွင် ကူညီနေပြီး KNU နယ်မြေ ဖွံ့ဖြိုးမှုအတွက် ကန်ဒေါ်လာသန်း ၄၀ ကျော် ကူညီထားသည်ဟု မစ္စတာ ယိုဟဲအိဆာဆာကာဝါက ဆိုသည်။

‘‘နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမြဲတမ်း ပြောနေတဲ့ အပစ်အ ခတ်ရပ်စဲရေးအကောင်အထည် ဖော်တဲ့နေရာမှာ ငြိမ်းချမ်းရေးဖွံ့ ဖြိုးတိုးတက်မှုဆိုတာ အဲဒီဒေသ မှာ ရရှိဖို့ အင်မတန် အရေးကြီး တယ်လို့ နားလည်ထားပါတယ်’’ ဟု မစ္စတာယိုဟဲအိဆာဆာကာဝါက ဥပမာပေးခဲ့သည်။

ထို့အပြင် ၎င်းတို့ဖောင်ဒေး ရှင်းအနေဖြင့် အပစ်အခတ်ရပ်စဲ ရေး လက်မှတ်မထိုးရသေးသည့် အဖွဲ့များနှင့် အစိုးရတို့ကြား ယုံ ကြည်မှုမြှင့်တင်နိုင်ရေး လိုအပ် သည့်ကိစ္စရပ်များ ကူညီဆောင် ရွက်ပေးရန် ဆန္ဒရှိကြောင်း ထည့် သွင်းပြောကြားသည်။

လက်ရှိတွင် NCA မရေးထိုး ရသေးသည့် အဖွဲ့များအနက် မြောက်ပိုင်းအဖွဲ့များကို တရုတ် နိုင်ငံက ကြားဝင်ညှိနှိုင်းမှုများ ဆောင်ရွက်နေသည်။

========================
251 / End



လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky