စစ်ပွဲများရပ်တန့်ရန် တောင်းဆိုသူများအား ရဲတပ်ဖွဲ့ ဖြိုခွင်းဖမ်းဆီး စစ်ပွဲများရပ်ရန်ဆန္ဒပြပွဲ တန်ပြန်ဆန္ဒပြမှုနှင့်ပါ ရင်ဆိုင်ရ

စစ်ပွဲများရပ်တန့်ရန် တောင်းဆိုသူများအား ရဲတပ်ဖွဲ့ ဖြိုခွင်းဖမ်းဆီး စစ်ပွဲများရပ်ရန်ဆန္ဒပြပွဲ တန်ပြန်ဆန္ဒပြမှုနှင့်ပါ ရင်ဆိုင်ရ

စစ်ပွဲများ ရပ်တန့်ရန် ဆန္ဒပြတောင်းဆိုသူများကို ရဲတပ် ဖွဲ့က ဖြိုခွင်းဖမ်းဆီးပြီး ဆန္ဒပြ နေရာစတင်သော တာမွေအဝိုင်း ထိပ်တွင် တစ်နာရီကြာ ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


စစ်ပွဲများ ရပ်တန့်ရန် ဆန္ဒပြတောင်းဆိုသူများကို ရဲတပ် ဖွဲ့က ဖြိုခွင်းဖမ်းဆီးပြီး ဆန္ဒပြ နေရာစတင်သော တာမွေအဝိုင်း ထိပ်တွင် တစ်နာရီကြာ ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့သည်။

စစ်ပွဲများရပ်တန့်ရန် ဦး ဆောင်ဆန္ဒပြတောင်းဆိုသူ အမျိုးသားငါးဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း ခုနစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ငြိမ်းချမ်းရေးလှုပ်ရှားသူများ က မြန်မာနိုင်ငံအတွင်း ဖြစ်ပွား နေသော စစ်ပွဲများရပ်တန့်ရေးနှင့် စစ်ဘေးသင့်ပြည်သူများအား လွတ်လပ်စွာ ကူညီထောက်ပံ့ခွင့် ရရှိရေးအတွက် ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှု ချီတက်လမ်း လျှောက်ဆန္ဒပြပွဲကို တာမွေအ ဝိုင်းထိပ်ရှိ Ocean စင်တာရှေ့မှ စတင်ကာ မဟာဗန္ဓုလပန်းခြံအထိ ပြုလုပ်ရန် စီစဉ်ခြင်းဖြစ်သည်။

စစ်ပွဲများရပ်တန့်ရန် ဆန္ဒပြ တောင်းဆိုသူများ ကြေညာထား သည့် ညနေ ၅ နာရီ မရောက် မီ တစ်နာရီအလိုကတည်းက ၎င်း တို့ကို တန်ပြန်ဆန္ဒပြရန် အမျိုး သားရေး လှုပ်ရှားသူများအပါအ ဝင် အမည်မသိလူပုဂ္ဂိုလ်အင်အား ၅၀ ခန့်နှင့် ဆန္ဒပြသူများကို တား ဆီးရန် ရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်က တာမွေအဝိုင်းထိပ်တွင် စောင့်ဆိုင်းနေသည်ကို တွေ့ရ သည်။

ညနေ ၅ နာရီတွင် အမည်မ သိ လူပုဂ္ဂိုလ်များအနက် ငါးဦး ခန့်က ‘‘မူဆယ်ကို ဝင်တွယ်တာ အရပ်ဘက်ပစ်မှတ်ကို တိုက်တာ လား၊ စစ်ဘက်ပစ်မှတ်ကို တိုက် တာလား၊ စစ်ပွဲတွေရပ်ဆိုတဲ့ ခင်ဗျားတို့ဖြေပါဦး’’ ဟု စာသား များပါသော ကတ်ထူပြားကိုင် ဆောင်ပြီး တန်ပြန်ဆန္ဒပြမှု ပြု လုပ်ခဲ့သည်။

ထို့နောက် ရဲအင်အား ၇၀ ခန့်က Ocean စင်တာရှေ့ ဗညား ဒလလမ်းတစ်လျှောက် အင်အား အများအပြား ချထားခဲ့သည်။ ထို ရဲတပ်ဖွဲ့ဝင်များ၏ နောက်တွင် လူစုဖြိုခွင်းသည့် ကားနှစ်စီးလိုက် ပါလာသည်။

၅ နာရီ ၁၅ မိနစ်တွင် စစ်ပွဲ များ ရပ်တန့်ရန် ဆန္ဒပြတောင်းဆို သူ ၅၀ ခန့်က Ocean စင်တာ ဘေး၌ စတင်စုဝေးမှု ပြုလုပ်ခဲ့ သည်။ ချက်ချင်းဆိုသလို ရဲတပ်ဖွဲ့ ကလည်း ဆန္ဒပြသူများကို ပိတ်ဆို့ ခဲ့သည်။

ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ မိနစ် ၂၀ ကျော်ကြာ ထိပ်တိုက်တွေ့ခဲ့ပြီး ထိုအချိန်တွင် ဆန္ဒပြသူများကို အမျိုးသားရေး လှုပ်ရှားသူများနှင့် လာရောက်ကြည့်ရှုသော လူအချို့က အော်ဟစ်ဆဲဆိုခဲ့သည်။ ‘‘ဒီမှာလာမပြနဲ့ မူဆယ်မှာသွားပြ၊ လမ်းပိတ်တယ်။ ဒီကောင်တွေ ခုချက်ချင်းဖမ်း’’ ဟု အော်ဟစ်မှုများ အပါအဝင် ဆဲဆိုမှုများပြုလုပ်ခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များ က လာရောက်ကြည့်ရှုသူများနှင့် သတင်းထောက်များကို အပြင်သို့ ထွက်သွားပေးရန် ပြောကြားပြီး ဆန္ဒပြသူများကိုလည်း လူစုခွဲရန် ပြောသည်။

ဆန္ဒပြသူများက ရှေ့ဆက် တိုးမရ၍ လူစုခွဲနေချိန်တွင် အမည်မသိလူပုဂ္ဂိုလ်များက ဆန္ဒပြသူ များကို ဝင်ရောက်ရိုက်နှက်မှုများ စတင်ပြုလုပ်လာသည်။ ထိုအချိန် တွင် ရဲတပ်ဖွဲ့ကလည်း ဦးဆောင် ဆန္ဒပြသူများကို ရိုက်နှက်ဖမ်းဆီး ခဲ့သည်။

ရဲတပ်ဖွဲ့က ဆန္ဒပြသူများ ကို ဖမ်းဆီး၍ ခေါ်ဆောင်လာချိန် တွင် အမည်မသိလူအုပ်စုက ဝင် ရောက်ထိုးကြိတ်ခဲ့သည်။

‘‘အရမ်းဆိုးရွားတယ်။ ကျွန် တော်တို့က လူစုခွဲပြီး ပြန်ဖို့လုပ် နေပြီ။ အဲဒါကို အကြမ်းဖက်ရိုက် တယ်’’ ဟု ယမန်နေ့က ဖမ်းဆီးခံ ရမှုတွင် ပါဝင်သော စစ်ပွဲများရပ် တန့်ရေး ဆန္ဒပြတောင်းဆိုသူ ကို တင်ထွဋ်ပိုင်ကပြောသည်။

သို့သော် ဆန္ဒပြသူများအား တန်ပြန်ဆန္ဒပြသူများနှင့် ဆန္ဒပြ သူများကို ထိုးကြိတ်သူများသည် ၎င်းတို့အဖွဲ့မှ မဟုတ်ကြောင်း ယမန်နေ့က ဆန္ဒပြရာ နေရာသို့ လာရောက်ကြည့်ရှုသော အမျိုး သားရေး လှုပ်ရှားသူဦးတင့်လွင် က ပြောသည်။

ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ဝင်များကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားချိန်တွင် ရဲတပ်ဖွဲ့ဝင်အချို့ က သတင်းထောက်များကိုလည်း ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် သတင်းထောက်များ နှင့် ရဲတပ်ဖွဲ့ဝင်များကြား ရုန်းရင်း ဆန်ခတ်ထပ်မံဖြစ်ပွားခဲ့သည်။

ဆန္ဒပြသူများကို ဖြိုခွင်းရာ တွင် ကွပ်ကဲသော အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးသိန်းလွင် က သတင်းထောက်များကို ဖမ်း ဆီးခြင်းမရှိကြောင်း၊ အကယ်၍ ဖမ်းဆီးမှုတွင် ပါဝင်ပါက ချက်ချင်း ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ပြောဆိုသည်။ ထို့နောက်သတင်းထောက်များကိုလည်း လူစုခွဲရန် ရဲတပ်ဖွဲ့က ပြောဆိုသည်။

ယမန်နေ့တွင် ရုန်းရင်းဆန် ခတ်ဖြစ်ပွားမှုကြောင့် တာမွေအ ဝိုင်းထိပ်၌ ယာဉ်ကြောပိတ်ဆို့မှု အချိန်တစ်နာရီကြာခဲ့ပြီး ဗညား ဒလလမ်းကိုလည်း တစ်နာရီကြာ ပိတ်ထားခဲ့ရသည်။

ငြိမ်းချမ်းရေးတောင်းဆိုခြင်း နှင့် စစ်ပွဲရပ်ရေးတောင်းဆိုခြင်း သည် လက်နက်ကိုင်အဖွဲ့များကို ရည်ရွယ်ပြီး ထောက်ခံခြင်းမဟုတ် ကြောင်း ငြိမ်းချမ်းရေးဆန္ဒပြသူ များက ပြောသည်။

ကချင်ဒေသတွင်ဖြစ်ပွားနေ သော စစ်ပွဲများကြောင့် ပိတ်မိနေသူများ ဘေးကင်းလုံခြုံရာသို့ လွတ်မြောက်ရေးဆောင်ရွက်ပေး ရန်နှင့်စစ်ပွဲများ ရပ်တန့်ရန် မေလ ၂ ရက်ကလည်း ရန်ကုန်မြို့၌ ဆန္ဒထုတ်ဖော်ခဲ့သည်။

လမ်းလျှောက်ပွဲပြုလုပ်ရန် သက်ဆိုင်ရာမြို့နယ် ခြောက်မြို့ နယ်ကို အသိပေးအကြာင်းကြား သော်လည်း ရဲစခန်းများက ခွင့်မ ပြုကြောင်း အသိပေးစာပြန်လည် ပေးပို့ထားသည်ဟု လှုပ်ရှားမှုတွင် ပါဝင်သူတစ်ဦးက ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မည့် လမ်းကြောင်းသည် အများပြည် သူ ခရီးသွားလာမှု အနှောင့်အ ယှက်အဟန့်အတား ဖြစ်စေခြင်း၊ စိတ်ငြိုငြင်စေခြင်း၊ အန္တရာယ်ဖြစ် စေခြင်းနှင့် စိုးရိမ်ထိတ်လန့်စေ ခြင်းတို့ ဖြစ်ပေါ်စေနိုင်သည့် အပြင် ယာဉ်အသွားအလာများပြားခြင်း၊ ယာဉ်ကြော ရှုပ်ထွေးခြင်းတို့ ကြောင့် ခွင့်မပြုနိုင်ကြောင်း ပြန် လည်အသိပေးသည့် ရဲမှတ်တမ်း တွင် ဖော်ပြထားသည်။

ငြိမ်းချမ်းရေးလူထုလှုပ်ရှား မှုကို အကြမ်းဖက်ဖြိုခွင်းခြင်းနှင့် အင်အားသုံး ဖမ်းဆီးခြင်းအပေါ် ငြိမ်းချမ်းရေးလူထု လှုပ်ရှားမှု ကော်မတီက ယမန်နေ့တွင် တောင်းဆိုချက် သုံးချက်ထုတ်ပြန်သည်။

လက်ရှိဖမ်းဆီးထားသောသူ များအား ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်၊ ဖမ်းဆီးရာတွင် အမျိုးသားရေးလှုပ်ရှားသူများက အဓိကပါဝင်ခဲ့ပြီး ငြိမ်းချမ်းစွာလူ စုခွဲနေသူများကို ကိုယ်ထိလက် ရောက်ရိုက်နှက်ခဲ့ခြင်းအပေါ် စုံ စမ်းဖော်ထုတ် အရေးယူပေးရန် နှင့် ငြိမ်းချမ်းစွာ လူစုခွဲနေသည့် ပြည်သူများကို ဥပဒေမဲ့အကြမ်း ဖက်ရိုက်နှက်ဖမ်းဆီးရန် ခိုင်းစေ  သည့် အဓိက တာဝန်ရှိသူအား အစိုးရက ဖော်ထုတ်အရေးယူပေး ရန် တောင်းဆိုထားသည်။

========================
251 / End
 


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
We are All Zakzaky