ဗဟိုကာကွယ်ဆေးထိုးလုပ်ငန်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ကျော်မိုးနှင့်တွေ့ဆုံခြင်း ‘‘ကာကွယ်ဆေးလာမထိုးတဲ့သူတွေက တစ်ရက်လုပ်တ

  • News Code : 853992
  • Source : 7days
Brief


လက်ရှိတွင် နယ်မြေမငြိမ်သက်မှု များ ဖြစ်ပွားနေသည့် ရခိုင်ပြည် နယ်ကဲ့သို့ နေရာမျိုး၌ ကာကွယ် ဆေးလွှမ်းခြုံနိုင်မှုသည် စိုးရိမ်ရ မည့် အချက်တစ်ချက်ဖြစ်သည်။ ယခင်ကတည်းကပင် ရခိုင်အပါ အဝင် ရှမ်း၊ ကချင်၊ ‘ဝ’၊ ကိုးကန့် အစရှိသည့် နေရာများ၌ ကာကွယ် ဆေးလွှမ်းခြုံမှု အားနည်းခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လက်ရှိတွင် နယ်မြေမငြိမ်သက်မှု များ ဖြစ်ပွားနေသည့် ရခိုင်ပြည် နယ်ကဲ့သို့ နေရာမျိုး၌ ကာကွယ် ဆေးလွှမ်းခြုံနိုင်မှုသည် စိုးရိမ်ရ မည့် အချက်တစ်ချက်ဖြစ်သည်။ ယခင်ကတည်းကပင် ရခိုင်အပါ အဝင် ရှမ်း၊ ကချင်၊ ‘ဝ’၊ ကိုးကန့် အစရှိသည့် နေရာများ၌ ကာကွယ် ဆေးလွှမ်းခြုံမှု အားနည်းခဲ့သည်။ ထို့အပြင် တစ်ရက်လုပ်တစ်ရက် စား မိဘအချို့ကြောင့် ကာကွယ် ဆေး အပြည့်အဝမရရှိသည့် ကလေးများလည်း ရှိနေသေး သည်။ ထိုသို့ ကာကွယ်ဆေး လွှမ်းခြုံမှု အားနည်းခြင်းသည် ကူးစက်ရောဂါများကို  ခေါင်းပြန် ထောင်လာစေနိုင်၍ အဆိုပါဒေသ များတွင် ကာကွယ်ဆေးနှင့်ပတ် သက်၍ မည်သို့ဆောင်ရွက်နေ သည်ကို ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန ဗဟိုကာကွယ် ဆေးထိုးလုပ်ငန်း လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ အောင်ကျော်မိုးနှင့် မေးမြန်းထားမှု များကို ဖော်ပြလိုက်ပါသည်။

ရခိုင်ဒေသလို လက်ရှိအကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားနေတဲ့နေရာ တွေအပြင် လက်နက်ကိုင်ဒေသ တွေမှာ ကာကွယ်ဆေးကို ဘယ် လိုပုံစံနဲ့ ထိုးပေးနေပါလဲ။

တိုက်ပွဲဖြစ်နေတဲ့ ကာလအတွင်းမှာတော့ သွားပြီးကာကွယ် ဆေးထိုးပေးတာတွေ မရှိဘူး။ လက်နက်ကိုင်တွေရှိတဲ့နေရာတွေ ဆိုရင်တော့ ဘယ်နေ့မှာတော့ လာထိုးချင်ပါတယ်ဆိုပြီးတော့ အရင် ညှိလိုက်တယ်။ ပြီးမှ သွားထိုးနှံ ပေးတယ်။ လက်နက်ကိုင်ရှိတဲ့ ဒေသမဟုတ်ဘဲ တခြားနေရာဆိုရင်တော့ ပုံမှန်သားဖွားဆရာမ တစ်ဦးနဲ့ ကျန်းမာကြီးကြပ်တစ်ဦးပဲ သွားတယ်။ အဲဒီလိုမျိုး လုံခြုံမှုမရှိတဲ့နေရာဆိုရင်တော့ အဖွဲ့ လိုက်သွားတာရှိတယ်။  ရခိုင်လို လုံခြုံရေးသိပ်မရှိတဲ့ နေရာဆိုရင် တော့ အဖွဲ့လိုက်သွားပြီးတော့ ထိုးပေးတယ်။ ကျန်းမာရေးဝန်ထမ်း ငါးဦး၊ ခြောက်ဦးနဲ့ လုံခြုံရေးအတွက် ရဲတွေကို ထည့်ပေးလိုက်တာတွေရှိတယ်။ အစီအစဉ်အမျိုး မျိုးရှိတာပေါ့။ တချို့နေရာမှာဆိုရင် ကျန်းမာရေးဝန်ထမ်းတွေ မသွားနိုင်တဲ့နေရာဆိုရင် ဒေသခံ တွေကို ကျန်းမာရေးသင်တန်းတွေ ပေးလိုက်တာလည်းရှိတယ်။ ပြီး တော့ ပြည်တွင်း၊ ပြည်ပအဖွဲ့အ စည်းတွေနဲ့ ပေါင်းပြီးတော့လုပ် တယ်။ ဒါတွေက နယ်မြေပေါ် မူတည်ပြီးတော့ ထိုးနေတယ်။ တချို့နေရာမှာတော့ တစ်လခြားထိုးတာရှိတယ်။ လစဉ်ထိုးတာရှိတယ်။ သုံးလတစ်ကြိမ် ထိုးနေတာ တွေလည်းရှိတယ်။

လက်နက်ကိုင်ဒေသတွေကျ တော့ အခုဆိုရင် ကရင်ရှိမယ်။ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မယ်။ ကိုးကန့်ရှိမယ်။ ကချင်ရှိ မယ်။ အဲဒီနေရာတွေဆိုရင်တော့ ကိုယ့်ကျန်းမာရေးဝန်ထမ်းဖြစ်တဲ့ သားဖွားဆရာမတွေကို ထိုးနှံခိုင်း တယ်။ ဝင်လို့မရတဲ့နေရာတွေဆို ရင်တော့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ကို ကာကွယ်ဆေးထိုးတဲ့ သင်တန်းပေးပြီးတော့ ထိုးနှံပေး တယ်။ တချို့နေရာတွေမှာတော့ လိုအပ်တဲ့ကုန်ကျစရိတ်ကိုပါ ပေး လိုက်တာရှိပါတယ်။ ‘ဝ’ဒေသတို့ ၊ကချင်ဘက်တွေမှာ ပြင်ပအဖွဲ့အ စည်းနဲ့ ပူးပေါင်းပြီးတော့ ကာကွယ်ဆေးပေးပြီး ထိုးနှံခိုင်းတာရှိတယ်။ ဒါကြောင့် လက်နက်ကိုင်တွေထိန်း ချုပ်တဲ့နေရာ တချို့မှာတော့ ကာ ကွယ်ဆေးတွေ ထိုးနှံနိုင်နေပါပြီ။ မထိုးနှံနိုင်တဲ့နေရာက အတော်ကို နည်းပါတယ်။

ကချင်ဘက်မှာဆိုရင် စစ် ဘေးရှောင်စခန်းတွေမှာလည်း ထိုးနှံနေပါတယ်။ ကချင်တို့၊ ရှမ်းတို့ ဘက်မှာ လူဦးရေပေါ်မူတည်ပြီး တော့ များရင် တစ်လတစ်ခါထိုး ပေးပြီးတော့ လူဦးရေနည်းရင် တော့ နှစ်လတစ်ခါလောက် ထိုးနှံ ပေးပါတယ်။ အရမ်းကို ခက်ခဲတဲ့ နေရာတွေဖြစ်မှသာ တစ်နှစ်ကို သုံးကြိမ်ထိုးပေးတာပါ။ နှစ်ဖက် ရင်ဆိုင်ပြီး တိုက်ပွဲတွေဖြစ်နေတဲ့ အချိန်တွေကလွဲရင် ကျန်တဲ့အချိန် ကာလမှာတော့ သူတို့အဖွဲ့တွေနဲ့ ညှိနှိုင်းပြီးတော့ ထိုးနှံပေးနေပါ တယ်။ အဲဒီအချိန်အတွင်းမှာ ဆေး ထိုးတာနောက်ကျသွားပေမယ့် လည်း ဘာမှမဖြစ်နိုင်ပါဘူး။ ကလေးတွေမှာ သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ မထိုးနှံနိုင်ခဲ့ရင် နည်းနည်းတော့ ဆိုးကျိုးရှိပေမယ့် နောက်ကျပေမယ့် သတ်မှတ်ထား တဲ့ အကြိမ်ရေပြည့်အောင်ရဖို့လို တယ်။ ငါးမျိုးစပ်ကာကွယ်ဆေးဆို ရင် သုံးကြိမ်၊ ဝက်သက်ကာကွယ် ဆေးဆိုရင် နှစ်ကြိမ်။ အဲဒီလိုမျိုးနဲ့ တစ်နှစ်မှာ သုံးကြိမ်ပြည့်အောင် ထိုးနှံနိုင်မယ်ဆိုရင်တော့ လိုအပ် တဲ့ကာကွယ်ဆေးအပြည့်အဝရ မှာပါ။

လက်ရှိမှာ ဘယ်နေရာတွေက လွှမ်းခြုံမှုအားနည်းနေလဲ၊ အဲဒီနေ ရာတွေအတွက် ဘယ်လိုပြင်ဆင် ဆောင်ရွက်ထားပါသလဲ။

ကာကွယ်ဆေးလွတ်နေတဲ့ နေရာတွေက ရှမ်းမြောက်၊ ရှမ်း တောင်၊ ရှမ်းအရှေ့ရှိမယ်။ ကချင် ပြည်နယ်ရှိမယ်။ ရခိုင်ရှိမယ်။ အဲဒီ ဘက်က တိုင်းရင်းသားလက်နက် ကိုင်တွေ အုပ်ချုပ်ထားတဲ့နေရာ ဖြစ်ပြီး တချို့နေရာတွေကတော့ သွားရေးလာရေး ခက်ခဲတယ်။ ဆက်သွယ်ရေးခက်ခဲတယ်။ အဲဒီ နေရာတွေကိုတော့ ပွင့်လင်းရာသီ တွေဖြစ်တဲ့ ဆောင်းရာသီနဲ့ နွေ ရာသီမှာ သုံးလဆက်တိုက်သွား ပြီး ကာကွယ်ဆေးထိုးတာတွေရှိ တယ်။ တချို့တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေရှိတဲ့ ဝင်လို့မရ တဲ့နေရာတွေမှာ ကျန်းမာရေးအဖွဲ့ ဝင်တွေရှိတယ်။ ပြင်ပအဖွဲ့အ စည်းတွေနဲ့ ညှိပြီးတော့ ရောက် အောင်သွားပြီးတော့ ထိုးနေတယ်။နောက်ပြီးတော့ မြို့ကြီးတွေမှာ  နည်းနေတယ်။ ဥပမာ- လှိုင်သာ ယာလို ရွှေ့ပြောင်းလုပ်သား အ ရမ်းများတဲ့နေရာတွေမှာ မိုးလင်း က မိုးချုပ်အလုပ်သွားနေကြတဲ့ အတွက် ကျွန်တော်တို့ ဆေးထိုး ပေးတဲ့အချိန်တွေမှာမရှိဘူး။ သူ တို့တွေအနေနဲ့ ယာယီလာရောက် ခိုလှုံတာဖြစ်တဲ့အတွက် ဆေးကို ဘယ်နေရာမှာ ထိုးရလဲဆိုတာကို မသိဘူး။ အရင်တုန်းကတော့ ကာ ကွယ်ဆေးကို လတစ်လရဲ့ ပထမ တစ်ပတ်အတွင်းမှာ ထိုးနှံတာများ တယ်။ နောက်ပိုင်းမှာ အဲဒီလို လူ မျိုးတွေ ထိုးနှံနိုင်အောင် မေလက နေစပြီးတော့ ခုတင် ၁၀၀ ဆံ့နဲ့ အထက် ဆေးရုံတွေမှာ ကာကွယ် ဆေးထိုးနှံနိုင်ဖို့ ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးလုပ်ငန်းဆိုပြီး တော့ အနည်းဆုံးတစ်ပတ်တစ်ခါ ပဲဖြစ်ဖြစ်၊ နေ့တိုင်းဖြစ်ဖြစ် လူဦး ရေပေါ်မူတည်ပြီးတော့ ဆေးထိုး နေတယ်။ အဲဒီအတွက် ရွှေ့ပြောင်းလုပ်သားတွေဘက်ကလည်း ကာ ကွယ်ဆေးထိုးဖို့ ပိုပြီးတော့ အဆင်ပြေလာတာပေါ့။ နောက်ပြီး ကာ ကွယ်ဆေးနဲ့ပတ်သက်ပြီး လူထု သိရှိအောင် အငြိမ့်အခွေထုတ်ဖို့ လုပ်နေတယ်။ ပညာပေးစာစောင် တွေလည်း ထုတ်ပြီးတော့ တချို့ နေရာတွေမှာ ကာကွယ်ဆေးထိုး တဲ့ဝန်ထမ်းတွေကို တိုးချဲ့နေ တယ်။ နည်းအမျိုးမျိုးနဲ့တော့ ဆောင်ရွက်နေပါတယ်။ ကာကွယ်ဆေးမရဘဲ သေဆုံးနှုန်းကျတော့ အဲဒီလိုမျိုးတော့ အတိအကျမရှိ ဘူး။ ကာကွယ်ဆေးက မရပေမယ့် ဒီရောဂါကြောင့် သေတာမဟုတ်ဘဲ နောက်ဆက်တွဲရောဂါကြောင့် သေဆုံးတာတွေရှိတယ်။ အခုဖြစ် အခုသေတာမဟုတ်ဘူး။ ဖြစ်ပွား တာတွေတော့ရှိတယ်။ သေတာ တွေတော့မရှိတော့ဘူး။ နာဂမှာတော့ ကာကွယ်ဆေးမရခဲ့လို့ ဝက်သက်ရောဂါဖြစ်ပြီးတော့ ၂၅ ယောက်လောက် မနှစ်က သေဆုံး ခဲ့တယ်။ နောက်ပိုင်းမှာတော့ ဖြစ် ပွားမှုတော့ရှိနေတယ်။ သေတယ်ဆိုတဲ့ သတင်းတော့မကြားမိတော့ဘူး။

ရွှေ့ပြောင်းတွေက ကာကွယ်ဆေး ထိုးချင်ပေမယ့် သန်းခေါင်စာရင်း နဲ့ လာထိုးလို့မရဘူးလို့ကြားတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ရှင်းပြ ပေးပါ။

အဲဒီလိုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီမှာ ကာကွယ်ဆေးထိုးမယ့်သူတွေအနေနဲ့ ဘာအ ထောက်အထားမှ ပြစရာမလိုပါ ဘူး။ ဒါပေမဲ့ အဓိကကတော့ (၁) နှစ်အောက်တွေပဲ ထိုးပေးတာများ တယ်။ (၂)နှစ်ကျော်သွားရင်တော့ ထိုးပေးဖို့ အဆင်မပြေဘူး။ ဘာလို့လဲဆိုတော့ ဆေးတွေကျတော့ နှစ်စဉ် မွေးဖွားလာတဲ့ကလေးတွေ၊ မိခင်တွေကိုပဲ တွက်ချက်ပြီးတော့ မှာယူတာဖြစ်လို့ပါ။ အသက် (၅) နှစ်ကျော်တွေအတွက်တော့ ထိုး ပေးတာတွေ မရှိပါဘူး။ ပုံမှန် တော့ အသက် (၁)နှစ်အောက် တွေမှာတော့ အထောက်အထား မလိုပါဘူး။

မြန်မာနိုင်ငံမှာ ကာကွယ်ဆေးကို ဘယ်အချိန်လောက်ကစထိုးပေး ပြီး ဘယ်နှမျိုးလောက် ထိုးပေးနေလဲ။

ကာကွယ်ဆေးကို ၁၉၇၈ က စပြီးတော့ ကာကွယ်ဆေးတွေ ထိုးနှံပေးတယ်။ အဲဒီအချိန်က ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင် ရောဂါလေးမျိုးစပ်ကာကွယ်ဆေးကို ထိုးပေးတယ်။ ၁၉၈၆ နောက် ပိုင်းမှာတော့ ပိုလီယို၊ ဝက်သက် ကာကွယ်ဆေးကို တိုးချဲ့ပြီးထိုး ပေးတယ်။ အဲဒီလိုထိုးပေးရာက နေ အခု ၂၀၁၇ အထိဆိုရင် ကာကွယ်ဆေး ၁၀ မျိုးကို ထိုးနှံပေးနေ ပါတယ်။ ၂၀၁၈ ဇန်နဝါရီကစပြီး တော့ ကိုးလပြည့်တဲ့ကလေးတွေ ကို ပုံမှန်ကာကွယ်ဆေးထိုးအစီအ စဉ်ထဲမှာ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကို ထည့်သွင်းထိုးနှံ ပေးသွားမယ်။ အဲဒါဆိုရင် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်မှာ ကာကွယ်ဆေး ၁၁ မျိုးဖြစ်သွားပါ မယ်။

ကာကွယ်ဆေးထိုးသက်တမ်းက အခုဆိုရင် နှစ် ၄၀ လောက်ရှိနေ ပြီဆိုတော့ ကာကွယ်ဆေးလွှမ်းခြုံ နိုင်မှုကကော ဘယ်လိုရှိပါသလဲ။

ကာကွယ်ဆေးလွှမ်းခြုံနိုင်မှုက နယ်မြေအလိုက် လွှမ်းခြုံနိုင်မှုရယ်၊ လူဦးရေအလိုက် လွှမ်းခြုံနိုင်မှုရယ်ဆိုတာရှိတယ်။ လူဦးရေ အရဆိုတာက မြို့နယ် ၃၃၀ လုံးကို လွှမ်းခြုံတာကို ပြောတာပေါ့။ မွေးခါစကလေးတွေကို ထိုးပေးတဲ့ ဘီစီဂျီကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မနှစ်က ၉၅ ရာခိုင် နှုန်း လွှမ်းခြုံနိုင်တယ်။ ဝက်သက် ကတော့ ၉၁ ရာခိုင်နှုန်းလောက် လွှမ်းခြုံနိုင်တယ်။ လွှမ်းခြုံမှုနည်း ပါးတဲ့နေရာတွေမှာတော့ အခုကျွန်တော်တို့ဆီမှာ ထိုးနေတဲ့နေရာ တွေက ၈၅ ရာခိုင်နှုန်း လွှမ်းခြုံနိုင်ရင် မဆိုးဘူးလို့ သတ်မှတ်ထားတယ်။ ၈၅ ရာခိုင်နှုန်းအောက်နည်းတာက တစ်နိုင်ငံလုံးမှာဆိုရင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ် ဆေးပေါ့။ အဲဒီကာကွယ်ဆေးရရှိ သူက မြို့နယ် ၄၀ လောက်ရှိ တယ်။ ရာခိုင်နှုန်းအားဖြင့်တော့ ၅၀ ကနေ ၈၀ ရာခိုင်နှုန်းလောက် ရှိတယ်။

ကာကွယ်ဆေးအပြည့်အဝလွှမ်း ခြုံနိုင်အောင် ဘယ်လိုဆောင်ရွက် သွားဖို့ရှိပါသလဲ။

၉၅ ရာခိုင်နှုန်း လွှမ်းခြုံနိုင်ဖို့ဆိုရင် ကျွန်တော်တို့ဘက်က ပညာပေးလုပ်ငန်းတွေလုပ်ပြီး ကာကွယ်ဆေးတွေကို လွယ်လွယ်ကူကူနဲ့ ဆေးထိုးစုရပ်တွေကို တိုးချဲ့တယ်။ မနှစ်ကဆိုရင်လည်း တိုင်းနှင့်ပြည် နယ်အတွင်းမှာ လူမှုရေးဝန်ကြီး တွေနဲ့ပေါင်းပြီးတော့၊ အသိပညာ ပေးပြီးတော့ ကာကွယ်ဆေးထိုး လုပ်ငန်းမှာ ပူးပေါင်းပါဝင်လာ အောင် ဆောင်ရွက်ခဲ့တယ်။ ဆေးထိုးတာက ကျန်းမာရေးဌာနတစ်ခုတည်းနဲ့ မရဘူး။ သက်ဆိုင်ရာ အစိုးရအဖွဲ့က တာဝန်ရှိသူတွေကလည်း ရပ်ရွာမှာရှိတဲ့ (၁) နှစ် အောက်ကလေးတွေ၊ ကိုယ်ဝန် ဆောင်ကလေးတွေရဲ့ စာရင်းတွေကို ပြုစုပေးဖို့လိုတယ်။ ဆေးမထိုးခင်အတွင်းမှာလည်း ကိုယ်ဝန် ဆောင်တွေ (၁) နှစ်အောက်က လေးတွေကို ကျန်းမာရေးနဲ့ အား ကစားဝန်ကြီးဌာနအနေနဲ့ ဘယ် နေ့မှာတော့ ကာကွယ်ဆေးထိုးမယ် လာကြပါဆိုပြီးတော့ ကြေညာပေးဖို့လိုတယ်။ ကျွန်တော်တို့ ကျန်းမာရေးဆရာမတွေကလည်း တစ်နေရာတည်းမှာ အကြာကြီး မထိုးနှံနိုင်ဘူး။ တခြားနေရာတွေကိုလည်း လှည့်ပြီးသွားထိုးရတဲ့အချိန်ရှိသေးတယ်။ အုပ်ချုပ်ရေး ဘက်ကလည်း အဲဒီလိုလုပ်ရမယ်။ နောက်ပြီး မိဘတွေကလည်း လေ့လာပြီး ကိုယ်တိုင်ကိုယ်ကျ လာထိုးနှံပေးမှသာ ၈၅ ရာခိုင်နှုန်းအထက်ကို တက်လာမှာပါ။ ၁ ရာခိုင်နှုန်း တက်ဖို့ကို အရမ်းကိုခက်ခဲပါ တယ်။

ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောကြားပေးပါဦး။

ကာကွယ်ဆေးက ကလေး တွေ ဖျားနာတဲ့အတွက် လာမထိုးတဲ့ကလေးတွေရှိနေတယ်။ ကာကွယ်ဆေးရဲ့သဘောက ထိုးပြီး သွားရင် တစ်ရက်၊ နှစ်ရက်အတွင်းမှာ ရောင်မယ်။ ဖျားမယ်။ ဒါတွေက တစ်ရက်၊ နှစ်ရက်အ တွင်းမှာ ပျောက်သွားမှာပါ။ ဒါက ပုံမှန်ဖြစ်တတ်ပါတယ်။ အဲဒီလိုမျိုး ဖြစ်မှာကြောက်ပြီးတော့ လာမထိုးတဲ့သူတွေက တစ်ရက်လုပ်တစ် ရက်စား မိဘတွေပါ။ သူတို့က ကလေးဖျားပြီဆိုရင် အလုပ်ပျက်ရမယ်၊ ဒါဆိုရင် စားဝတ်နေရေး ထိခိုက်မယ်ဆိုပြီးတော့ ကာကွယ် ဆေးတွေမထိုးကြဘူး။ တချို့မိဘ တွေက ခိုင်လုံတဲ့သတင်းကို မကြည့်ဘဲနဲ့ မှားယွင်းတဲ့အချက် အလက်ကို ယုံကြည်သွားမှာ ကြောက်တယ်။ မိဘတွေအနေနဲ့ ကာကွယ်ဆေးက ကလေးတိုင်းရဲ့ အခွင့်အရေးဖြစ်တယ်။ အခု ကာကွယ်ဆေး ၁၀ မျိုးရှိတယ်။ ဖြစ်မှ ဆိုရင် ကုတဲ့ဆေးမရှိဘူး။ ဒါ ကြောင့် ကြိုတင်ပြီး ကာကွယ်ဆေး ထိုးရမယ်။ သတ်မှတ်ထားတဲ့ အသက်အရွယ်အတွင်းနဲ့ အကြိမ်ရေ ကို ပြည့်မီအောင်ထိုးနှံပေးသင့် တယ်။ ဒါမှ ကာကွယ်နိုင်မှာပါ။

=====================
251/ End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky