Reutersသတင်းထောက်နှစ်ဦးကို ဥပဒေနဲ့အညီ စီရင်ဆုံးဖြတ်ခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်ဆို

Reutersသတင်းထောက်နှစ်ဦးကို ဥပဒေနဲ့အညီ စီရင်ဆုံးဖြတ်ခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်ဆို

Reuters သတင်းထောက် နှစ်ဦးကို ထောင်ဒဏ် ချမှတ်ခဲ့တဲ့ တရားရုံး စီရင်ချက်ဟာ ဥပဒေနဲ့အညီ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


Reuters သတင်းထောက် နှစ်ဦးကို ထောင်ဒဏ် ချမှတ်ခဲ့တဲ့ တရားရုံး စီရင်ချက်ဟာ ဥပဒေနဲ့အညီ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ် အာဆီယံကို တက်ရောက်ဖို့ ဗီယက်နမ် နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေး နိုင်ငံရေးသမား ဘော့ဂ်ဘရန်ဒေးနဲ့ ဆွေးနွေးမှု အစီအစဉ်မှာ Reuters သတင်းထောက် နှစ်ဦးနဲ့ ပတ်သက်တဲ့ မေးခွန်းကို အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
 
Reuters သတင်းထောက်တွေဖြစ်တဲ့ ဝလုံးနဲ့ ကျော်စိုးဦးတို့ဟာ ဘင်္ဂါလီ အရေးနဲ့ ပတ်သက်လို့ သတင်းယူနေရင်း နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုအတွက် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။
 
ဒီကိစ္စနဲ့ ပတ်သက်လို့ ဘရန်ဒေးက မေးမြန်းတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က အမှုကို ပွင့်လင်းမြင်သာမှု ရှိရှိ စစ်ဆေးခဲ့ကြောင်း၊ တရားရုံး စစ်ဆေးမှုတွေကို လူတိုင်း တက်ရောက် နားထောင်ခွင့် ရှိခဲ့ကြောင်း၊ တရားရုံး စီရင်ဆုံးဖြတ်မှု အနှစ်ချုပ်ကို ဖတ်ကြည့်မယ်ဆိုရင် ပြစ်ဒဏ် ချမှတ်ခဲ့တာဟာ လွတ်လပ်စွာ ဖော်ထုတ်ခွင့်နဲ့ လုံးဝ မသက်ဆိုင်ဘဲ ဥပဒေ ချိုးဖောက်မှုနဲ့သာ အကျုံးဝင်ခဲ့ကြောင်း၊ ပြီးတော့ တရားရုံး စီရင်ချက်မှာ လွဲမှားမှုတွေ ရှိနေတယ်လို့ ထင်ရင် အဲဒီ အနှစ်ချုပ်ကို ဖတ်ကြည့်ပြီး ဝေဖန် ထောက်ပြသင့်ကြောင်း ဖြေကြားသွားခဲ့ပါတယ်။
 
ဒီမိုကရေစီ ခေါင်းဆောင် တစ်ဦးအနေနဲ့ သတင်းထောက်တွေ ထောင်ချခံရတဲ့အပေါ် စိတ်မသက်မသာ ဖြစ်တာမျိုး ရှိသလားလို့ ဘရန်ဒေးက မေးတဲ့ အခါမှာတော့ မြန်မာ အစိုးရ ခေါင်းဆောင်က သူတို့ဟာ သတင်းထောက်တွေမို့ ထောင်ချခံရတာ မဟုတ်ကြောင်း၊ တရားရုံးက ထောင်ဒဏ်ချမှတ်ဖို့ ဆုံးဖြတ်ခဲ့တာဟာ ဥပဒေ ချိုးဖောက်တာကြောင့်သာဖြစ်ကြောင်း၊ စီရင်ချက် မှားယွင်းတယ်လို့ ယူဆရင်လည်း သတင်းထောက် နှစ်ဦးအတွက် အယူခံဝင်ခွင့် ပေးထားကြောင်း တုံ့ပြန်ခဲ့ပါတယ်။
 
၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ မျှော်လင့်ထားသလား ဆိုတာနဲ့ ပတ်သက်လို့တော့ ဒီချုပ် ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရချင်ကြောင်း၊ ဒါဟာ နိုင်ချင်တဲ့ ဆန္ဒ သက်သက်ကြောင့် မဟုတ်ဘဲ အနိုင်ရဖို့ အမှန်တကယ် ထိုက်တန်တဲ့အတွက် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးခဲ့ပါတယ်။ တကယ်ပဲ အနိုင်ရခဲ့မယ် ဆိုရင်တော့ ပါတီအနေနဲ့ နိုင်ငံကို ဆက်လက် တာဝန်ယူ ဦးဆောင်ဖို့ ပြည်သူလူထုက ယုံကြည်မှု ပေးထားတာလို့ သတ်မှတ်နိုင်မှာဖြစ်ကြောင်း၊ တည်ငြိမ်မှုနဲ့ ချမှတ်ထားတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေကို ရှေ့ဆက် အကောင်အထည် ဖော်ဖို့ဆိုရင် လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အရေးကြီးလာကြောင်း၊ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ ယုံကြည်ထောက်ခံမှုကို ရဖို့ဆိုရင် လက်ရှိကာလမှာ ကတည်းက လုံလောက်တဲ့ တိုးတက်မှုတွေ ဖြစ်ထွန်း ပေါ်ပေါက်လာတာ သေချာအောင် လုပ်ဆောင်ဖို့ လိုအပ်နေကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Mourining of Imam Hossein
We are All Zakzaky