အစိုးရသစ်လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ ပထမဆုံးအကြိမ် NCA လက်မှတ်ရေးထိုး

အစိုးရသစ်လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ ပထမဆုံးအကြိမ် NCA လက်မှတ်ရေးထိုး

ဒီချုပ်အစိုးရလက်ထက် ပထမဆုံးအကြိမ် အဖြစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက် (NCA) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယမန်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ဒီချုပ်အစိုးရလက်ထက် ပထမဆုံးအကြိမ် အဖြစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက် (NCA) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယမန်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည်။

ယခင်အစိုးရလက်ထက် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့တို့ NCAလက်မှတ်ရေးထိုးခဲ့ရာ ၂ နှစ်နှင့်လေးလခန့်အကြာ၌ မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့က  NCAတွင် ပါဝင်လက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်သည်။

လက်မှတ်ရေးထိုးသည့်ပုဂ္ဂိုလ်အဖွဲ့အစည်းများ

မွန်ပြည်သစ်ပါတီနှင့် လားဟူအဖွဲ့ NCA လက်မှတ်ရေးထိုး ခြင်းအခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အပါအဝင် အစိုးရ၊ လွှတ်တော်၊ တပ်မတော် မှ ခေါင်းဆောင် ၁၁ဦး လက်မှတ်ရေးထိုးခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်ဘက်မှ NMSP ဥက္ကဋ္ဌ နိုင်ထောမွန်၊ LDU ဥက္ကဋ္ဌကြာခွန်ဆာတို့အပါအဝင် အဖွဲ့နှစ်ဖွဲ့မှ ကိုယ် စားလှယ်ခြောက်ဦး လက်မှတ်ရေးထိုးခဲ့သည်။

ထို့အပြင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ မွန်နှင့်လားဟူ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့အပါအဝင်ပြည်တွင်း အသိသက်သေများ ပါဝင်လက်မှတ်ထိုးခဲ့သည်။

ပြည်ပသက်သေများအဖြစ် ကုလသမဂ္ဂအပါအဝင် တရုတ်၊ဂျပန်၊ အိန္ဒိယ၊ ထိုင်းစသည့်နိုင်ငံများနှင့် ဥရောပသမဂ္ဂတို့မှ ကိုယ်စားလှယ်များ ပါဝင်လက်မှတ်ထိုးခဲ့သည်။

ခေါင်းဆောင်များ၏ မိန့်ခွန်း

အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ထောမွန် တို့က မိန့်ခွန်းအသီးသီး ပြောကြားရာ ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ထိုးသည့်အဖွဲ့အရေအ တွက် မများသော်လည်း ယခုကဲ့သို့လက်မှတ်ထိုးပွဲ ဖြစ်မြောက်လာ ရေး ဆောင်ရွက်ခဲ့ရသည့်ကိစ္စ သည် မလွယ်ကူဟု ပြောကြားပြီး NMSP နှင့် LDU တို့အား ကြိုဆို ဂုဏ်ပြုစကားဆိုသည်။

NCA သည် လက်နက်ကိုင် ပဋိပက္ခ လျှော့ချခြင်းများနှင့် နိုင်ငံ ရေးပြဿနာကို ညှိနှိုင်းအဖြေရှာ မည့် နိုင်ငံရေးဖြစ်စဉ်၏ အစဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ထို့အပြင် ပြည်တွင်း လက် နက်ကိုင်ပဋိပက္ခကြောင့် အခြား နိုင်ငံများထက် နောက်ကျနေရပြီး တိုင်းရင်းသားပြည်သူများ စိုးရွံ့ နေကြရဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

 ‘‘တိုက်ပွဲတွေကြောင့် ကြောက်လန့်တကြား အိုးပစ်အိမ် ပစ် ထွက်ပြေးကြရတယ်။ စာသင် ကျောင်းတွေမှာ စာအံသံတွေ တိတ်ဆိတ်နေပြီး လယ်ယာစိုက် ခင်းတွေမှာ ပေါင်းပင်၊ မြက်ပင် တွေ ဖုံးလွှမ်းနေကြရတယ်။ အဓိ ကအကျဆုံးကတော့ ကျွန်မတို့ရဲ့ တိုင်းရင်းသားကလေးသူငယ် လေးတွေ အသက်အန္တရာယ်လွတ် ကင်းအောင် တိမ်းရှောင်နေကြရ ခြင်းပဲ ဖြစ်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယခုကဲ့သို့ NCA လက်မှတ် ထိုးခြင်းကြောင့် ပြည်သူများအနေ ဖြင့် လက်နက်ကိုင် ပဋိပက္ခ ကြောင့် ဖြစ်ပေါ်ခဲ့ရသော အ ကြောက်တရားများ ပျောက်ကွယ် သွားစေသည်ဟု ၎င်းက ဆိုသည်။ိ

‘‘မတရားအသင်း မဟုတ် တော့ဘူး။ အကြမ်းဖက် အဖွဲ့အ စည်းမဟုတ်တော့ဘူးဆိုတဲ့ အသိ ကြောင့် ဆက်သွယ်ပြောဆိုဆက် ဆံရာမှာ အကြောက်တရားတွေ လျော့သွားတယ်။ ပဋိပက္ခတွေ ချုပ်ငြိမ်းတော့မယ်ဆိုတဲ့ အသိနဲ့ အနာဂတ်အတွက် မြင်ယောင် ဝမ်းသာကြတယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

NCA လက်မှတ်ရေးထိုး သည့် အဖွဲ့သစ်များ တိုးလာပြီး နောက် ဆက်လက်ဆောင်ရွက် မည့် ရှေ့လုပ်ငန်းစဉ်များကို ဒေါ်အောင်ဆန်းစုကြည်က ရှင်း ပြသည်။

‘‘NCA လက်မှတ်ရေးထိုးပြီး သား အဖွဲ့တွေနဲ့ ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ်တွေ ခိုင်မာအောင် ဆက်ကြိုးပမ်းသွား မယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်မယ်။ ကျွန်မတို့ အချင်း ချင်းအကြား သဘောထားကွဲလွဲ တာတွေ ဖြစ်ပေါ်လာရင် ပင်လုံ စိတ်ဓာတ်နဲ့ မျက်နှာချင်းဆိုင်ထိုင် ပြီး ဆွေးနွေးညှိနှိုင်းအဖြေရှာကြ ပါမယ်’’ဟု ၎င်းက ဆိုသည်။

လက်မှတ်မထိုးရသေးသည့် အဖွဲ့များနှင့် လက်နက်ကိုင်ပဋိ ပက္ခများ လျော့နည်းစေရန် တွေ့ ဆုံဆွေးနွေး အဖြေရှာမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

‘‘ဒီအဖွဲ့တွေ NCA ထီးရိပ် အောက် ရောက်ရှိလာပြီး နိုင်ငံ ရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာ အောင် ကြိုးစားပါမယ်’’ဟု ၎င်း က ဆိုသည်။

ထို့အပြင် ရဲရင့်စွာဖြင့် NCA လက်မှတ်ထိုးရန် ဆုံးဖြတ်ခဲ့သည့် မွန်နှင့် လားဟူအဖွဲ့တို့ကို တပ် မတော်ကာကွယ်ရေးဦးစီးချုပ်က နွေးထွေးစွာ ကြိုဆိုကြောင်း ပြော သည်။

‘‘ပါဝင်လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အတွက်လည်း ဆုံးဖြတ်ချက်မမှား ဘဲ ယုံယုံကြည်ကြည် သံသယ ကင်းစွာဖြင့် ဆက်လက်ပူးပေါင်း ပါဝင်ဆောင်ရွက်လာကြလိမ့် မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကို လည်း ဖြစ်ပေါ်စေပါတယ်’’ဟု တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်က ဆိုသည်။

လက်မှတ်ထိုးခဲ့သည့် NMSPနှင့် LDU ကိုယ်စား NMSP ဥက္ကဋ္ဌ နိုင်ထောမွန်က မိန့်ခွန်းပြောကြား ရာ NCA လက်မှတ်ထိုးခြင်းသည် ၎င်းတို့၏ပန်းတိုင်မဟုတ်ဘဲ နိုင်ငံ ရေး ပြဿနာကို ညှိနှိုင်းအဖြေရှာမည့် လမ်းကြောင်းသာဖြစ် ကြောင်း အလေးအနက်ပြောလို သည်ဟု ဆိုသည်။

‘‘ဒီလမ်းကြောင်းမှန်မှ ကျွန် တော်တို့မျှော်မှန်းတဲ့ ပဋိပက္ခချုပ် ငြိမ်းရေးနဲ့ဖက်ဒရယ်ပြည်ထောင် စုတည်ဆောက်ရေးပန်းတိုင်ကို ရောက်မယ်ဆိုတာ ရှင်းလင်းလှ ပါတယ်’’ဟု နိုင်ထောမွန်က ပြော သည်။

ပြည်ထောင်စု၏အနှစ်သာရ ဖြစ်သော ဖက်ဒရယ်စနစ်ကို တန်း တူမခံစားကြရသေး၍ ပြည်တွင်း စစ်များ မငြိမ်းနိုင်သေးသကဲ့သို့ NCA တွင် မပါဝင်နိုင်သေးသည့်၊ ပါဝင်ခွင့်မရသေးသည့် တိုင်းရင်း သားတော်လှန်ရေးအဖွဲ့အသီးသီး နှင့် ပဋိပက္ခဒဏ်ခံစားနေရသော တိုင်းရင်းသားပြည်သူများ ရှိနေ သည်ဟု ၎င်းက ဆိုသည်။

‘‘ကျွန်တော်တို့ ကိုယ်လွတ် မရုန်းပါဘူး။ သစ္စာမမဲ့ဘူးဆိုတာ အခိုင်အမာပြောပါမယ်’’ဟု နိုင် ထောမွန်က ပြောသည်။

နိုင်ငံရေးအရ တိုင်းရင်းသား အားလုံး အကျိုးမခံစားရဘဲ၊ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်မရှိဘဲ NCA လက် မှတ်ထိုးရုံဖြင့် ပြီးပြည့်စုံမည်ဟု မျှော်လင့်မထားကြောင်း ပြောလို သည်ဟု နိုင်ထောမွန်က ဆိုသည်။ အားလုံးမျှော်မှန်းသည့်ဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်လာရေးကို NCA ထိုးထားသည့် အဖွဲ့များ၊ မထိုးထားသည့် အဖွဲ့များအားလုံး နှင့် လက်တွဲပြီး ဆောင်ရွက်မည် ဟု ၎င်းက ပြောသည်။

‘‘ဖက်ဒရယ်ပြည်ထောင်စု မျှော်မှန်းချက်ကို မျက်ခြည်မပြတ် လမ်းအလွှဲမခံဘူးဆိုတာ ကတိပြု ပါတယ်’’ဟု နိုင်ထောမွန်က ပြော သည်။  

သမိုင်းကြောင်းအတွေ့အ ကြုံများအရ တိုင်းရင်းသားများ သည် သံသယနှင့် စိုးရိမ်စိတ်များ ရှိနေသော်လည်း ငြိမ်းချမ်းရေး တွင် ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိကြသည်ကို အစိုးရနှင့် တပ်မ တော်ခေါင်းဆောင်များကို ပြောကြားလိုသည်ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်ခေါင်းဆောင်များအ နေဖြင့် စိတ်ရှည်စွာဖြင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် တိုင်းရင်း သားအားလုံးပါဝင်နိုင်ရန် ဆွေး နွေးညှိနှိုင်းအဖြေရှာရေးကို ပိုမို အားထုတ်ရန် နိုင်ထောမွန်က တိုက်တွန်းသည်။

‘‘သဘောထားကြီးမှုရှိရှိနဲ့ ထိုးစစ်ဆင်မှုတွေကို အမြန်ဆုံး ရပ်စဲပါလို့ တိုက်တွန်းပါရစေ’’ ဟု ၎င်းက ဆိုသည်။

NCA တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ ပါဝင် လာ၍ လက်မှတ်ထိုးအဖွဲ့ ၁၀ ဖွဲ့ ရှိလာရာ ၎င်းတို့မှာ KNU, RCSS, PNLO, NMSP, CNF, ALP, ABSDF, DKBA, LDU, KNLA-PC တို့ဖြစ်သည်။

လက်မှတ်ထိုးရန် ကျန်နေ သည့် အဖွဲ့များမှာ ကချင်အဖွဲ့ (KIA)၊ ကရင်နီအဖွဲ့(KNPP)၊ ရှမ်းအဖွဲ့(SSPP)၊ ‘ဝ’အဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ တအာင်းအဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့ (ANC)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့(AA)နှင့် နာဂအဖွဲ့ (NSCN-K)တို့ဖြစ်သည်။

========================
251 / End



လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
We are All Zakzaky