ဘရပ်ဆဲလ်အိုလမာ နှင့် မဂ်ျမယေ ဂျဟာနီ အထွေအေထွ အတွင်းရေးမှူးချုပ် တွေ့ဆုံ + ဓာတ်ပုံ များ


ဘရပ်ဆဲလ် အိုလမာ နှင့် အစ္စလာမ့် စင်တာများ ဆိုင်ရာ အကြီးအကဲများ အနေဖြင့် မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဘက်မှ ရှေ့ပြေးအနေဖြင့် (( ဘယ်လ်ဂျီယံ ရှီအာ အိုလမာ စည်းလုံးရေးအသင်း )) ဖွဲ့ပေးရန်မေတ္တာ ရပ်ခံခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘရပ်ဆဲလ် အိုလမာ နှင့် အစ္စလာမ့် စင်တာများ ဆိုင်ရာ အကြီးအကဲများ အနေဖြင့် မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဘက်မှ ရှေ့ပြေးအနေဖြင့် (( ဘယ်လ်ဂျီယံ ရှီအာ အိုလမာ စည်းလုံးရေးအသင်း )) ဖွဲ့ပေးရန်မေတ္တာ ရပ်ခံခဲ့ပါတယ်။

ဟွဂ်ျဂျသုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် မိုဟမ္မဒ် ဟစန် အခ်သရီ မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ ဘိုက် (သ) (အ.စ) အထွေအေထွ အတွင်းရေးမှူးချုပ်အနေဖြင့် ဥရောပတိုက်ရှိ အချို့ နိုင်ငံများ၏ အစ္စလာမ့် စင်တာများသို့ သွားရောက်ခဲ့ပါတယ်။ ဘရပ်ဆဲလ်  ရှိ အိုလမာ အချို့ အစ္စလာမ်စင်တာ များ၏ အကြီးအကဲ အချို့နှင့်လည်း တွေ့ဆုံ စကားပြောခဲ့ပါတယ်။

ဤတွေ့ဆုံမှုသည် ၂၀၁၈ခုနှစ် မတ်လ ၁၄ ရက်နေ့ ဗုဒ္ဓဟူးနေ့ ဖြစ်ပြီး ဘယ်လ်ဂျီယံ၏ မြို့တော်တွင် ဖြစ်ပါတယ်။ ထိုတွေ့ဆုံချိန် တက်ရောက်လာသည့်အိုလမာ အနေဖြင့် မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဘက်မှ ရှေ့ပြေးအနေဖြင့် (( ဘယ်လ်ဂျီယံ ရှီအာ အိုလမာ စည်းလုံးရေးအသင်း )) ဖွဲ့ပေးရန်မေတ္တာ ရပ်ခံခဲ့ပါတယ်။

ဟွဂ်ျဂျသုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် မိုဟမ္မဒ် ဟစန် အခ်သရီ မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ ဘိုက် (သ) (အ.စ) အထွေအေထွ အတွင်းရေးမှူးချုပ်အနေဖြင့် ဒေသခံအိုလမာ များ အနေဖြင့် နိုင်ငံအသီးသီးတွင် လိုအပ် နေသည့် ဘာသာရေး ဆိုင်ရာ လှုပ်ရှားမှုများ သင်ကြားပို့ချမှုများ နှင့် စဉ်းစားတွေးခေါ်မှုဆိုင်ရာ မြင့်တက်ရန်  မွတ်စလင်မ်များ နှင့် ရှီအာများ ၏ ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုများ တိုးတက်ရန်  ဆောင်ရွက်ပေးဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ ဘိုက် (သ) (အ.စ) အထွေအေထွ အတွင်းရေးမှူးချုပ်အနေဖြင့်(( ဘယ်လ်ဂျီယံ ရှီအာ အိုလမာ စည်းလုံးရေးအသင်း )) ဖွဲ့ရန် လိုအပ်သည့် အရာများကိုလည်း ဆောင် ရွက်ခဲ့ ကြောင်း သိရှိရပါတယ်။



==============================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky