ကုလအဖွဲ့အစည်းနှစ်ခုနှင့် MoU ရေးထိုးခြင်းအပေါ် စိုးရိမ်စရာမရှိဟု ဝန်ကြီးဦးသိန်းဆွေပြော

အစိုးရက အမျိုးသားအကျိုးစီးပွားအတွက် အကောင်းဆုံး စီမံဆောင်ရွက်နေဟုဆို

ကုလအဖွဲ့အစည်းနှစ်ခုနှင့် MoU ရေးထိုးခြင်းအပေါ် စိုးရိမ်စရာမရှိဟု ဝန်ကြီးဦးသိန်းဆွေပြော


ကုလသမဂ္ဂလက် အောက်ခံ အဖွဲ့အစည်းနှစ်ခုနှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းအပေါ် စိုး ရိမ်စရာမရှိကြောင်းနှင့် မြန်မာ အစိုးရက အမျိုးသားအကျိုးစီးပွား အတွက် အကောင်းဆုံးဖြစ်ရန် စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကုလသမဂ္ဂလက် အောက်ခံ အဖွဲ့အစည်းနှစ်ခုနှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းအပေါ် စိုး ရိမ်စရာမရှိကြောင်းနှင့် မြန်မာ အစိုးရက အမျိုးသားအကျိုးစီးပွား အတွက် အကောင်းဆုံးဖြစ်ရန် စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

လက်ရှိအခြေအနေတွင် မြန်မာတစ်နိုင်ငံတည်း ရပ်တည် ဆောင်ရွက်၍မရဘဲ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင် ရွက်မှသာ မြန်မာအစိုးရ ဆောင် ရွက်ချက်ကို ပိုမိုခိုင်မာစေမည် ဖြစ်ကြောင်း၊  နိုင်ငံတကာ အဖွဲ့အစည်းများ၏ ယုံကြည်မှု ရရှိမည်ဖြစ်ကြောင်း ဝန်ကြီးက ဇွန်လ ၁၃ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်း အဝေး ခေတ္တရပ်နားချိန်၌သတင်း ထောက်များအား ပြောသည်။

‘‘ဒီအဆင့်၊ ဒီအခြေအနေမှာ တော့ အများကြီးခွဲခြားလို့မရဘူး။ မှန်မှန်ကန်ကန် လုပ်သော်လည်း ပဲ မှန်မှန်ကန်ကန် လုပ်ကြောင်း ကို ကမ္ဘာ့နိုင်ငံအားလုံးက သိဖို့လို အပ်ပါတယ်’’ဟု ဝန်ကြီးကဆို သည်။

ထို့အပြင် ဦးသိန်းဆွေက ‘‘နိုင်ငံတကာကလည်း ကိုယ်တို့ နိုင်ငံတော်အစိုးရရဲ့ ဆောင်ရွက် ချက်တွေသည် နိုင်ငံတကာအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းဆောင် ရွက်တာဖြစ်တဲ့အတွက် ပိုမိုအသိ အမှတ်ပြုလာမယ့် သဘောဖြစ်ပါ တယ်’’ဟုပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသူများကို ပြန်လည် လက်ခံမည့်အစီအစဉ်တွင် ကုလ သမဂ္ဂ အဖွဲ့အစည်းနှစ်ခုဖြစ်သည့် UNHCR နှင့် UNDP တို့က အကူ အညီနှင့်ငွေကြေးအရ ထောက်ပံ့ ခြင်းတို့ ပါဝင်မည်ဖြစ်ပြီး UNHCR ပါဝင်ကူညီသည့် ၁၉၉၃ က ထက် ပိုမိုကောင်းမွန်သည့် ညှိနှိုင်းမှုဖြင့် လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း  ၎င်းကဆိုသည်။

ယင်းသို့ နားလည်မှုစာချွန် လွှာ လက်မှတ်ရေးထိုးခြင်းသည် ကုလသမဂ္ဂအဖွဲ့အစည်းများကို ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်ရှိမည်ဟု ဝေဖန် ပြောကြားမှုများနှင့်ပတ်သက်၍ နယ်မြေအခြေအနေအပေါ် မူ တည်ပြီး မြန်မာအစိုးရက ကုလ အဖွဲ့အစည်းများကို သွားလာ ခွင့်ပြုမည်ဖြစ်ကြောင်း ဦးသိန်း ဆွေက ရှင်းပြသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့် ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အပံ့ ပြုနိုင်ရေး အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၊  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)တို့ အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း ကို ဇွန်လ ၆ ရက်က နေပြည်တော်ရှိ အမျိုး သား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ ပြုလုပ်ခဲ့သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
We are All Zakzaky