RCSS တပ်သားသစ်စုဆောင်းမှု ဖြေရှင်းပေးရန် NRPC အကြောင်းကြားထားဟု JMC ပြော

RCSS တပ်သားသစ်စုဆောင်းမှု ဖြေရှင်းပေးရန် NRPC အကြောင်းကြားထားဟု JMC ပြော


NCA လက်မှတ်ရေးထိုး ထားသည့် ရှမ်းလက်နက်ကိုင်အ ဖွဲ့ (RCSS) ၏ တပ်သားသစ် စုဆောင်းမှုနှင့်ပတ်သက်၍ ဖြေ ရှင်းပေးနိုင်ရေး အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန (NRPC) က ပြည် ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့် ရေးကော်မတီသို့ အကြောင်းကြား စာ ပေးပို့ထားကြောင်း ကော်မတီ အတွင်းရေးမှူး (၂) တပ်မတော်မှ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြော ကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 NCA လက်မှတ်ရေးထိုး ထားသည့် ရှမ်းလက်နက်ကိုင်အ ဖွဲ့ (RCSS) ၏ တပ်သားသစ် စုဆောင်းမှုနှင့်ပတ်သက်၍ ဖြေ ရှင်းပေးနိုင်ရေး အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန (NRPC) က ပြည် ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့် ရေးကော်မတီသို့ အကြောင်းကြား စာ ပေးပို့ထားကြောင်း ကော်မတီ အတွင်းရေးမှူး (၂) တပ်မတော်မှ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြော ကြားသည်။

စက်တင်ဘာ ၁၄ ရက်က ပြုလုပ်သည့် ကော်မတီ၏ (၁၈) ကြိမ်မြောက် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ယင်း သို့ ပြောကြားသည်။

‘‘JMC-U မှာ ဖြေရှင်းသွား ဖို့ဆိုတဲ့ အကြောင်းကြားစာလေး တွေ JMC-U ကို ပို့တာရှိပါတယ်။ RCSS ကနေပြီးတော့ တပ်သားသစ် စုဆောင်းတဲ့နေရာမှာ NLDလူငယ်တွေ ပါသွားတယ်ဆိုပြီး တော့ NRPC ကနေ အကြောင်း ကြားလာတာပေါ့။ JMC ကို။အဲဒီတော့ သူတို့ ခေါ်ဆောင်သွား တဲ့လူတွေကို စိစစ်ပြီးတော့ အမြန်ဆုံးပြန်လွှတ်နိုင်ရေး အဲဒါလေးကို ဆွေးနွေးခဲ့ကြပါတယ်’’ဟု ဗိုလ် မှူးကြီး ဝဏ္ဏအောင်က ပြော သည်။ RCSS ၏ တပ်သားသစ် စုဆောင်းမှုနှင့်ပတ်သက်၍ ရှမ်း ပြည်နယ်အဆင့် အပစ်ရပ်စောင့် ကြည့်ရေးကော်မတီ (JMC-S) (ရှမ်း) ကလည်း ကန့်ကွက်ထား ကြောင်း ၎င်းက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် JMC အ စည်းအဝေးတွင် နှစ်ဖက်တင်ပြ ချက်များနှင့်အတူ ဆွေးနွေးခဲ့ ကြောင်း အတွင်းရေးမှူး (၁)ဒေါက်တာရွှေခါးရ်က ပြောသည်။ လက်ရှိ JMC-U ၌ ဆွေးနွေးထား ချက်အရ နှစ်ဖက်ဆုံးဖြတ်ချက်ချ နိုင်သည့် ခေါင်းဆောင်များ တွေ့ ဆုံရေး စီစဉ်ထားကြောင်း ဆက် လက်ပြောကြားသည်။

‘‘RCSS နဲ့ကတော့ ချင်းမိုင် မှာပဲ PC (ငြိမ်းချမ်းရေးကော်မရှင်)နဲ့ပဲ တွေ့နေတာပေါ့နော်။ ကျွန် တော်တို့ဘက်က ဖြစ်စေချင်တာ ကတော့ အစိုးရဘက်ကလို့ ကျွန် တော်တို့က ပြောတဲ့အခါမှာလည်း အစိုးရလည်းပါသလို၊    တခြားအစိုးရအဖွဲ့အစည်းလည်း ပါသလို့ တပ်မတော်ဘက်ကလည်း ပါနိုင်ဖို့ပေါ့နော်။ တပ်မတော်ဘက်က လည်း ပြောပါတယ်။ ဒါမျိုး ကျွန်တော်တို့ ကြိုဆိုတယ်။ လက်ခံ တယ်လို့လည်း သူတို့ပြောသွားပါ တယ်’’ဟု ဒေါက်တာရွှေခါးရ်က ပြောသည်။

RCSS သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူချုပ် (NCA) လက်မှတ် ထိုးထားသော လက်နက်ကိုင် ၁၀ ဖွဲ့တွင် ပါဝင်သည်။ တပ်သား စုဆောင်းသည့် ကိစ္စရပ်များ အစိုး ရခေါင်းဆောင်များနှင့် တွေ့ဆုံ ရန် JMC-U ၏ အစီအစဉ်နှင့် ပတ်သက်၍ ယင်းအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူများထံ ယမန်နေ့ ညက ဆက်သွယ်သော်လည်း အဆက် အသွယ်မရပေ။

ကျိုင်းခမ်းဒေသရှိ ကုမ္ပဏီ များတွင် အလုပ်လုပ်နေသည့် အ လုပ်သမား ၁၂ ဦးကို RCSS/SSAတပ်မဟာ (၇၅၉)၊ တပ်ခွဲ (၁၉၈)က ၂၀၁၇ ဒီဇင်ဘာ၌ ဖမ်းဆီးခေါ် ဆောင်သွားကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော် မရှင်က ပြီးခဲ့သည့် ဩဂုတ် ၇ ရက်တွင် ထုတ်ပြန်ထားသည်။ လူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန် ချက်အပေါ် စိစစ်ပေးမည်ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ များက ထိုစဉ်က ပြောကြားသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Mourining of Imam Hossein
We are All Zakzaky