ဆန္ဒထုတ်ဖော်ခွင့်ပိတ်ထားသည့် မြို့နယ် ၁၁ ခုနှင့် ပတ်သက်၍ လွှတ်တော်တွင် မေးခွန်းမေးမည်

ဆန္ဒထုတ်ဖော်ခွင့်ပိတ်ထားသည့် မြို့နယ် ၁၁ ခုနှင့် ပတ်သက်၍ လွှတ်တော်တွင် မေးခွန်းမေးမည်


ဆန္ဒထုတ်ဖော်ခွင့်ပိတ် ထားသည့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၁ ခုတွင် ဆန္ဒထုတ်ဖော် ခွင့်ပြန်လည်ခွင့်ပြုပေးရန် အစီအ စဉ် ရှိ၊ မရှိ တိုင်းလွှတ်တော်၌ မေး ခွန်းမေးမြန်းမည်ဖြစ်ကြောင်း ဒဂုံ မြို့နယ် တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးကျော်ဇေ ယျက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဆန္ဒထုတ်ဖော်ခွင့်ပိတ် ထားသည့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၁ ခုတွင် ဆန္ဒထုတ်ဖော် ခွင့်ပြန်လည်ခွင့်ပြုပေးရန် အစီအ စဉ် ရှိ၊ မရှိ တိုင်းလွှတ်တော်၌ မေး ခွန်းမေးမြန်းမည်ဖြစ်ကြောင်း ဒဂုံ မြို့နယ် တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးကျော်ဇေ ယျက ပြောသည်။

ရန်ကုန်တိုင်း ကျောက်တံ တား၊ ပန်းဘဲတန်း၊ လသာ၊ ဒဂုံ မြို့နယ်တို့အပါအဝင် မြို့နယ် ၁၁ ခု၌ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်း လှည့်လည် (ဆန္ဒထုတ်ဖော်ခြင်း များ) ခွင့်မပြုရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့က ပြီးခဲ့သည့် ၂၀၁၇ နိုဝင်ဘာ ၇ ရက်က ထုတ်ပြန်ခဲ့ သည်။

ထိုကဲ့သို့ မြို့နယ် ၁၁ ခုကို ဆန္ဒထုတ်ဖော်ခွင့် ပိတ်ပင်ထား သည်မှာ မဖြစ်သင့်ကြောင်း၊ ဒီမို ကရေစီနိုင်ငံတွင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ရှိသင့်ကြောင်း ဦးကျော်ဇေယျက ထောက်ပြ သည်။ ‘‘ကျွန်တော် ဒဂုံမြို့နယ်အ ပါအဝင် ၁၁ မြို့နယ်ကို ပိတ်ထား တယ်ပေါ့ဗျာ။ မဖြတ်ရဘူးဆို တော့။ ဒီမိုကရေစီနိုင်ငံမှာ မဖြစ် သင့်ဘူး’’ဟု ၎င်းကဆိုသည်။

စစ်ပွဲများရပ်တန့်ရေး တာ မွေအဝိုင်းထိပ်မှ ဆူးလေမြို့တော် ခန်းမအထိ ချီတက်ဆန္ဒထုတ်ဖော် မည့်သူများကို လမ်းလျှောက်ချီ တက်ခွင့်မပြုဘဲ ၎င်းနေရာ၌ပင် ဖြိုခွင်းခဲ့သည်။ ယင်းဆန္ဒထုတ် ဖော်ပွဲကို မေလ ၁၂ ရက်က ပြုလုပ် ခဲ့သည်။

ယင်းကဲ့သို့ ဆန္ဒထုတ်ဖော် သူများကို ဖြိုခွင်းသည့်အပေါ် ဦးကျော်ဇေယျက ‘‘ခွင့်ပြုချက် တင်တော့ ခွင့်မပြုဘူးဆိုတော့ ဒါ ထုတ်ပြန်ထားတဲ့ ဥပဒေအရကိုက ဘယ်လိုနည်းနဲ့ ထုတ်ဖော်ခွင့်ရမလဲဆိုတာကို နည်းလမ်း (၁) နဲ့မရရင်တောင်မှ နည်းလမ်း (၂) နဲ့ ခွင့်ပြုသင့်တာပေါ့’’ဟု ပြော ကြားသည်။

ယင်းအပြင် ဆန္ဒထုတ်ဖော် ရာတွင် ယာဉ်ကြောပိတ်ဆို့မှုများ မရှိစေရန် စနစ်တကျ လမ်းကြော ရှင်းလင်းပေးခြင်းကိုလည်း ပြု လုပ်ပေးသင့်ကြောင်း ၎င်းက ဆို သည်။ ‘‘အခုကျတော့ ထိပ်တိုက် တွေတိုးကုန်တော့ လုပ်နေတဲ့ ဒီမို ကရေစီလမ်းစဉ်နဲ့ မညီညွတ်ဘူး ဖြစ်သွားတာပေါ့ဗျာ’’ဟု ၎င်းက ပြောသည်။

ဆန္ဒထုတ်ဖော်လိုသူများက အဆိုပါမြို့နယ် ၁၁ ခုအတွင်း ဆန္ဒထုတ်ဖော်ရန် အသိပေးတင် ပြလာပါက ခွင့်မပြုရန် သက်ဆိုင် ရာ မြို့နယ်ရဲစခန်းများကို တိုင်း အစိုးရအဖွဲ့က ညွှန်ကြားထား သည်။ ဆန္ဒထုတ်ဖော်ခွင့်ပိတ်ပင် ခြင်းသည် မြန်မာနိုင်ငံသို့ လာ ရောက်မည့် ပုပ်ရဟန်းမင်းကြီး ခရီးစဉ်လုံခြုံရေးအရဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့က ပြောခဲ့သည်။

သို့သော် ပုပ်ရဟန်းမင်းကြီး ၏ မြန်မာနိုင်ငံခရီးစဉ်အပြီး ငါးလကျော်ကြာသည်အထိ ယင်းမြို့နယ် ၁၁ ခုတွင် ဆန္ဒထုတ်ဖော်ခွင့် ပြန်လည်ခွင့်မပြုသေးပေ။ ပုပ်ရဟန်းမင်းကြီးသည် မြန်မာနိုင်ငံ သို့ နိုဝင်ဘာ ၂၇ ရက် မှ ၃၀ ရက် အထိ လာရောက်ခဲ့သည်။

========================
251 / End
 


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
We are All Zakzaky