ဘလိုဂျစ်စတန် တွင် ပေါက်ကွဲမှု ဖြစ်ပွား ၊၄ဦးသေဆုံး ၊ပါကစ္စတန်

ဘလိုဂျစ်စတန် တွင် ပေါက်ကွဲမှု ဖြစ်ပွား ၊၄ဦးသေဆုံး ၊ပါကစ္စတန်

ပါကစ္စတန် နိုင်ငံ ဘလိုဂျစ်စတန် ပြည်နယ် ရှိ ကေလ်အဟ် ဆိုက်ဖိုလ္လာဟ် အရပ် ရှိနေအိမ်တစ်ခု တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ထိုပေါက်ကွဲမှု ကြောင့် ၄ ဦး သေဆုံးခဲ့ပြီး တစ်ချို့ ဒဏ်ရာ ရခဲ့ ကြောင်း သိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ပါကစ္စတန် နိုင်ငံ ဘလိုဂျစ်စတန် ပြည်နယ် ရှိ ကေလ်အဟ် ဆိုက်ဖိုလ္လာဟ် အရပ် ရှိနေအိမ်တစ်ခု တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ထိုပေါက်ကွဲမှု ကြောင့် ၄ ဦး သေဆုံးခဲ့ပြီး တစ်ချို့ ဒဏ်ရာ ရခဲ့ ကြောင်း သိရပါတယ်။

 

သတင်း ဌာနများ၏ သတင်းအကိုးအကား အထောက်အထားများ အရ ပါကစ္စတန် နိုင်ငံ ဘလို ဂျစ်စတန် ပြည်နယ် ရှိ ကေလ်အဟ် ဆိုက်ဖိုလ္လာဟ် အရပ် ရှိနေအိမ်တစ်ခု တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ထိုပေါက်ကွဲမှု ကြောင့် တစ်ချို့ ဒဏ်ရာ ရခဲ့ကြောင်း သိရပါ တယ်။ဒဏ်ရာ ရသူများတွင် မိန်းမသားများ နှင့် ကလေးများလည်းပါဝင်နေကြောင်း သိရပါတယ်။ ဒဏ်ရာ ရသူ များကို ချက်ချင်း ဆေးရုံးသို့ ပို့ဆောင်ခဲ့သော်လည်း ၄ဦးမှာ ဒဏ်ရာများ ခံနိုင်စွမ်းမရှိတော့ဘဲသေဆုံး သွားခဲ့ ပါတယ်။

 

ကေလ်အဟ် ဆိုက်ဖိုလ္လာဟ် အရပ် လက်ထောက်ကော်မရှင်နာ ၏ သတင်းပေးချက်အရ ဒဏ်ရာ ရသူများကို ဆေးဝါး အကူအညီ ပေးနေပြီး ပျက်စီးသွားသည့် အိမ်ကိုလည်း ရှင်းလင်းရေး စတင် ပြုလုပ်နေပြီး ဖြစ်ကြောင်း သိရှိရပါတယ်။

 

ပေါက်ကွဲမှုသည် ကား တစ်စီး တွင် ခဲယမ်းအိတ်ကို တင်နေချိန်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါ တယ်။

 

ဘလိုဂျစ်စတန် ပြည်နယ်သည် မငြိမ်မသက်သည့် ပြည်နယ် စာရင်းဝင်ပြီး ဤပြည်နယ်တွင် သောင်ကြမ်း သူအပျက်သမား အုပ်စု မျိုးစုံ (သာဓကအဖြစ်) စေပါယေ ဆွဟာဗာ (ဆွန်နီ အစွန်း ရောက် အကြမ်းဖက် ) အဖွဲ့ ၊ ဂျန်ကဝီ (ဝဟာဘီ အကြမ်းဖက် ) အဖွဲ့ လည်း ပါဝင်ပါတယ်။

==============
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Arba'een
Mourining of Imam Hossein
We are All Zakzaky