နိုင်ငံ့ထိပ်ပိုင်းခေါင်းဆောင်များ ဂျပန်ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်ကို သီးခြားစီ လက်ခံတွေ့ဆုံ

နိုင်ငံ့ထိပ်ပိုင်းခေါင်းဆောင်များ ဂျပန်ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်ကို သီးခြားစီ လက်ခံတွေ့ဆုံ

နိုင်ငံတော်သမ္မတဦးဝင်း မြင့်သည် ဂျပန်ဝန်ကြီးချုပ်၏အ ထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဟီရို တိုအိုင်ဇူမီကို သမ္မတအိမ်တော်၌ ယမန်နေ့က လက်ခံတွေ့ဆုံသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံတော်သမ္မတဦးဝင်း မြင့်သည် ဂျပန်ဝန်ကြီးချုပ်၏အ ထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဟီရို တိုအိုင်ဇူမီကို သမ္မတအိမ်တော်၌ ယမန်နေ့က လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံ ရေး၊ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စ ရပ်များနှင့် မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးမှုအကူအညီပေးရေးဆိုင်ရာ များ ဆွေးနွေးခဲ့ကြောင်း သမ္မတရုံးထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး ရေး၊ မွေးမြူရေး၊ ပို့ဆောင်ဆက် သွယ်ရေး၊ လျှပ်စစ်နှင့်ဆောက် လုပ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက် ရေး၊ ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ကိစ္စရပ်များလည်း ထည့်သွင်း ဆွေးနွေးကြောင်း ထုတ်ပြန်သည်။

ထို့အပြင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးရေးဆိုင် ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယမန်နေ့ ညနေတွင် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်သည် ဂျပန် ဝန်ကြီးချုပ်၏အထူးအကြံပေး ပုဂ္ဂိုလ်ကို နိုင်ငံခြားရေးဝန်ကြီးဌာ န၌ လက်ခံတွေ့ဆုံသည်။

မြန်မာနိုင်ငံအတွက် ဂျပန် နိုင်ငံမှ အကူအညီပေးဆောင်ရွက် ရန်ရှိသည့် စီမံချက်များအနက် ဦးစားပေးစီမံချက် ၆၀ ကျော်ကို အကောင်အထည်ဖော်ရန်၊ ရန် ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်း၊ ရန်ကုန်မြို့ပတ်ရထားစီမံ ကိန်းအပါအဝင် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ တိုး တက်စေရေး ဆောင်ရွက်နေသည့် စီမံကိန်းများကို ဆွေးနွေးခဲ့သည် ဟု ထုတ်ပြန်သည်။

ဆက်လက်၍ ရန်ကုန်မြို့ တွင်း ယာဉ်သွားလာမှုချောမွေ့ စေရန် GPS စနစ်ထိန်းချုပ်ရေး စခန်းများ တည်ဆောက်ရေး၊ ဟံသာဝတီ နိုင်ငံတကာလေယာဉ် ကွင်းတည်ဆောက်ရေး၊ မြန်မာ-ဂျပန်အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းဖွင့်လှစ်ရေး ကိစ္စအပါအဝင် စတင်အကောင် အထည်ဖော်ဆောင်ရွက်သည့်စီမံ ကိန်းများကိုလည်း ဆွေးနွေးခဲ့ သည်ဟု ဆိုသည်။

ယင်းနောက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း ပန်းဆက်သွယ်ရေးကဏ္ဍနှင့် လျှပ် စစ်မီးရရှိရေး ကဏ္ဍတွင် ဂျပန်နိုင်ငံအနေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်း ဆွေးနွေးခဲ့ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။  

အလားတူ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်သည် အထက်ပါဂျပန်ဝန်ကြီးချုပ်၏အထူးအကြံ ပေးပုဂ္ဂိုလ်ကို နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ ယမန်နေ့က လက်ခံ တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံက ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်း

နေမှု၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် အစိုးရနှင့် တပ်မတော်က ဆောင်ရွက်နေမှု၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထို့အပြင် ရခိုင်ပြည်နယ်အ တွင်း ဖြစ်ပွားခဲ့သည့် ပြဿနာများ ကို အစိုးရနှင့် တပ်မတော်က ဖြေရှင်းဆောင်ရွက်နေမှုများနှင့် ဂျပန် နိုင်ငံက ကူညီဆောင်ရွက်ပေးမှု အခြေအနေများ၊ ကာကွယ်ရေး ဆိုင်ရာ ကိစ္စရပ်များတွင် ဆက်ဆံ မှုတိုးမြှင့်ရေးနှင့် လူ့စွမ်းအားအ ရင်းအမြစ်မြှင့်တင်မှုလုပ်ငန်းများ တွင် ပူးပေါင်းဆောင်ရွက်မှုကိစ္စ ရပ်များ ဆွေးနွေးခဲ့ကြောင်း တပ်မတော်၏ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
We are All Zakzaky