မြန်မာသတင်းထောက်နှစ်ဦးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်သို့ စာပို့မေးမြန်းထားသော်လည်း အကြောင်းမပြန်သေး

  • News Code : 854769
  • Source : 7days
Brief



ဘင်္ဂလားဒေ့်ရှ်နိုင်ငံက သူလျှိုဟု စွပ်စွဲဖမ်းဆီးထားသည့် မြန်မာဓာတ်ပုံ သတင်းထောက် နှစ်ဦးကိစ္စကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးသို့ စာပေးပို့ မေးမြန်းထားသော်လည်း အကြောင်းပြန်ခြင်း မရှိသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေ ယျကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဘင်္ဂလားဒေ့်ရှ်နိုင်ငံက သူလျှိုဟု စွပ်စွဲဖမ်းဆီးထားသည့် မြန်မာဓာတ်ပုံ သတင်းထောက် နှစ်ဦးကိစ္စကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးသို့ စာပေးပို့ မေးမြန်းထားသော်လည်း အကြောင်းပြန်ခြင်း မရှိသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေ ယျကပြောသည်။

ဓာတ်ပုံသတင်းထောက်နှစ် ဦးဖမ်းဆီးခံထားရသည့် ဖြစ်စဉ်မှ ကနဦးသိရသည့် အချက်အလက် များ အတည်ပြုစိစစ်ပေးရန် စက် တင်ဘာ ၁၅ ရက် ညကမေးမြန်း ထားပြီး ဘင်္ဂလားဒေ့ရှ်ဘက်က အကြောင်းမပြန်သေးကြောင်း စက်တင်ဘာ ၁၆ ရက် ညနေ ၆ နာရီတွင် ဦးကျော်ဇေယျက ပြော ကြားသည်။

‘‘ကျွန်တော်တို့နှစ်ဖက်စလုံး ကနေ two ways ပေါ့။ ကျွန်တော် တို့ကလည်း ဒီမှာရှိတဲ့ ဘင်္ဂလား ဒေ့ရှ်သံရုံးကို မေးတဲ့အနေအထား ရှိပါတယ်။ ဒါကာမှာရှိတဲ့ မြန်မာ သံရုံးကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခြားရေးဝန်ကြီးနဲ့ အဆက်အ သွယ်ရှိပါတယ်။ ဒီလိုအချက်အလက်တွေ ကြားသိရပါတယ်၊ အတည်ပြုပေးပါဆိုတဲ့အနေအထား ပေါ့ဗျာ’’ ဟု ၎င်းကပြောသည်။

ဘင်္ဂလားဒေ့ရှ်ဘက်က အ တည်ပြု အကြောင်းပြန်လာလျှင် ဒါကာမြို့ရှိ မြန်မာသံရုံးက ဖမ်းဆီးခံထားရသည့် မြန်မာဓာတ်ပုံ သတင်းထောက်များနှင့် တွေ့ဆုံ မေးမြန်းမည်ဖြစ်ကြောင်း ဦးကျော် ဇေယျက ပြောသည်။

ဂျာမနီနိုင်ငံ ဟမ်းဟတ်မြို့  အခြေစိုက် GEO မဂ္ဂဇင်းအတွက် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသည့် ဘင်္ဂါလီ များကို သတင်းဓာတ်ပုံရိုက်ကူးရန် သွားရောက်သည့် မြန်မာဓာတ်ပုံ သတင်းထောက် ကိုမင်းဇေယျာဦး နှင့် ၎င်း၏လက်ထောက် ဓာတ်ပုံ သတင်းထောက် ကိုခွန်လတ်တို့ ကို စက်တင်ဘာ ၇ ရက်ကတည်း က ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီး၍ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် ၎င်းတို့ကို ထိန်းသိမ်း ထားကြောင်းကို စက်တင်ဘာ ၁၃ရက်မှ သတင်းထုတ်ပြန်ခြင်းဖြစ် သည်။ ၎င်းတို့သည် သတင်း ထောက်ဗီဇာအစား ကမ္ဘာလှည့် ခရီးသွားဗီဇာကိုသာ လျှောက် ထားပြီး သတင်းကိစ္စများ ဆောင် ရွက်ခြင်းကို မြန်မာအစိုးရ၏ သူ လျှိုအဖြစ် လာရောက်ခြင်းဖြစ် သည်ဟု စွပ်စွဲကာ ဖမ်းဆီးခြင်းဖြစ် သည်။

စက်တင်ဘာ ၁၄ ရက်က တရားရုံးထုတ်ပြီး အာမခံလျှောက်ထားသော်လည်း တရားရုံးက ပယ်ချခဲ့ကြောင်း ၎င်းတို့၏ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရှေ့နေက ပြော ကြားသည်။

အဆိုပါ ဓာတ်ပုံသတင်း ထောက်နှစ်ဦးကိစ္စကို ဖြစ်စဉ်အ မှန်သိရန် သံတမန်နည်းအရ မေးမြန်းစုံစမ်းနေကြောင်း ပြန် ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်က လည်း ပြောသည်။

မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအနေဖြင့်လည်း ယင်း ကိစ္စနှင့်ပတ်သက်ပြီး ဘင်္ဂလား ဒေ့ရှ် သံအမတ်ကြီးထံ ဆက်သွယ် မည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်းမီဒီယာကောင်စီကိုလည်း အကူအညီတောင်းခံ မည်ဖြစ် ကြောင်း ကောင်စီဒုတိယဥက္ကဋ္ဌ ဦးအာင်လှထွန်းက ပြောသည်။

‘‘ပြန်ကြားရေး ဝန်ကြီးကို လည်း  ကျွန်တော်မနေ့က အခမ်း အနားမှာ တွေ့လို့ပြောလိုက်ပါ တယ်’’ ဟု ဦးအောင်လှထွန်းက ဆိုသည်။

အဆိုပါ ဓာတ်ပုံသတင်း ထောက်နှစ်ဦး ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး မြန်မာသတင်းမီဒီ ယာအဖွဲ့ အသီးသီးက ထုတ်ပြန် ကြေညာချက်ထုတ်ပြန်သည်။

မြန်မာနိုင်ငံသတင်းစာဆရာ များ အသင်း (MJA) က စက်တင် ဘာ ၁၆ ရက်တွင် ထုတ်ပြန်သည့် စာတွင် သတင်းထောက်နှစ်ဦး  လွတ်မြောက်ရေး ပြန်ကြားရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးတို့ ပူးပေါင်းကူညီပေးရန် တိုက်တွန်းသည်။

MJA က နိုင်ငံတကာဂျာနယ် လစ်များ အဖွဲ့ချုပ် (IFJ) ထံ ယင်း အဖြစ်ကိုအသိပေး အကြောင်းကြားထားကာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်းမီဒီယာကောင်စီများ သို့လည်း အကြောင်းကြားမည် ဟု ဖော်ပြသည်။

PEN Myanmar ကလည်း ဓာတ်ပုံသတင်းထောက်နှစ်ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် စက် တင်ဘာ ၁၆ ရက်က တောင်းဆို သည်။ မြန်မာအစိုးရအနေဖြင့် လည်း ယင်းကိစ္စကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပေးရန် မေတ္တာ ရပ်ခံထားသည်။

မြန်မာနိုင်ငံ နိုင်ငံခြားသ တင်းထောက်များအသင်းက ဖမ်း ဆီးခံမြန်မာသတင်းသမား နှစ်ဦး အတွက် လွန်စွာစိုးရိမ်နေပြီး ၎င်း တို့ကို အမြန်ဆုံးလွှတ်ပေးရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကို တောင်းဆိုကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သည်။

မြန်မာဂျာနယ်လစ်ကွန်ရက် ကလည်း ဖမ်းဆီးခံသတင်းသမား နှစ်ဦးအမြန်ဆုံး လွတ်မြောက်ရေး မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် ဆက်သွယ် ဆောင်ရွက်ရန်၊ ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း ကူညီဆောင်ရွက် ပေးရန် မေတ္တာရပ်ခံစာထုတ်ပြန် ခဲ့သည်။

========================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky