ဗိုလ်မှူးဂျအ်ဖရ်ရီ

အမေရိကန် နှင့် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးရန် တောင်းဆို သူသည် အရူးမဟုတ်ပါ တစ်နည်းအားဖြင့် လမ်းလွဲလမ်းမှားသူ ဖြစ်ပါတယ်

အမေရိကန် နှင့် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးရန် တောင်းဆို သူသည် အရူးမဟုတ်ပါ တစ်နည်းအားဖြင့် လမ်းလွဲလမ်းမှားသူ ဖြစ်ပါတယ်

အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ် ၏ ဗိုလ်မှူး မိုဟမ္မဒ်အလီ ဂျအ်ဖရ်ရီ အနေဖြင့် အမေရိကန် နှင့် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးရန် တောင်းဆို သူများကို လူမိုက်များ အဖြစ် သတ်မှတ် ပြောကြားပြီး အမေရိကန် နှင့် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးရန် အဆိုပြုသူများသည် တိုင်းပြည် ကောင်းစားရေးကို လိုလားသူများ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သစနီးမ်သတင်းဌာန ၏ သတင်း အထောက်အထား အရ အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့် တပ် ၏ ဗိုလ်မှူး မိုဟမ္မဒ်အလီ ဂျအ်ဖရ်ရီ အနေဖြင့် အမေရိကန် နှင့် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးရန် တောင်း ဆို သူများကို လူမိုက်များ အဖြစ်သတ်မှတ်ပြောကြားပြီး အမေရိကန် နှင့် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးရန် အဆိုပြုသူများသည် တိုင်းပြည်ကောင်းစားရေးကို လိုလားသူများ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဗိုလ်မှူးဂျအ်ဖရ်ရီ အနေဖြင့် အမေရိကန် နှင့် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးရန် တောင်းဆို မှုကို ပယ်ချပြီး တောင်းဆိုသူများကို အရူးမဟုတ်ဘဲ တစ်နည်းအားဖြင့် လမ်းလွဲလမ်းမှားသူ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဗိုလ်မှူး မိုဟမ္မဒ် အလီ ဂျအ်ဖရ်ရီ အနေဖြင့် အီရန် နိုင်ငံ၏ ခုံကာကွယ်ရေး အခြေအနေသည် အခိုင်အမာ ရှိကြောင်း အမေရိကန် အနေဖြင့် အီရန် နိုင်ငံ၏ ခုံကာကွယ်ရေး အခြေအနေကို အားနည်းအားပျော့ အောင်ကြိုးစား နေကြောင်း ပြောကြားလိုက်ပါတယ်။

ဗိုလ်မှူး မိုဟမ္မဒ် အလီ ဂျအ်ဖရ်ရီ အနေဖြင့် အီရတ် နှင့်ဆီးရီးယား တွင်လည်း အစ္စလာမ် မစ်တော်လှန်ရေးသမား (အစစ်များ၊ အကြမ်းဘက်များကိုဆန့်ကျင်သူများ) သာ အောင်ပွဲခံခဲ့ ကြောင်း ယီမင်တွင်လည်း အောင်ပွဲခံရန် နီးကပ်နေပြီး ဖြစ်ကြောင်း အကြောင်းမှာ အလ္လာဟ် ဟို အရှင်မြတ် သခင်သည် အနှိပ်စက်အညဉ်းပန်း အရက်စက်ခံရသူများ နှင့်သာ အတူ ရှိနေသည့် အတွက်ကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

၎င်းအနေဖြင့် ဆက်လက်ပြီး ယီမင်ပြည်သူလူထုအား အလ္လာဟ်ဟိုအရှင်မြတ် ဘက်မှ အကူအညီ အထောက်အပံ့ ပြုနေကြောင်း ဆော်ဒီအား အမေရိကန် ၊ အစ္စရေး၊ ဥရောပ နိုင်ငံများမှ အကူအညီ အထောက် အပံ့ ပြုနေကြောင်း ၊ အလ္လာဟ် ဟိုအရှင်မြတ် ကူညီထောက်ပံ့မှုရသူသာလျှင် အောင်မြင် မှု ကို ရမှာ သေချာ ကြောင်း ပြောကြားခဲ့ပါတယ်။

=====================================

251/End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky