အာဆီယံသွင်းကုန်များ အကောက်အခွန်လျှော့ချသော်လည်း ဈေးမကျဟုဆို

အာဆီယံသွင်းကုန်များ အကောက်အခွန်လျှော့ချသော်လည်း ဈေးမကျဟုဆို


အာဆီယံနိုင်ငံများမှ မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းများ တင်သွင်းရာတွင် ၂၀၁၈ ဇန်နဝါရီ ၁ ရက်ကစတင်၍ အကောက်အ ခွန် သုညမှ ၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သော်လည်း သွင်းကုန် များ ဈေးကျဆင်းခြင်းမရှိကြောင်း အကောက်အခွန်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အာဆီယံနိုင်ငံများမှ မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းများ တင်သွင်းရာတွင် ၂၀၁၈ ဇန်နဝါရီ ၁ ရက်ကစတင်၍ အကောက်အ ခွန် သုညမှ ၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သော်လည်း သွင်းကုန် များ ဈေးကျဆင်းခြင်းမရှိကြောင်း အကောက်အခွန်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

အာဆီယံ စီးပွားရေး အ သိုက်အဝန်းတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုအ နည်းဆုံး သတ်မှတ်ထားသည့် နိုင်ငံများ၌ ပါဝင်သောကြောင့် အကောက်အခွန် သုညရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်း ဖြေလျှော့ရမည့် အစီအစဉ်ကို ယခုနှစ်တွင် စတင် ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သော အာဆီယံစီးပွားရေး အသိုက်အဝန်း AEC-2025 ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အထက်ပါ ပုဂ္ဂိုလ်က ပြောကြားသည်။

နိုင်ငံခြားငွေဈေး အပြောင်း အလဲ၊ အာဆီယံနိုင်ငံများမှ ကုန် စည်တင်သွင်းလိုသူသည် မြန်မာ နိုင်ငံမှ အကောက်အခွန်သက်သာ ခွင့်နှင့် သက်ဆိုင်သည့် စာရွက် စာတမ်းရယူရမည့် အခြေအနေ ကို မသိခြင်း စသည်တို့ကြောင့် ကုန်သည်များက သွင်းကုန်ပစ္စည်း များကို ဈေးချမရောင်းနိုင်ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။

လာအို၊ ကမ္ဘောဒီးယား၊ ဗီ ယက်နမ်နှင့် မြန်မာနိုင်ငံတို့သည် အာဆီယံ ၁၀ နိုင်ငံတွင် ဖွံ့ဖြိုးမှု အားနည်းသည့် နိုင်ငံများအဖြစ် သတ်မှတ်ခြင်းကြောင့် အခွန်ဖြေ လျှော့မှုကို နောက်ဆုံးအဆင့်မှ စတင်ရသည့်နိုင်ငံများဖြစ်သည်။

အာဆီယံစီးပွားရေးအသိုက် အဝန်းကြောင့် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်သူများနေပြီး ပြည်တွင်း တွင် ကျွမ်းကျင်ဝန်ထမ်းရှားပါးနေကြောင်း ၎င်းက ပြောကြားသည်။

အကောက်အခွန်သက်သာ ခွင့်များအပါအဝင် မြန်မာနိုင်ငံ တွင် အာဆီယံစီးပွားရေး အသိုက် အဝန်းကြောင့် ရရှိလာမည့် အခွင့် အရေးနှင့် စိန်ခေါ်မှုများကို စီးပွား ရေး လုပ်ငန်းရှင်များ သိရှိရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာန အပါအဝင် အစိုးရဝန်ကြီးဌာန အချို့ကလည်း အလုပ်ရုံဆွေးနွေးပွဲများကို ဖေ ဖော်ဝါရီအတွင်း နေပြည်တော်နှင့် ရန်ကုန်တွင် ပြုလုပ်ခဲ့သည်။

အစိုးရအနေဖြင့် အာဆီယံ စီးပွားရေး အသိုက်အဝန်းတွင် ပါဝင်ရခြင်းနှင့်ပတ်သက်၍ ဆုံးရှုံး နစ်နာမှုများမရှိစေရန် အတုအပ ပစ္စည်းများ၊ တရားမဝင် ပစ္စည်း များ၊ ဈေးနှုန်း၊ အရည်အသွေး မကောင်းသည့် ပစ္စည်းများ မတင် သွင်းနိုင်ရန် ကာကွယ်ပေးမည့် ဥပဒေ၊ နိုင်ငံတစ်ခုမှ အရည်အ သွေးညံ့ပစ္စည်းများကို ဈေးပေါ ပေါဖြင့်ရယူပြီး မြန်မာနိုင်ငံသို့ လာရောက်ရောင်းချခြင်းကို တားဆီးပေးမည့် ဥပဒေများ ရေးဆွဲနေ ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။

========================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky