တပ်မတော်စစ်ကြောင်းအချို့ ပြန်လည်ရုပ်သိမ်းသွား၍ တိုက်ပွဲမရှိသလောက် နည်းသွားဟု ကေအိုင်အေပြော

တပ်မတော်စစ်ကြောင်းအချို့ ပြန်လည်ရုပ်သိမ်းသွား၍ တိုက်ပွဲမရှိသလောက် နည်းသွားဟု ကေအိုင်အေပြော

ကချင်ပြည်နယ် တနိုင်းဒေသအပါအဝင် ရှေ့တန်းရှိ တပ်မတော်စစ်ကြောင်းများ ပြန်ရုပ်သွားပြီး တိုက်ပွဲဖြစ်ပွားမှု မရှိသလောက် နည်းပါးသွားကြောင်းကချင်လက်နက်ကိုင်အဖွဲ့(KIA)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက မေလ ၃၁ ရက်တွင်ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကချင်ပြည်နယ် တနိုင်းဒေသအပါအဝင် ရှေ့တန်းရှိ တပ်မတော်စစ်ကြောင်းများ ပြန်ရုပ်သွားပြီး တိုက်ပွဲဖြစ်ပွားမှု မရှိသလောက် နည်းပါးသွားကြောင်းကချင်လက်နက်ကိုင်အဖွဲ့(KIA)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက မေလ ၃၁ ရက်တွင်ပြောသည်။

ပြီးခဲ့သည့် ဧပြီ၌ တနိုင်း၊ ဖားကန့်၊ မိုးကောင်း၊ အင်ဂျန်းယန်အပါအဝင် ကချင်ဒေသ နေရာအများအပြား၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားပြီးနောက် မေလ၌ကချင်ဒေသတွင် တပ်မတော်နှင့်KIA အကြား စစ်ရေးတင်းမာနေခဲ့သည်။
 
ထို့နောက် မေလကုန်ပိုင်းတွင် တပ်မတော်ဘက်မှ စစ်ကြောင်းများ ပြန်ရုပ်ပြီး ဒေသအခြေအနေ တည်ငြိမ်နေကြောင်းKIA ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ မေလ ၃၀ ရက်တွင်မူဖားကန့်ဒေသ၌ တပ်မတော်နှင့်
KIA အကြား သာမန်ထိတွေ့တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။
 
‘‘တပ်မတော်ဘက်က ရှေ့တန်းကို ထိုးထားတဲ့ တပ်မတော်သားတွေတချို့ပြန်ဆုတ်သွားတာရှိပါတယ်။ ကချင်ပြည်နယ်ရဲ့အ
ပြင်ဘက်ကို ရောက်သွားတာတော့ မရှိပါဘူး။ တနိုင်း၊ အောင်လော့ဒ်ဘက်မှာလည်း ရှေ့တန်းမှာရောက်နေတဲ့ တပ်မတော်သားတွေ တချို့ကတော့ မြို့ပေါ် ပြန်ရောက်သွားတဲ့ သဘောဖြစ်ပါ
တယ်’’ဟု ဗိုလ်မှူးကြီးနော်ဘူကပြောသည်။
 
တပ်မတော်မှ တပ်များပြန်ရုပ်သိမ်းခြင်းသည် ဆွေးနွေးညှိနှိုင်းမှုအရ ရုပ်သိမ်းခြင်း ဟုတ်၊မဟုတ် မပြောတတ်ကြောင်း၊ကချင်ပြည်နယ် ပြင်ပသို့ ရုပ်သိမ်း
ခြင်းမဟုတ်၍ တပ်မတော်၏တပ်ရုပ်သိမ်းမှုအပေါ် သုံးသပ်ရန်ခက်ခဲကြောင်း ၎င်းက ဆိုသည်။
 
ရှေ့တန်းရှိ တပ်မတော်စစ်ကြောင်းများ ရုပ်သိမ်းသည်ဆိုသောပြောဆိုမှုနှင့်ပတ်သက်၍တပ်မတော်အဆင့်မြင့်အရာရှိတစ်ဦးထံ ဆက်သွယ်ရာ ၎င်းအနေဖြင့် ယင်းကိစ္စမသိသေးဟု ဖြေကြားသည်။
 
မြစ်ကြီးနားမြို့ အခြေစိုက်ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့(PCG)မှ ဦးဆန်းအောင်က ‘‘တိုက်ပွဲအရှိန်တန့်တယ်ဆိုတာလည်း အမျိုးမျိုးရှိပါ
တယ်။ စောင့်ကြည့်နေရတဲ့အနေအထားပေါ့။ တကယ်တန့်တာလား၊ ခဏအားယူနေသလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ တကယ်ပဲ ရပ်တန့်နေတယ်ဆိုရင်တော့ ဒီအချိန်မှာ စကားပြောမယ့်အချိန်လို့ မြင်ပါတယ်’’ဟု ပြောကြားသည်။
 
အန်ဂျန်းယန်မြို့နယ်တွင်လက်ရှိ တပ်မတော်စစ်ရေးလှုပ်ရှားမှုရပ်နားပြီဖြစ်ကြောင်း ကြားသိရသဖြင့် စစ်ရှောင်ပြည်သူများအနက် အင်ဝိုင်းကောင်ကျေးရွာမှပြည်သူများသည် မေလ ၂၅ ရက်တွင်လည်းကောင်း၊ အင်လောက်
ယန်ရွာမှ ပြည်သူများသည် မေလ၂၆ ရက်တွင် လည်းကောင်း ၎င်းတို့နေရပ်သို့ ပြန်ပြီဟု အင်ဂျန်းယန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါန်က၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌
ရေးသားထားသည်။
 
ကချင်ဒေသ၌ တိုက်ပွဲအရှိန်များလျော့ကျလာခြင်းသည် တရုတ်နိုင်ငံ၏ မြန်မာ့ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်အပေါ် ထားရှိသည့်သဘောထားများနှင့် သက်ဆိုင်မှုရှိ၊ မရှိ စဉ်းစားစရာဟု တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးက ပြောသည်။
 
‘‘တိုက်ပွဲတချို့ရှိပေမယ့်တိုက်ပွဲအရှိန်တော့ ကျသွားတယ။် ဒဗု လို ခ်ျုပမှ်ူးကြီး စိုးဝင်းနဲ့တရုတ်သံအမတ်တွေ့တာတွေတွေ့ရပါတယ်။ ဘာကြောင့်(တိုက်ပွဲအရှိန်) ကျသလဲဆိုတာ
ပြောဖို့တော့  ခကပ်ါတယ။် လောလောဆယ် တရုတ်အနေနဲ့ ကြေညာချက်တွေ ထုတ်ပြန်တဲ့အပိုင်းက ကြည့်မယ်ဆို တရုတ်သံရုံးကထုတ်ပြန်တာပဲဖြစ်ဖြစ်၊ တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနကထုတ်ပြန်တာပဲဖြစ်ဖြစ်၊ စစ်ပွဲတွေရပ်ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ သူတို့ဝင်ရောက်ညှိနှိုင်းတဲ့ အခြေခံအပေါ်မှာ ဒီလိုလျော့သွားသလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်’’ ဟု၎င်းကဆိုသည်။
 
တိုက်ပွဲ လျော့ကျသည့်အခြေခံအပေါ် မူတည်ပြီး အစိုးရအနေဖြင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲများ ဆောင်ရွက်ပါက နှစ်ဖက်လက်ခံနိုင်သည့်ရလဒ်များ ပေါ်ထွက်လာမည်ဟုယူဆကြောင်း ဦးမောင်မောင်စိုးက သုံးသပ်သည်။
 
တွေ့ဆုံညှိနှိုင်းခြင်းအားဖြင့်မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် ပါဝင်လာရေးအပေါ်သက်ရောက်မှုရှိလာနိုင်ကြောင်း၎င်းက ဆိုသည်။
 
‘‘NCA မှာ ဘယ်လိုပဲ အငြင်းပွားဖွယ်ရာတွေရှိရှိ NCA သည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဝင်နိုင်တဲ့ တံခါးပေါက်တစ်ခုဖြစ်တယ်လို့ သုံးသပ်တာတွေလည်း ရှိတာကိုး’’ဟု ဦးမောင်မောင်စိုးက ပြောသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
We are All Zakzaky