ကုလလုံခြုံရေးကောင်စီ၏ ရခိုင်အရေးကြားနာမှုကို မြန်မာသံအမတ်ကြီး တက်ရောက်ကန့်ကွက်မည်

ကုလလုံခြုံရေးကောင်စီ၏ ရခိုင်အရေးကြားနာမှုကို မြန်မာသံအမတ်ကြီး တက်ရောက်ကန့်ကွက်မည်


ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ရခိုင်ပြည်နယ် အရေးကြားနာမှုကို နယူးယောက်မြို့ရှိ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း တက်ရောက် ကန့်ကွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးချမ်းအေးက ပြော သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ရခိုင်ပြည်နယ် အရေးကြားနာမှုကို နယူးယောက်မြို့ရှိ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း တက်ရောက် ကန့်ကွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးချမ်းအေးက ပြော သည်။

ရခိုင်ပြည်နယ်အရေး ကြားနာမည့် ကုလလုံခြုံရေးကောင်စီ ၏ ဆွေးနွေးပွဲကို အောက်တိုဘာ ၂၄ ရက်တွင် ပြုလုပ်ရန်စီစဉ်ထား ပြီး တံခါးဖွင့်ဆွေးနွေးပွဲဖြစ်၍ သက်ဆိုင်ရာ နိုင်ငံများဖြစ်သည့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့လည်း တက်ရောက်ရှင်းလင်းခွင့်ရမည် ဖြစ်သည်။

‘‘နယူးယောက်မှာရှိတဲ့ သံရုံး တွေ၊ အဖွဲ့ဝင်နိုင်ငံတွေကို ကျွန်တော်တို့ရဲ့ ရပ်တည်ချက်တွေကို ပြောထားတယ်။ ကျွန်တော်တို့ရဲ့ဆောင်ရွက်ချက်တွေကိုလည်း ပြောထားတယ်။ ကျွန်တော်တို့ လက်မခံနိုင်ဘူး’’ဟု ဦးချမ်းအေး က ရှင်းပြသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း အရေးနှင့်ပတ်သက်၍ ကုလသ မဂ္ဂလုံခြုံရေးကောင်စီကို အချက်အလက်ရှာဖွေရေး မစ်ရှင်ဥက္ကဋ္ဌ က ရှင်းလင်းတင်ပြရန် ဗြိတိန်နှင့် အမေရိကန် အပါအ၀င် အဖွဲ့ဝင် ကိုးနိုင်ငံက တောင်းဆိုထားခြင်း ဖြစ်သည်။

သို့ရာတွင် ယင်းတောင်းဆို ချက်ကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးဟောက်ဒိုဆွမ်းကပြင်းထန် စွာ ကန့်ကွက်ခဲ့ပြီး ယင်းဆောင် ရွက်ချက်သည် ရခိုင်ပြည်နယ် အတွင်းရှိ အဖွဲ့အစည်းများအကြား နှစ်ခြမ်း ကွဲစေနိုင်ကြောင်းနှင့် အပြန်အလှန်မယုံကြည်မှုကို ပိုမိုဆိုးရွားစေမည်သာဖြစ်ကြောင်း လုံခြုံရေးကောင်စီထံ စာရေးသားပေး ပို့ခဲ့သည်။

ထို့အပြင် အဖွဲ့ဝင် ကိုးနိုင်ငံ ၏ တောင်းဆိုချက်ကို ကောင်စီက လက်ခံပြီးနောက် မြန်မာအစိုးရ က ရခိုင်ပြည်နယ်အရေးနှင့် ပတ် သက်၍ ဆောင်ရွက်နေမှုများနှင့် ရပ်တည်ချက်များကို အဖွဲ့ဝင် ၁၅နိုင်ငံစလုံး၏သံရုံးများသို့ ရှင်းလင်း တင်ပြထားသည်ဟုဆိုသည်။

လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ဗြိတိန်၊ ပြင်သစ်၊ နယ်သာလန်၊ ဆွီဒင်၊ ပိုလန်၊ ပီရူး၊ကူဝိတ်၊ အိုင်ဗရီကို့စ်နှင့် အမေရိကန်နိုင်ငံတို့က တောင်းဆိုချက် ကို ထောက်ခံထားပြီး တရုတ်၊ ရုရှား၊ဘိုလစ်ဗီးယား၊ အီကွေတိုရီရယ် ဂူနီယာ၊ အီသီယိုးပီးယား၊ ကာဇက်စတန်တို့က ထောက်ခံခြင်း မရှိပေ။

ယခု အောက်တိုဘာ၏ ကောင်စီအလှည့်ကျ ဥက္ကဋ္ဌတာ ၀န်ကို ဘိုလစ်ဗီးယားက တာဝန်ယူထားပြီး နိုဝင်ဘာတွင် တရုတ် နိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည် ဖြစ်သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky