သြစတြေးလျသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်ကို ဦးဝင်းထိန်သွားရောက်တွေ့ဆုံ

သြစတြေးလျသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်ကို ဦးဝင်းထိန်သွားရောက်တွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေစဉ် ဒီချုပ်ထိပ်ပိုင်း ခေါင်းဆောင် ဦးဝင်းထိန်ကို ယမန်နေ့က လက်ခံတွေ့ဆုံသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေစဉ် ဒီချုပ်ထိပ်ပိုင်း ခေါင်းဆောင် ဦးဝင်းထိန်ကို ယမန်နေ့က လက်ခံတွေ့ဆုံသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်သည် မိသားစုဝင်များ နှင့်အတူ သြစတြေးလျသို့ လွန်ခဲ့ သည့် နှစ်လကျော်က ရောက်ရှိနေ ပြီး ဒေါ်အောင်ဆန်းစုကြည်က ကင်ဘာရာမြို့၌ လက်ခံတွေ့ဆုံ ခြင်းဖြစ်သည်။

ဒီချုပ်နှင့် ဦးဝင်းထိန်အကြား သတင်းမျိုးစုံထွက်နေချိန်တွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က လက်ခံတွေ့ဆုံခြင်းဖြစ် သည်။

ဦးဝင်းထိန်သည် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံရန် မဲလ်ဘုန်းမြို့မှ ကင်ဘာရာသို့ ထွက် ခွာလာကြောင်း ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ဖော်ပြခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဦးဝင်းထိန်နှင့် မိသားစုဝင် များ၊ သြစတြေးလျနိုင်ငံရောက် မြန်မာမိသားစုဝင် အချို့ကိုလက် ခံတွေ့ဆုံပြီး စည်းစည်းလုံးလုံး နေထိုင်ရန်နှင့် တတ်နိုင်သည့် ဘက်မှ မြန်မာနိုင်ငံကို ကူညီရန် မှာကြားနေသည့် ရုပ်သံဗီဒီယိုဖိုင် ကို Myint Swe ဖေ့စ်ဘွတ်ခ်အ ကောင့်က ယမန်နေ့က လွှင့်တင် ခဲ့သည်။

ဒီချုပ်ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်သည် ဇန်နဝါရီ ၁၄ ရက် တွင် သြစတြေးလျနိုင်ငံသို့ ထွက်ခွာသွားပြီး ပါတီသို့ အ ကြောင်းကြားခြင်း မရှိကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့အ တွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း က အစောပိုင်းက သတင်းထောက် များအား ပြောကြားသည်။

သို့သော်  ဦးဝင်းထိန်သည် သြစတြေးလျနိုင်ငံမှ ပါတီဗဟိုအ လုပ်အမှုဆောင် အဖွဲ့ထံ လိပ်မူ၍ ဖေဖော်ဝါရီက စာတစ်စောင်ပေး ပို့ခဲ့ကြောင်း ပြီးခဲ့သည့် မတ်လ ၁၆ ရက်တွင် ဦးဉာဏ်ဝင်းအပါအဝင် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် အချို့က အတည်ပြု ပြောကြား သည်။

ဦးဝင်းထိန်၏ အဆိုပါပေးပို့ စာတွင် ၎င်းအနေဖြင့်ပါတီမှနုတ် ထွက်ရန် (သို့မဟုတ်) ၎င်းကို ပါတီတာဝန်မှ ရပ်ဆိုင်းပေးရန် ကွဲကွဲပြားပြား ရေးသားမထား ကြောင်းနှင့် ပါတီတွင် ၎င်းဆက် ရှိ၊ မရှိ ကိစ္စကို ဗဟိုအလုပ်အမှု ဆောင်အဖွဲ့က ဆုံးဖြတ်ရန် ရေး သားထားကြောင်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ (မတ်လ ၁၉ ရက်) တွင် သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် မဲလ်ကွန်တန်ဘူလ်နှင့် သီးခြား တွေ့ဆုံမည်ဖြစ်ပြီး သြစတြေးလျ နိုင်ငံရောက် မြန်မာနိုင်ငံသားများ နှင့်လည်း တွေ့ဆုံရန်စီစဉ်ထား သည်။

ထို့အပြင် မတ်လ ၂၀ ရက် တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဆစ်ဒနီမြို့ရှိ Lowy Institute ၌ မိန့်ခွန်းတစ်ရပ်ပြောကြားမည် ဖြစ်ကြောင်းနှင့် ယင်းနေ့တွင် သ တင်းထောက်များနှင့် အမေးအ ဖြေ အစီအစဉ် ပြုလုပ်မည်ဖြစ် ကြောင်း CNA  သတင်းဌာနက ဖော်ပြသည်။

========================
251 / End



လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky