အာဇာနည်နေ့ အခမ်းအနား တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ပြုလုပ်

အာဇာနည်နေ့ အခမ်းအနား တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ပြုလုပ်


(၇၁)နှစ်မြောက် အာဇာ နည်နေ့ အခမ်းအနားကို မြန်မာ နိုင်ငံရှိ တိုင်းနှင့်ပြည်နယ် အသီး သီးတွင် ဇူလိုင် ၁၉ ရက်က ကျင်းပ ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ ချီတက်အလေးပြုခြင်း၊ လွမ်းသူ့ပန်းခွေချခြင်း၊ မေတ္တာပို့ခြင်း၊ အာဇာနည်ခေါင်း ဆောင်ကြီးများ အတွက် ရည်စူးကာ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်း ခြင်းတို့ ပြုလုပ်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

(၇၁)နှစ်မြောက် အာဇာ နည်နေ့ အခမ်းအနားကို မြန်မာ နိုင်ငံရှိ တိုင်းနှင့်ပြည်နယ် အသီး သီးတွင် ဇူလိုင် ၁၉ ရက်က ကျင်းပ ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများနှင့်  ပြည်သူများ ချီတက်အလေးပြုခြင်း၊ လွမ်းသူ့ပန်းခွေချခြင်း၊ မေတ္တာပို့ခြင်း၊ အာဇာနည်ခေါင်း ဆောင်ကြီးများ အတွက် ရည်စူးကာ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်း ခြင်းတို့ ပြုလုပ်ခဲ့သည်။

တောင်ကြီး

အာဇာနည်နေ့ အခမ်းအနားကို တောင်ကြီးမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံတွင် နံနက် ၈ နာရီက စတင်ပြုလုပ်ရာ ရှမ်းပြည်နယ် ၀န်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည် နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဌာနဆိုင် ရာများ၊ ကျောင်းသူ၊ ကျောင်း သားများက ဗိုလ်ချုပ်ကြေးရုပ် တွင် လွမ်းသူ့ပန်းခွေချကာ တစ်မိနစ်ငြိမ်သက် ဂါရ၀ပြုခဲ့သည်။

အရပ်ဘက် အဖွဲ့အစည်း များ၊ ပါတီများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသား သမဂ္ဂနှင့် ဒေသခံပြည်သူ နှစ်ထောင်ကျော်ကလည်း မိန်းလမ်းတစ် လျှောက်မှ ဗိုလ်ချုပ်ကြေးရုပ်ပန်း ခြံအထိ လမ်းလျှောက်ချီတက်၍ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ သည်။

 ထို့အပြင် ကျဆုံးလေပြီး သော အာဇာနည်ခေါင်းဆောင် ကြီးများအား ရည်စူး၍ ရှမ်းပြည် နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး တောင်ကြီးမြို့ မြို့လယ်ဓမ္မာရုံ တွင် သံဃာတော်များအား ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။

ပြည်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ တွင် အာဇာနည်နေ့အခမ်းအနား ကို ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကျောက်ရုပ်နေရာ၌ ကျင်းပကာ ဒေသခံ နှစ်သောင်းကျော် ချီတက်အလေးပြုခဲ့သည်။

အခမ်းအနား ကျင်းပရန် ဗိုလ်ချုပ်အောင်ဆန်း  မြင်းစီး ကျောက်ရုပ်နေရာတွင် အာဇာ နည်ဗိမာန်သဏ္ဌာန်ယာယီတည် ဆောက်ထားသည်။ ဗိုလ်ချုပ် အောင်ဆန်း မြင်းစီးကျောက်ရုပ် ရှေ့ရှိ ဗိုလ်ရှုခံ အဆောက်အအုံ တွင် နံနက်ပိုင်းကစတင်ကာ အာ ဇာနည်ခေါင်းဆောင်ကြီးများအ တွက် ရည်စူးပြီး သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခဲ့သည်။

 ထို့နောက် ဌာနဆိုင်ရာ များ၊ တက္ကသိုလ်အဆင့်၊ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများ၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ လူမှုကူညီရေးအ သင်းများ၊ နိုင်ငံရေးပါတီများ၊ ဒေ သခံပြည်သူများ ချီတက်အလေး ပြုခဲ့သည်။

အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် ၁၀ နာရီ ၃၇  မိနစ်တွင် မြန်မာ့မီးရထားစက်ခေါင်းနှစ်ခုဖြင့် ဥသြဆွဲပေးပြီး ပြည်သူများစုပေါင်းကာ အလေးပြုခဲ့သည်။

မကွေး

မကွေးမြို့တွင် အာဇာနည် နေ့  အခမ်းအနားကို ဗိုလ်ချုပ်မြင် စီးကြေးရုပ်ပန်းခြံ၌ ပြုလုပ်ခဲ့ သည်။

နံနက် ၈ နာရီတွင် ဂုဏ်ပြု တပ်ဖွဲ့က နိုင်ငံတော်အလံကို အ လေးပြုပြီးနောက် အာဇာနည်နေ့ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အလံတစ်ဝက်ချ၍ နှစ်မိနစ်ငြိမ်သက်ကာ အလေးပြုခဲ့သည်။

ထို့နောက် မကွေးတိုင်းဝန် ကြီးချုပ်နှင့် အစိုးရအဖွဲ့၊ တိုင်း လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ များ၊ နိုင်ငံရေးပါတီများ၊ ကျောင်း သားသမဂ္ဂများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများက လွမ်းသူ့ပန်း ခွေချ အလေးပြုခဲ့သည်။

မော်လမြိုင်

 မော်လမြိုင်မြို့ သံလွင် ဥယျာဉ်ရှိ ဗိုလ်ချုပ်ကြေးရုပ်ရှိရာ နေရာတွင် အာဇာနည်နေ့ အခမ်း အနားကျင်းပခဲ့ရာ ပြည်နယ်အစိုး ရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီဝင်များ၊ ဌာနဆိုင် ရာများ၊ ကျောင်းသူ၊ ကျောင်း သားများ၊ လူမှုရေးအသင်းအဖွဲ့ မှ လူဦးရေ ၁,၅၀၀ ကျော် တက် ရောက်ဂါရ၀ပြုခဲ့ကြောင်း မော်လ မြိုင်မြို့မှ ဦးမြင့်တင်က ပြောကြား သည်။

အခမ်းအနားတွင် ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိတို့က ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် လွမ်းသူ့ပန်းခွေချပြီး အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင် များအား မေတ္တာပို့ အောက်မေ့ခြင်းအဖြစ် တစ်မိနစ် ငြိမ်သက်ခဲ့ သည်။

အာဇာနည် ခေါင်းဆောင် များအတွက် ရည်စူး၍ နံနက် ၅နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့က ဆွမ်းကပ်လှူဒါန်းခဲ့သည်။

ပုသိမ်

(၇၁) နှစ်မြောက် အာဇာ နည်နေ့အခမ်းအနားကို ပုသိမ်မြို့ ကန်သာယာရှိ ပြည်ထောင်စုကွင်း တွင် ကျင်းပရာ လူဦးရေ နှစ် ထောင်ကျော်  လာရောက်ဂါရ၀ပြုခဲ့ သည်။

ကျဆုံးလေပြီးသော အာဇာ နည် ခေါင်းဆောင်များအတွက် ၀မ်းနည်းကြောင်း အထိမ်းအမှတ် အဖြစ် နိုင်ငံတော်အလံကို တိုင် ၀က်လွှင့်ကာ အလေးပြုပြီး တိုင်းဝန်ကြီးချုပ်၊ တိုင်းလွှတ်တော်ဥက္က ဋ္ဌနှင့် အစိုးရဌာန အသီးသီးက လွမ်းသူ့ပန်းခွေချခဲ့သည်။

ထို့နောက် ပုသိမ်မြို့ရှိ တက္က သိုလ်များ၊ လူမှုရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများက လွမ်းသူ့ပန်း ခွေချ အလေးပြုခဲ့သည်။ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန်ဖြစ်သော ၁၀ နာရီ ၃၇ မိနစ်တွင် ဥသြများဆွဲကာ ၀မ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် ငြိမ်သက်စွာနေခဲ့ကြသည်။ အဆိုပါအချိန်တွင် မြို့အတွင်း သွားလာနေသော ယာဉ်များ၊ လမ်းသွားလမ်းလာများသည် မိမိတို့ရောက်ရှိသည့် နေရာတွင် ရပ်တန့်၍ အာဇာနည်ခေါင်းဆောင်ကြီးများ အား ဂါရ၀ပြုခဲ့သည်။

နံနက်အစောပိုင်းက ပုသိမ် မြို့ မြို့တော်ခန်းမတွင် အာဇာ နည်ခေါင်းဆောင်များအား ရည် စူး၍ သံဃာတော်များအား တိုင်း အစိုးရအဖွဲ့က အရုဏ်ဆွမ်းဆက် ကပ်လှူဒါန်းခဲ့သည်။

ထို့အပြင် အဆိုပါ ခန်းမ၌ အာဇာနည် ခေါင်းဆောင်များ၏ မှတ်တမ်းဓာတ်ပုံများ၊ ၎င်းတို့၏ ကိုယ်ရေး ရာဇ၀င်များ၊ လုပ်ဆောင်ခဲ့မှုများအား ပြည်သူများလေ့လာမှတ်သားနိုင်ရန် ပြခန်းများ ဖွင့်လှစ်ပြသခဲ့သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Arba'een
Mourining of Imam Hossein
We are All Zakzaky