အစ္စရေး စစ်တပ်၏ ပစ်ခတ်မှုဖြင့် ပါလက်စတိုင်း ပြည်သူများ ထိခိုက် ဒဏ်ရာ ရရှိ

အစ္စရေး စစ်တပ်၏ ပစ်ခတ်မှုဖြင့် ပါလက်စတိုင်း ပြည်သူများ ထိခိုက် ဒဏ်ရာ ရရှိ

ကိုလိုနီ အစ္စရေး စစ်တပ် အနေဖြင့် သောကြာနေ့ တွင် ဂါဇာ နှင့် အနောက်ဘက်အပိုင်းတွင် ဆန္ဒပြ သပိတ်မှောက် ခဲ့ကြသည့် ပါလက်စတိုင်း ပြည်သူများ ကို ပစ်ခတ်ခဲ့ပါသည်။ ထိုပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၇၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ် ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပါလက်စတိုင်း နိုင်ငံ အခြေစိုက် အလ်ယောင်းမ် သတင်းဌာန ၏ သတင်း အထောက်အထား များ အရ ကိုလိုနီ အစ္စရေး စစ်တပ် အနေဖြင့် သောကြာနေ့ တွင် ဂါဇာ နှင့် အနောက်ဘက်အပိုင်းတွင် ဆန္ဒပြ သပိတ် မှောက် ခဲ့ကြသည့် ပါလက်စတိုင်း ပြည်သူများ ကို ပစ်ခတ်ခဲ့ပါသည်။ ထိုပစ်ခတ်မှု ကြောင့် ပါလက် စတိုင်း ပြည်သူ ၇၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ် ။

သတင်းအထောက်အထားများအရ ပါလက်စတိုင်း ပြည်သူ ၁၈ ဦးမှာ သေနတ်ကြောင့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီးကျန်သူများ မှာ မျက်ရည်ယို ဓာတ်ငွေ့ ဗုံးများကြောင့် ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း သိရှိခဲ့ရ ပါတယ် ။ ၎င်း ဒဏ်ရာရရှိသူများ အတွင်း အချို့ ၏ အခြေအနေမှာ စိုးရိမ်ဖွယ် အခြေ အနေ ဖြစ် နေကြောင်း သိရှိရပါတယ် ။

တစ်ဖက်တွင်လည်း အစ္စရေး အနေဖြင့် ပါးလက်စတိုင်း ပြည်သူများ ကို ညှဉ်းပန်းနှိပ်စက်ပြုလုပ် နေမှုကို တိုး၍ပြုနေပါတယ်။အခြား တစ်ဖက်တွင်လည်း ဆော်ဒီ အနေဖြင့် မိမိ နှင့် အစ္စရေး နှစ်နိုင်ငံ ချစ်ကြည်ရေး ကိုပိုမို၍ ခိုင်မာအောင်ပြု ကြိုးပမ်းနေပါတယ် ။

သတင်းဌာနများ၏ သတင်းအထောက်အထား အရဆိုလျှင် ဆော်ဒီအာရေဗျ အာဏာပိုင်များ အနေဖြင့် အနောက်တိုင်း ယဉ်ကျေးမှုကိုတိုးတက်ဖွံ့ဖြိုး ရန်အတွက် ဒေါ်လာပေါင်း ဘီလီယံပေါင်း များစွာ ကို သုံးဖြုန်းရန် ကြေညာ ထားကြောင်း သိရှိရပါတယ်။

================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Mourining of Imam Hossein
We are All Zakzaky