အီရန် နိုင်ငံ အဲဟ်ဝါဇ် မြို့ တွင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ၂၅ အထိ ရှဟီးဒ် ဖြစ်

အီရန် နိုင်ငံ အဲဟ်ဝါဇ် မြို့ တွင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ၂၅ အထိ ရှဟီးဒ် ဖြစ်

အီရန်အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ မြို့တော် အဲဟ်ဝါဇ်မြို့ တွင်ကာကွယ်နေ့ အဖြစ် တပ်မတော်မှ စစ်ရေး ပြနေစဉ် လူမဆန်သည့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ၂၅ အထိ ရှဟီးဒ် ဖြစ် ခဲ့ပြီး ၆၉ ဦး ဒဏ်ရာ ရခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ် အဗ်နာ) သတင်းဌာန

အီရန်အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ခိုဇစ်စတန်ပြည်နယ် ၏ ပြည်နယ်ခံ ဂိုလမ်ရဇာရှရီအီ အနေဖြင့် စနေနေ့ မနက်တွင် အဲဟ်ဝါဇ်မြို့ တွင်ကာကွယ်နေ့ အဖြစ် တပ်မတော်မှ စစ်ရေး ပြနေစဉ် လူမဆန် သည့် အကြမ်းဖက် တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အသေးစိတ် ပြောကြားခဲ့ပါတယ်။လက်နက်ကိုင် အကြမ်း ဖက်သမား များမှ စစ်သား အဝတ်များ ဝတ်ဆင်ပြီး စင်၏ အနောက်ဘက်မှ ရှိနေသည့် လူ အုပ်ကြီးကို ပစ်ခတ်ခဲ့ပါတယ်။ ဤပစ်ခတ်မှု ကြောင့် အမျိုးသမားများ ၊ ကလေးများ သေဆုံးခဲ့ပြီး ဒဏ်ရာရခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။

ခိုဇစ်စတန်ပြည်နယ် ၏ ပြည်နယ်ခံ ဂိုလမ်ရဇာရှရီအီ အနေဖြင့်ဆက်လက်ပြီး လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်မှု ကိုပြုသူမှာ ၄ ဦးဖြစ်ပီး ၎င်းတို့ကို ပစ်သတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ ပါ တယ်။

အစ္စလာမ်တော်လှန်ရေးတပ်၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး ရာမ်တွာန် ရှရီးဖ် အနေဖြင့် ပြောကြားသည်မှာ - အလ်အဲဟ်ဝါဇ် ဇီယေ အမည်ရှိ အကြမ်းဖက်အဖွဲ့ သည် အဲဟ်ဝါဇ် မြို့ တွင် စစ်တပ်၏ စစ်ရေးပြ အခမ်း အနားပြု နေချိန် လက်နက်ကိုင် စစ်သားများ နှင့် ပြည်သူလူထု အားတိုက်ခိုက်ခဲ့ကြောင်း ၎င်းအုပ်စု သည် အဲဟ်ဝါဇ် ပြည်နယ်ရှိ အကြမ်းဖက် အုပ်စု နှင့် နွယ် နေကြောင်း ဖြစ်ပါတယ်။

အစ္စလာမ်တော်လှန်ရေးတပ်၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး ရာမ်တွာန် ရှရီးဖ် အနေဖြင့် ဆက်လက်ပြီးပြောကြားသည်မှာ - ဤ အလ်အဲဟ်ဝါဇ် ဇီယေ အမည်ရှိ အကြမ်းဖက်အဖွဲ့ ၊ အကြမ်းဖက်အုပ်စု သည် ဆော်ဒီ နိုင်ငံ ထောက်ခံ အားပေးမှုကို အပြည့်အဝ ရထားသည့် အဖွဲ့ ဖြစ်ကြောင်း စစ်တပ်၏ စစ်ရေးပြ အခမ်း အနားပြု နေချိန် စစ်သားများနှင့်ပြည်သူလူထု ကို အကြမ်းဖက် ပစ်ခတ်မှု ပိုပြုခြင်းသည် စစ်တပ်၏စစ်ရေးပြဆိုမှုကို ထိခိုက် အောင်ပြုရန် ရည်ရွယ်၍ တိုက်ခိုက်တာ ဖြစ် ကြောင်း သိရပါတယ်။

အလ်အဲဟ်ဝါဇ် ဇီယေ အမည်ရှိ အကြမ်းဖက်အဖွဲ့ သည် အဲဟ်ဝါဇ် မြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုသည် ၎င်းတို့မှ ပြုလုပ်ဖြစ်ကြောင်း အက်တာနက် ပေါ်တွင် ဝန်ခံ ထား ကြောင်း သိရှိရပါတယ်။

 ===========================

251.End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Arba'een
Mourining of Imam Hossein
We are All Zakzaky