အစိုးရ၊ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင် UPDJC အတွင်းရေးမှူးများ တွေ့ဆုံဆွေးနွေး

အစိုးရ၊ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင် UPDJC အတွင်းရေးမှူးများ တွေ့ဆုံဆွေးနွေး



အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ နိုင်ငံရေး ပါတီအစုအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့တို့မှ ပြည် ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးများသည် နေပြည်တော်၌ နှစ်ရက်ကြာတွေ့ဆုံ၍ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဆက်လက်ဆောင် ရွက်နိုင်ရေး လမ်းကြောင်းများကို ဆွေးနွေးခဲ့သည်ဟု နိုင်ငံရေးပါတီ UPDJC အတွင်းရေးမှူး တာလှဖေက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ နိုင်ငံရေး ပါတီအစုအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့တို့မှ ပြည် ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးများသည် နေပြည်တော်၌ နှစ်ရက်ကြာတွေ့ဆုံ၍ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဆက်လက်ဆောင် ရွက်နိုင်ရေး လမ်းကြောင်းများကို ဆွေးနွေးခဲ့သည်ဟု နိုင်ငံရေးပါတီ UPDJC အတွင်းရေးမှူး တာလှဖေက ပြောသည်။

စက်တင်ဘာ ၂၂ နှင့် ၂၃ ရက်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ အလွတ်သဘောအစည်းအဝေး ၌ ၂၀၁၈ အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံအစည်းအဝေးမဖြစ်မနေကျင်းပပြီး ၂၀၁၉ တွင် ညီလာခံ နှစ်ကြိမ်ကျင်းပကာ ဖက်ဒရယ်ဆိုင်ရာအခြေခံမူများရရှိရေး ဆွေးနွေးခဲ့သည်ဟု ၎င်းက ဆိုသည်။

 ‘‘တကယ်လို့ရခဲ့ပြီဆိုရင် တော့ ကျွန်တော်တို့ ဒါဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ လုပ်မယ် လေ။ အဲဒီလိုမျိုးရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေရှိတာပေါ့’’ဟု တအာင်း (ပလောင်)အမျိုးသား ပါတီဗဟိုကော်မတီဝင်လည်းဖြစ် သူ တာလှဖေက ပြောသည်။

အဆိုပါတွေ့ဆုံပွဲသို့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့ UPDJC အတွင်းရေးမှူး ငါးဦး၊ နိုင်ငံရေးပါတီအစုအဖွဲ့ UPDJC အတွင်းရေးမှူး လေးဦးနှင့် တိုင်း ရင်းသားအဖွဲ့များ UPDJC အ တွင်းရေးမှူး သုံးဦးတက်ရောက်သည်ဟု အစိုးရအဖွဲ့၏ UPDJC အတွင်းရေးမှူး ဦးလှမောင်ရွှေက ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးထားသည်။

 ‘‘နှစ်ရက်တာပွင့်ပွင့်လင်း လင်း တက်တက်ကြွကြွအားလုံး က ဆွေးနွေးကြလို့ ထင်တာထက် ပိုမိုကောင်းမွန်။ လူအားလုံးဆုံရင် တော့ ပိုကောင်း၊ ပိုပြည့်စုံပါမယ်’’ ဟု ၎င်းက ရေးသားထားသည်။

ယင်းတွေ့ဆုံပွဲကို United States Institute of Peace (USIP) က ကူညီပံ့ပိုးပေးခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံတတိယ အစည်းအဝေးအပြီး နှစ်လကျော် ကြာသည်အထိ အစုအဖွဲ့အားလုံး ပါဝင်သော တရားဝင်နိုင်ငံရေး ဆွေးနွေးရေးလုပ်ငန်းစဉ်များ မစ တင်နိုင်သေးပေ။

 တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကမူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး အစိုးရ၊ လွှတ်တော်၊ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်းသားအဖွဲ့ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးပါဝင်သော ဆွေးနွေးပွဲ အမြန်ဆုံးကျင်းပနိုင်ရန် ကြိုးပမ်းနေသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky