ရှဟီးဒ် ဟွဂ်ျဂျဂျီအတွက် သွေးကြွေး အမြန်ဆပ်မည်

အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့် တပ်မတော် မှတိုက်ရိုက်ဆီးရီးယားနိုင်ငံတွင်ဝင် ရောက်၍IS များကို တိုက်ခိုက် ချေမှုန်း+video

  • News Code : 848710
  • Source : ABNA
အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ၏ အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့် တပ်မတော် မှ အသက် ၂၅ နှစ် အရွယ်ရှိ ရှဟီးဒ် ဟွဂ်ျဂျဂျီအတွက် သွေးကြွေးဆပ်သည့်အနေဖြင့် တိုက်ရိုက် ဆီးရီးယား နိုင်ငံတွင် ဝင်ရောက်၍ IS များကို တိုက်ခိုက် ချေမှုန်း မှုကို ကြီးကျယ်စွာ စတင်လိုက်ပြီး ဖြစ်ပါတယ်။ IS အစွန်းရောက် အစ္စလာမ်ခုတုံးလုပ် စစ်သွေး ကြွများ သည်အသက် ၂၅ နှစ် အရွယ် ရှိရှဟီးဒ် မိုအ်စင် ဟွဂ်ျဂျဂျီအား ခေါင်းဖြတ်၍ သတ်ပြီး လူမဆန်စွာ သတ်ဖြတ်လည်လှီးနေသည့် ဗီဒီယိုကလစ် ကိုထုတ် လွှင်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ၏ အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့် တပ်မတော် မှ အသက် ၂၅ နှစ် အရွယ်ရှိ ရှဟီးဒ် ဟွဂ်ျဂျဂျီအတွက် သွေးကြွေးဆပ်သည့်အနေဖြင့် တိုက်ရိုက် ဆီးရီးယား နိုင်ငံတွင် ဝင်ရောက်၍ IS များကို တိုက်ခိုက် ချေမှုန်း မှုကို ကြီးကျယ်စွာ စတင်လိုက်ပြီး ဖြစ်ပါတယ်။

IS အစွန်းရောက် အစ္စလာမ်ခုတုံးလုပ် စစ်သွေး ကြွများ သည်အသက် ၂၅ နှစ် အရွယ်ရှိ ရှဟီးဒ် မိုအ်စင် ဟွဂ်ျဂျဂျီအား ခေါင်းဖြတ်၍ သတ်ပြီး လူမဆန်စွာ သတ်ဖြတ်လည်လှီးနေသည့် ဗီဒီယိုကလစ် ကိုထုတ် လွှင်ခဲ့ပါတယ်။

သတင်းအထောက်အရ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ်အလီခါမေနာအီ ၏ သားများဖြစ်သည့် အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့် တပ်မတော် အနေဖြင့် မကြာမီ ရက်ပိုင်းလေးအတွင်း ဆီးရီယား နိုင်ငံတွင် IS အစွန်းရောက် များ၏ ကြောက်မက်ဖွယ် လူမဆန်သည့်နည်းဖြင့်ခေါင်းဖြတ် သတ်ဖြတ်ခဲ့သည့် ၂၅နှစ်အရွယ် လူငယ် ရှဟီးဒ် မိုအ်စင် ဟွဂ်ျဂျဂျီအတွက် သွေးကြွေးဆပ်သည့်အနေဖြင့် ဆီးရီးယား နိုင်ငံအတွင်း တိုက်ရိုက် စစ်ဆင်ရေးကို စတင်လိုက်ပြီး ဖြစ်ပါတယ်။

အလ်မီယာနီ သတင်းဌာန၏ သတင်းအထောက်အထား အရ အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့် တပ်မတော်၏ ဤ စစ်ဆင်ရေး ကြောင့် ဆီးရီးယား နိုင်ငံအတွင်း IS အစွန်းရောက် အစ္စလာမ် နှင့်စွန်နီ အမည်ခံ သူပုန်စစ်သွေး ကြွများ ဖျက်စီး မျိုးသုဉ်း သွားမည်မှာ ဧကန်မလွဲ ဖြစ် ကြောင်း သိရှိရပါတယ်။
ဆီးရီးယားနိုင်ငံတွင် အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့် တပ်မတော် အနေဖြင့် တိုက်ရိုက် ဝင်ရောက် နေရာယူခဲ့ခြင်းမရှိသေးပါ။ အချို့ တပ်သားများသာ ဆီးရီးယား တပ်မတော် ကို ကူညီ ပေးသည့်အနေဖြင့် IS အစွန်းရောက်များကို တိုက်ခိုက်မှု တွင် ပါဝင်နေရာ ယူခဲ့ခြင်း ဖြစ်ပါတယ်။

သို့သော် ယခု အခါ IS အစွန်းရောက်များကို ချေမှုန်းရန် အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့် တပ်မတော် အနေဖြင့် တိုက်ရိုက် ဝင်ရောက်လာပြီး ဖြစ်ရာ IS အစွန်းရောက်များ မကြာမီ မျိုးသုဉ်း ဖျက်စီး တော့မည်ဆိုတာ ဧကန်မုချပင် ဖြစ်ပါသွားမည် ဖြစ်ပါတယ်။

===================
251 /End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky