နိုင်ငံရေးပြဿနာများအား အဖြေရှာရန် လမ်းကြောင်းတစ်ခုတည်းသာရှိဟု သမ္မတ ပြောကြား

နိုင်ငံရေးပြဿနာများအား အဖြေရှာရန် လမ်းကြောင်းတစ်ခုတည်းသာရှိဟု သမ္မတ ပြောကြား


ရန်ကုန်၊ စက်တင်ဘာလ ၂၆ ။ ။ နိုင်ငံရေး ပြဿနာများအား နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်ရန် တစ်ခုတည်းသော လမ်း ကြောင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်၊ စက်တင်ဘာလ ၂၆ ။         ။ နိုင်ငံရေး ပြဿနာများအား နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်ရန် တစ်ခုတည်းသော လမ်း ကြောင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး ရေးတက္ကသိုလ်ပညာရေးဘွဲ့ (၅)နှစ် သင်တန်း အမှတ်စဉ် (၂)မှ ကျောင်းသူ၊ ကျောင်းသားများအား ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့တွင် သြဝါဒအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ တိုင်းရင်းသားများအကြား မတူကွဲပြားမှုတွေကို သဘောထားကြီးခြင်း၊ သည်းခံခြင်းတို့ဖြင့် ဒီမိုကရေစီနည်းကျကျ စားပွဲဝိုင်းမှာ ဖြေရှင်းမယ်ဆိုရင် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ကြမှာ   ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်ဖို့ တစ်ခုတည်းသော လမ်းကြောင်းဟာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်က ပြောသည်။

ထို့ကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ငြိမ်းချမ်းစွာ တည်ထောင်နိုင်ရန် ရည်ရွယ်ကာ (၂၁) ရာစု ပင်လုံ၊ ငြိမ်းချမ်းရေး ညီလာခံအား ကျင်းပရခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

နှစ်ပေါင်း ၇ဝ နီးပါးရှိပြီဖြစ်သည့် ပြည်တွင်းစစ်ပွဲအား အဆုံးသတ်နိုင်ရန် လက်နက်စွဲကိုင်ပြီး ဖြေရှင်းခြင်းထက် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းသည်သာ မှန်ကန်သည့် ချဉ်းကပ်မှုမျိုးဖြစ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှသည် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည့် အခွင့်အခါကောင်းအား အရယူ၍ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သမ္မတကြီးက ပြောကြားခဲ့သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky