အာယာသွလ္လာဟ် ဂျဝါဒီ အာမိုလီ

ကျွန်ုပ်တို့ အားလုံးသည် စမ်းသပ် ခံနေရပါတယ် …

ကျွန်ုပ်တို့ အားလုံးသည်  စမ်းသပ် ခံနေရပါတယ် …

ဟဇရသ် အာယာသွလ္လာဟ် ဂျဝါဒီ အာမိုလီ အနေဖြင့် ကျွန်ုပ်တို့အားကို ကျွန်ုပ်တို့ အတွင်း မာန်မာန ၊ ကိုယ့်ဂုဏ်ကိုယ်ဖော်ခြင်း နှင့် ဂုဏ်ယူထောင်လွှားခြင်းတို့ကို နေရာမပေးမည်ဖို့ သတိရှိရ မည်ဖြစ် ကြောင်း မိန့် ကြားခဲ့ပါ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Rasa သတင်းဌာန သတင်း အထောက်အထား ဟောင်ဇေအေလ်မီယေ ကွမ်း၏ မွဂ်ျသဟစ် အဆင့်ရှိသူများကို သင်ကြားပို့ချနေသည့် အကျော်အမော် ဆရာ ဟဇရသ် အာယာသွလ္လာဟ် ဂျဝါဒီ အာမိုလီ အနေဖြင့် အကြင်မည်သူမဆို အစ္စလာမ်မီ စနစ် တွင် ရာထူးတစ်နေရာရာကို ရောက်နေပြီးဆိုလျှင် ၎င်း အနေဖြင့် သတိရရှိ ရမည် ဖြစ်ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် ဂျဝါဒီ အာမိုလီ အနေဖြင့် အေမာမ် ရေဇာ (အ.စ) ၏ ရီဝါယသ် တော် တစ်ခုဘက်သို့ မီးမောင်းထိုး၍ မိန့်ကြားခဲ့သည်မှာ - အေမာမ် ရေဇာ (အ.စ) တပည့် အမြောက် အများ ရှိပါတယ်။၎င်းတို့အထဲ တွင် နစ်ရ် ပဆန်သီ ဆိုသည့် သာဝက တစ်ပါး ရှိလေ၏။ ၎င်းအနေဖြင့် နှစ်အချို့ ဆက်တိုက် ပညာသင်ယူဆည်းပူးခဲ့ပါတယ်။ တစ်နေ့ အေမာမ်ရေဇာ (အ.စ) သည် မိမိ အထူးစတော် မြင်းအား ၎င်းအတွက် ပို့စေခဲ့ပါတယ်။ ပြီး ၎င်းကို မိမိနေအိမ်သို့ ဖိတ်ခေါ် ခဲ့ပါတယ်။

နစ်ရ် ပဆန်ဒီ ကို အထက်က သတင်းကြားရ၍ အလွန်ဝမ်းမြောက်ပီတိဖြစ်လေ၏။ အေမာမ်ရေဇာ (အ.စ) သခင် က ကျွန်ုပ်အတွက် မိမိ၏ အထူးစီးတော်မြင်း ကိုပို့ပေး ပြီး အိမ်သို့ ဖိတ်ခေါ်လေ၏ ဆိုပြီး ပီတိ ဖြစ်နေ၏။ နစ်ရ် ပဆန်ဒီ သည် အေမာမ်ရေဇာ (အ.စ) အထူး စီးတော် မြင်းကို စီး၍ အေမာမ် ထံ ခစားလေ၏။ ညစား အေမာမ် သခင် နှင့် အတူ စားလေ၏။ ပြီးနောက် အေမာမ် ရေဇာ (အ.စ) မိန့်တော်မူလေ၏။ အကယ်၍ ညအိပ်အနားယူလိုတယ်ဆိုရင်လည်း ညအိပ်အနားယူပါ။ ပဆန်ဒီ အနေဖြင့် အေမာမ် ၏ ဧည့်သည် ဖြစ်ရတာထက် ဂုဏ်ယူစရာ ဘာရှိအုန်းမည်ဆို၍ အနားယူ ညအိပ်လေ။

 

၎င်းအနေဖြင့် အိပ်ရာပေါ်ရောက်ချိန် ငါနေရာလည်း တော်ယုံတန်ယုံတော့မဟုတ်ဘူးဟု၍ အတွေး ဝင်လာလေ၏။ ထိုအချိန်သူ၏ နားထံသို့ အသံတစ်ခု ရောက်လာ၏။ ((اجب مولاک اجب مولاک ))

အေမာမ် ခေါ်နေပါ၍ အေမာမ်ထံရောက်သည်အခါ အေမာမ် မှ တစ်ခုခု ပြောချင်နေကြောင်း သိရပါတယ် ။ ပဆန်ဒီမှ အေမာမ် ရေဇာ ဂအ.စ) ထံခစားချိန် အေမာမ်မှ မိန့်တော်မူပါတယ်။ (( ရာထူးနေရာ တစ်ခုခုကိုရောက်သွားပြီးလို့ တွေးနေတယ်မလား ? ဘယ်လို အတွေး အသင်ဆီကို ရောက်လာတာလဲ ? အသင်အနေဖြင့် ဘယ်လို တွေးလိုက်တာလဲ ? ))

ထိုခေတ် နှင့် ဒီခေတ် တွင် ဘာမှ မကွာခြားချေ။ ကျွန်ုပ်တို့ အားလုံးသည် စမ်းသပ် ခံနေရတာ ဖြစ်ပါတယ်။ ဤဟဒီးစ်တော် ကို လေ့လာ သုံးသပ်ခြင်း ဖြင့် မည်သူမဆို အစ္စလာမ်မီ စနစ်တွင် ရာထူးနေရာ တစ်ခုခု ကိုရောက်သွားလျှင် အလွန်သတိရှိဖို့ အရေးကြီး ကြောင်းမိန့်ကြားခဲ့ပါတယ်။

ဟောင်ဇေအေလ်မီယေ ကွမ်း၏ မွဂ်ျသဟစ် အဆင့်ရှိသူများကို သင်ကြားပို့ချနေသည့် အကျော် အမော် ဆရာ ဟဇရသ် အာယာသွလ္လာဟ် ဂျဝါဒီ အာမိုလီ အနေဖြင့် မိန့်ကြား သည်မှာ - အဓိက အခြေခံ အချက်ကတော့   ကျွန်ုပ်တို့အားလုံး၏ တာဝန် မှာ ခေသ်မသ်ပြုရန် ဖြစ်ပါတယ်။ အကယ်၍ စွမ်းအား ၊ အာဏာ နှင့် သိက္ခာ ရလျှင် အလ္လာဟ်ဟို အရှင်မြတ် သခင်ကို အစဉ်အမြဲ ကျေးဇူး တင်သင့်ပေသည်။

==========================

251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky