ပုလောတွင် လွှတ်တော်ကိုယ်စားလှယ်နှင့်ပြည်သူ တွေ့ဆုံပွဲသို့ တစ်ရပ်ကွက်လျှင် လူ ၁၀၀ ထက်မနည်း တက်ရောက်ရန် စာထုတ်သည့်အပေါ် ဝေဖန်မှုများရ

ပုလောတွင် လွှတ်တော်ကိုယ်စားလှယ်နှင့်ပြည်သူ တွေ့ဆုံပွဲသို့ တစ်ရပ်ကွက်လျှင် လူ ၁၀၀ ထက်မနည်း တက်ရောက်ရန် စာထုတ်သည့်အပေါ် ဝေဖန်မှုများရ



တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်တွင် ပြုလုပ်မည့် လွှတ်တော်ကိုယ်စားလှယ် များနှင့် ပြည်သူများ တွေ့ဆုံပွဲသို့ ရပ်ကွက်တစ်ခုလျှင် ပြည်သူတစ်ရာဦးထက်မနည်း တက်ရောက်ရန် စာထုတ်ပြန်သည့်အပေါ် ဝေဖန်မှုများရှိနေကြောင်း ပုလောမြို့နယ် ၈၈ (ငြိမ်းပွင့်) အဖွဲ့ဝင် ဦးတင့်လွင်ကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်တွင် ပြုလုပ်မည့် လွှတ်တော်ကိုယ်စားလှယ် များနှင့် ပြည်သူများ တွေ့ဆုံပွဲသို့ ရပ်ကွက်တစ်ခုလျှင် ပြည်သူတစ်ရာဦးထက်မနည်း တက်ရောက်ရန် စာထုတ်ပြန်သည့်အပေါ် ဝေဖန်မှုများရှိနေကြောင်း ပုလောမြို့နယ် ၈၈ (ငြိမ်းပွင့်) အဖွဲ့ဝင် ဦးတင့်လွင်ကပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုး၍ မေလ ၁ ရက်တွင် ပုလောမြို့နယ် ကမ်းရိုးတန်း ရတနာခန်းမ၌ ပြုလုပ်မည့် အဆိုပါ တွေ့ဆုံပွဲသို့ ရပ်ကွက်တစ်ခု လျှင် ပြည်သူတစ်ရာဦးထက်မ နည်း တက်ရောက်ရန် မြို့ပေါ် ရပ်ကွက်ငါးခုမှ အုပ်ချုပ်ရေးမှူးများထံ ဧပြီ ၂၇ ရက်စွဲဖြင့် အကြောင်းကြားထားခြင်းဖြစ်သည်။


‘‘မြို့ခံတွေကြားမှာတော့ အခုလို အမိန့်နည်းနည်းဆန်ပြီး ခေါ်တဲ့အပေါ်မှာ မကျေနပ်ကြဘူး။ သဘောမကျကြဘူးပေါ့ဗျာ။ ပြီးတော့ နိုင်ငံရေးလုပ်နေတဲ့ အုပ်စုတွေကြားထဲမှာ ဝေဖန်မှုတွေ မြင့်တက်နေတယ်။ ဒါကြောင့် အခုလို လုပ်ရပ်မျိုးကို လက်မခံဘူး၊ မကျေနပ်ဘူးဆိုတဲ့ အနေအထားမျိုးနဲ့ တုံ့ပြန်သွားဖို့ရှိတယ်’’ဟု ဦးတင့်လွင်ကဆိုသည်။

 လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် အထက် ပါဖြစ်စဉ်ကဲ့သို့ ကိစ္စရပ်များ ပူး ပေါင်းဆောင်ရွက်ရာတွင် ပြည် သူအများ အထင်လွဲမှုမဖြစ်စေရန် သတိထားသင့်ကြောင်း ၎င်း ကထောက်ပြသည်။

ပုလောမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကင်းရှိန်က ပြည်သူများအား လွှတ်တော်အတွေ့အကြုံ ရှင်းလင်းတင်ပြရန် တွေ့ဆုံပွဲကို ပြုလုပ်ခြင်းဖြစ်ပြီး လွှတ်တော်ကျင်းပမည့်ရက် နီးကပ်နေ၍ အချိန်မီ လူစုပေးရန် မြို့နယ်အုပ်ချုပ်ရေး မှူးထံ အကူအညီတောင်းခံခြင်း သာဖြစ်ကြောင်း ရှင်းပြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြို့ခံများအကြား ဝေဖန်မှုများရှိ နေသည့်အပေါ် ‘‘အရင်က ရပ် ကွက်အလိုက် ရှင်းပြတယ်။ အခု က ကျွန်တော်အမြန်လိုလို့။ လွှတ်တော်က ကပ်နေပြီဆိုတော့ လုပ် စရာကလည်းများ၊ ရပ်ကွက်က လည်း အများကြီးကျန်သေးတော့ ကျွန်တော်က ရပ်ကွက်ငါးခုကို ပေါင်းပြီး ဖိတ်ပေးပါလို့ ခေါ်ခိုင်း လိုက်တာ။ ဝေဖန်သမားကလည်း ဝေဖန်ပါစေ။ လွှတ်တော်အတွေ့ အကြုံရှင်းဖို့က ကျွန်တော်တို့ အ လုပ်လေ’’ဟု ဦးကင်းရှိန်က ပြော သည်။

လက်ရှိ နိုင်ငံရေးအပြောင်း အလဲ အနေအထားအရ အမိန့် အာဏာဆန်၍ မဖြစ်မနေ တက် ရောက်ရမည်ဆိုသည့် သဘောမျိုးထက် ၎င်းတို့ကိုယ်စားပြုသည့် မြို့နယ်များရှိ ပြည်သူလူထုကိုယ် တိုင် စိတ်ဝင်တစား တက်ရောက် ရန် လွှတ်တော်ကိုယ်စားလှယ် များ ကိုယ်တိုင်အားထုတ်ဆောင် ရွက်သင့်ကြောင်း ပုလောမြို့ခံ ဦးလွင်ဦးကပြောသည်။

‘‘လွှတ်တော်ကိုယ်စားလှယ် အပိုင်းက ကိုယ့်မြို့နယ်၊ ကိုယ့် ဒေသအတွက် ဘာတွေလုပ်ပေး နိုင်တယ်၊ ဘယ်လိုတွေလုပ်ဖို့ အ စီအစဉ်ရှိတယ်၊ လွှတ်တော်ထဲ မှာလည်း ဘာတွေလုပ်နေပြီလဲ အဲဒီလို ထိရောက်တဲ့အကြောင်း အရာတွေကို လူထုထဲ ချပြပေးနိုင် ရင် လူထုက ပိုပြီးတော့ စိတ်ဝင် စားမယ်။ သူတို့ကိုလည်း အားကိုးစိတ်ပိုရှိမယ်။ အဲဒီလိုမျိုး ယုံကြည်တဲ့စိတ် ရှိလာပြီဆိုရင် လူထုကို ဘယ်နေ့တွေ့မယ်ဆိုတာနဲ့ လာကြမှာပဲ’’ဟု ၎င်းက အကြံပြု သည်။

ဧပြီ ၂၂ ရက်က ပဲခူးတိုင်း ဒေသကြီး နတ်တလင်းမြို့နယ် တွင် ပြုလုပ်သည့် နိုင်ငံတော် သမ္မတ ကြိုဆိုထောက်ခံပွဲနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတွေ့ဆုံ ပွဲသို့ မြို့ခံလူထုက စိတ်မဝင်စား သဖြင့် တက်ရောက်သူနည်းပါးခဲ့ကြောင်း ခန်းမအတွင်း ထိုင်ခုံ အလွတ်များကို ရိုက်ကူးထား သော ဓာတ်ပုံများ လူမှုကွန်ရက် သုံးစွဲသူများအကြား ပျံ့နှံ့ခဲ့သည်။

ယင်းသို့ သတင်းထွက်ပေါ်မှုသည် မှန်ကန်မှုမရှိဘဲ တမင် တကာ ရည်ရွက်ချက်ရှိရှိ တိုက် ခိုက်ခြင်းသာဖြစ်ကြောင်း နတ်တလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော် ကျော်နိုင်က ရှင်းပြသည်။

‘‘ကျွန်တော်တို့ ဒီချုပ်အလုပ် အမှုဆောင်တို့၊ အင်န်အယ်လ်ဒီ ပါတီကို တိုက်ခိုက်နေတဲ့သူတွေ က လျှောက်ပြောနေတာ။ ကျွန် တော်တို့ ခန်းမကြီးပြည့်လို့ ထိုင် စရာနေရာတောင် မရှိဘူး။ ကျွန် တော်တို့ နတ်တလင်းမှာ တော် တော်ကို ရှုပ်တယ်။ အဲဒီသတင်း တွေကို အမှန်ယူလို့မရဘူး’’ဟု ဦးကျော်ကျော်နိုင်က တုံ့ပြန် သည်။

========================
251 / End
 


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
We are All Zakzaky