ကြိုတင်မဲများကြောင့် အငြင်းပွားနေသည့် မြစ်ကြီးနားတွင် မဲရလဒ်ပုံစံ(၁၉)၌ ဒီချုပ်အပါအဝင် ကိုယ်စားလှယ်လောင်းသုံးဦး လက်မှတ်မထိုးသေး

ကြိုတင်မဲများကြောင့် အငြင်းပွားနေသည့် မြစ်ကြီးနားတွင် မဲရလဒ်ပုံစံ(၁၉)၌ ဒီချုပ်အပါအဝင် ကိုယ်စားလှယ်လောင်းသုံးဦး လက်မှတ်မထိုးသေး

ကချင်ပြည်နယ် အမျိုး သားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) မြစ်ကြီးနားမဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်းများရရှိသည့် ဆန္ဒမဲစာရင်းပုံစံ(၁၉) ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်လောင်းအပါအဝင် ကိုယ်စားလှယ်လောင်းသုံးဦးက လက်မှတ်မထိုးသော်လည်း မဲရလဒ်ကို အတည်ပြုခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကချင်ပြည်နယ် အမျိုး သားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) မြစ်ကြီးနားမဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်းများရရှိသည့် ဆန္ဒမဲစာရင်းပုံစံ(၁၉) ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်လောင်းအပါအဝင် ကိုယ်စားလှယ်လောင်းသုံးဦးက လက်မှတ်မထိုးသော်လည်း မဲရလဒ်ကို အတည်ပြုခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က ပြောသည်။  ‘‘လက်ရှိ လွှတ်တော်ကိုယ် စားလှယ်လောင်း ခြောက်ယောက် လက်မှတ်ထိုးရမယ့် နေရာမှာ သုံးဦးလက်မှတ်ထိုးတယ်။ ၅၀ ရာခိုင်နှုန်းပေါ့။ ထိုးတာ၊ မထိုးတာက သူ့သဘောသူဆောင်တာပေါ့။ ကျွန်တော်တို့က အတင်းတိုက် တွန်းလို့မရဘူး။ ဥပဒေမှာလည်း တိုက်တွန်းခွင့်မရှိဘူး။ မထိုးရင် တော့ မထိုးသူရဲ့တာဝန်သာဖြစ် တယ်ဆိုတာ ဥပဒေမှာ အတိအ လင်းပြဋ္ဌာန်းထားတာရှိတယ်’’ဟု ဦးထွန်းအောင်ခိုင်က နိုဝင်ဘာ ၄ ရက် ညနေက ပြောသည်။

ပုံစံ ၁၉ တွင် တစ်သီးပုဂ္ဂလ ဒေါက်တာသန်းထိုက်ဦး၊ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးဆီဟူးဒွေ့၊ ရှမ်းနီ(တိုင်း လိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ် စုများ သွေးစည်းညီညွတ်ရေးပါ တီမှ ဒေါ်ခင်အုန်းတို့က လက်မှတ် ထိုးခဲ့ပြီး ကချင်ဒီမိုကရက်တစ် ပါတီ (KDP) မှ ဦးကွမ်ဂေါင် အောင်ခမ်း၊ NLD မှ ဒေါ်ယမ်ခေါန်၊ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီမှ ဒေါ် အမ်ဒီခေါညွယ်တို့က လက်မှတ် မထိုးဟု ပြည်နယ်ကော်မရှင်က ဆိုသည်။

မဲပေးခွင့်ရှိသူ နှစ်သိန်းသုံး ထောင်ကျော်ရှိသော မြစ်ကြီးနား မဲဆန္ဒနယ်၌ နိုဝင်ဘာ ၃ ရက်က ကျင်းပသည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် မဲပေးသူ ၆၉,၀၀၀ ကျော်ရှိသည်။ ယင်းတို့အနက် တပ်ကြိုတင်မဲအများစု ပါဝင် သော ကြိုတင်မဲ စုစုပေါင်း ၅,၈၀၀ ကျော်ရှိသည်။

ကြိုတင်မဲများမရေတွက်မီ မဲရလဒ်တွင် ကချင်ဒီမိုကရက်တစ် ပါတီကိုယ်စားလှယ်လောင်း ဦးကွမ်ဂေါင်အောင်ခမ်းက အသာ ရသော်လည်း အဆုံးသတ်တွင် ပြည်ခိုင်ဖြိုးပါတီက မဲအများဆုံး ရရှိသည်ဟု ဦးကွမ်ဂေါင်အောင် ခမ်းက ဆိုသည်။

‘‘အစမှာတော့ ကျွန်တော်တို့ နိုင်ပြီးမှ နောက်ကြံ့ခိုင်ဖွံ့ဖြိုေးရး တွေက သူတို့ကြိုတင်မဲတွေနဲ့ သူ တို့နိုင်တယ်ပြောနေတာ။ မနက် ဖြန် NLD က ကိုယ်စားလှယ် လောင်းနဲ့ ညှိနှိုင်းဆောင်ရွက်ရ မယ်။ မနေ့က ကြိုတင်မဲလက်မှတ် တွေကို ကျွန်တော်တို့နှစ်ယောက် လက်မှတ်မထိုးလာဘူး’’ ဟု ဦးကွမ်ဂေါင်အောင်ခမ်းက နိုဝင် ဘာ ၄ ရက်တွင် ပြောသည်။ ၎င်း တို့သည် ကြိုတင်မဲရလဒ်ပုံစံ(၁၈) တွင် လက်မှတ်မထိုးသကဲ့သို့ ပုံစံ (၁၉)တွင်လည်း လက်မှတ်မထိုး သေးပေ။

မြစ်ကြီးနားမဲဆန္ဒနယ် ကြား ဖြတ်ရွေးကောက်ပွဲရလဒ်မှာ ပြည်ခိုင်ဖြိုးမှ ၂၃,၁၈၆ မဲဖြင့် အများ ဆုံးရရှိပြီး KDP မှ ၁၉,၁၁၂ မဲ၊ NLD မှ ၁၈,၉၉၉ မဲရရှိခဲ့သည်။

ပွင့်လင်းမြင်သာမှုအားနည်း သည့် ကြိုတင်မဲများနှင့်ပတ်သက် ပြီး တရားဝင်ကန့်ကွက်နိုင်ရန် ကချင်နိုင်ငံရေးပါတီများ ပေါင်း စည်းရေးကော်မတီမှ ဥပဒေအ ကြံပေးပုဂ္ဂိုလ်များနှင့် ညှိနှိုင်း ဆောင်ရွက်မည်ဟု ၎င်းက ဆို သည်။

မြစ်ကြီးနားမဲဆန္ဒနယ်အခြေ အနေနှင့်ပတ်သက်ပြီး NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုး ညွန့်က ‘‘အဲဒါတွေက တပ်မဲတွေ က တပ်ထဲမှာလည်း ပေးတယ်၊ ရပ်ရွာထဲမှာလည်း လာပေးတယ် ဆိုတဲ့ သတင်းမျိုးတွေ ထွက် တယ်။ နောက်ပြီးတော့ ကြိုတင် မဲတွေမှာ တာဝန်ခံရဲ့လက်မှတ် မပါဘူးဆိုတာတွေလည်း ထွက် နေတယ်။ အဲဒါတွေအတွက် သူ တို့က ပြန်လည်စိစစ်စေချင်ပါ တယ်။ အဲဒါကြောင့် သူတို့ ကန့် ကွက်နေတာပါ’’ဟု ပြောသည်။

ကော်မရှင်အဆင့်ဆင့်အ နေဖြင့် ကြိုတင်မဲများရေတွက်ရာ တွင် အများပြည်သူရှေ့တွင် ပွင့်လင်းမြင်သာစွာ ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့သည်ဟု ကချင်ပြည် နယ်ရွေးကောက်ပွဲအရာရှိဦးထွန်း အောင်ခိုင်က ဆိုသည်။ ကြိုတင်မဲနှင့်ပတ်သက်ပြီး ပွင့်လင်းမြင် သာမှုအားနည်းသည်ဟု ပြောဆို ခြင်းသည် စွပ်စွဲချက်သာ ဖြစ် ကြောင်း ၎င်းက ဆိုသည်။

‘‘မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲ တွေက တပ်မဲတွေများတယ်။ တပ် မဲတွေများတာ တပ်က ဥစ္စာတွေ က ကြိုတင်မဲလည်း ပေး၊ မဲရုံမှာ လည်း လာပေး ဒါမျိုးတွေလည်း ဖြစ်နိုင်တယ်၊ အဲဒါတွေက မှန်လို့ လား၊ ဘာလားပေါ့ဗျာ။ အဲဒီလိုမျိုး တွေ ပြောပြီး အဲဒီအပေါ်မှာ သံသယရှိတာပေါ့’’ဟု ဦးထွန်းအောင် ခိုင်က ဆက်ပြောသည်။

ရွေးကောက်ပွဲနေ့တွင်  မြစ် ကြီးနားမြို့ ပြင်ပရောက်နေသည့် တပ်မတော်သားများအပါအဝင် ကြိုတင်မဲပေးခွင့်ရှိသူများ မဲပေး နိုင်ရေး ဥပဒေနှင့်အညီ ဆောင် ရွက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

‘‘အဲဒီလူတွေက မြစ်ကြီးနား မြို့မှာ မရှိလို့ ဒီလက်မှတ်တွေကို ကြိုတင်ပေးပို့ခဲ့ပြီးတော့မှ အဝေး တစ်နေရာက ပေးလာတာ ဖြစ်တဲ့ အတွက် အဲဒီလူတွေက အဲဒီမှာ ပေးပြီး ရွေးကောက်ပွဲနေ့မှာ ပြန် လာပြီး မဲရုံမှာ ပေးတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ပေးကတည်းကိုက ဒီမှာ မရှိတဲ့သူတွေအတွက် ပေးထားတဲ့ မဲဆန္ဒနယ်ပြင်ပကြို တင်မဲပါ။ သူတို့သံသယဖြစ်နေ တယ်ဆိုတဲ့ဟာက သဘောက သူတို့ဥပဒေကို သေသေချာချာ ရေရေလည်လည် နားမလည်တဲ့ အတွက် ဒီလိုမျိုးဖြစ်တယ်လို့ ယူဆပါတယ်’’ဟု ပြည်နယ်ရွေး ကောက်ပွဲအရာရှိက ဆိုသည်။

NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ကြိုတင်မဲ များနှင့်ပတ်သက်ပြီး အများပြည် သူယုံကြည်စိတ်ချနိုင်သည့် ပုံစံ တစ်ခုသို့ ပြောင်းလဲနိုင်ရန် လိုအပ် နေကြောင်း ပြောသည်။

‘‘အထူးသဖြင့် မဲဆန္ဒရှင်စာ ရင်းကို ကျွန်တော်တို့စစ်ဆေးခွင့် မရတာကိုက အဓိကစတာပဲ။ တပ်တွင်းက ပုဂ္ဂိုလ်တွေဆိုတော့ ကျွန်တော်တို့က စစ်ဆေးခွင့်မရှိ ဘူး။ အခုလုပ်သွားတာလည်း ၂၀၁၅ က စာရင်းအတိုင်း လုပ် သွားတာ။ အဲဒီလူတွေ တကယ်ရှိ တယ်၊ မရှိဘူးဆိုတာ ဘယ်သူမှ ပြောလို့မရဘူး’’ဟု ၎င်းက ပြော သည်။

မဲစာရင်းပါ တပ်တွင်းပုဂ္ဂိုလ်များ အမှန် တကယ်ရှိ၊ မရှိ  စစ်ဆေးရန်ကိစ္စမှာ ကော်မရှင်၏လုပ်ပိုင်ခွင့်တွင် မပါဝင်ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က ပြောသည်။

‘‘တပ်မှူးကနေပြီးတော့ ပေး တဲ့စာရင်းကို ကျွန်တော်တို့ကော် မရှင်ကနေ မဲစာရင်းကို ပြုစုရ မယ်။ တပ်မှူးက ပေးတဲ့စာရင်းကို စိစစ်ပြီး မဲဆန္ဒနယ်ပြင်ပဆောင် ရွက်ပေးရမယ်ဆိုတဲ့ပြဋ္ဌာန်းချက် ပဲရှိတယ်။ တပ်ထဲမှာ လူအဲဒီ လောက်ရှိသလားဆိုတာက ကော် မရှင်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ မပါပါ ဘူး’’ဟု ၎င်းက ဆိုသည်။

အငြင်းပွားမှုများဖြစ်ပေါ်ခဲ့ သည့် ကြိုတင်မဲကိစ္စကို ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်က ထိရောက်သည့် နည်းလမ်း ဖြင့် ပြုပြင်ပြောင်းလဲမှုများ မဆောင် ရွက်ပါက ဒီမိုကရေစီအင်အားစု များ ရွေးကောက်ပွဲရှုံးနိမ့်စေသည့် အနေအထားမျိုးကို ဦးတည်နေ မည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က ပြောသည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky