မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်လုံခြုံရေး ပူးတွဲကင်းလှည့်ရန် အပါအဝင် နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် အလံတင်ဆွေးနွေးပွဲပြုလုပ်

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်လုံခြုံရေး ပူးတွဲကင်းလှည့်ရန် အပါအဝင် နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် အလံတင်ဆွေးနွေးပွဲပြုလုပ်


မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်လုံခြုံရေး ပူးတွဲကင်း လှည့်ရန်အချက်အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ တပ်ရင်းမှူးအဆင့် အလံတင်ဆွေးနွေး ပွဲကို ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း၌ ပြုလုပ်ခဲ့ကြောင်း အစိုးရသတင်း ထုတ်ပြန်ရေးကော်တီ (Infor-mation Committee) က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်လုံခြုံရေး ပူးတွဲကင်း လှည့်ရန်အချက်အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ တပ်ရင်းမှူးအဆင့် အလံတင်ဆွေးနွေး ပွဲကို ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း၌ ပြုလုပ်ခဲ့ကြောင်း အစိုးရသတင်း ထုတ်ပြန်ရေးကော်တီ (Infor-mation Committee) က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါတပ်ရင်းမှူးအဆင့် ဆွေးနွေးပွဲကို မတ်လ ၂ ရက် ည နေ ၄ နာရီက စတင်ကာ တစ်နာရီ ခန့်ကြာ နှစ်နိုင်ငံနယ်စပ်မှတ်တိုင် (၃၁/၁) ဂေါင်းဒုံဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်စခန်း (BGB) ၌ ပြုလုပ်ခဲ့ကြောင်း ယင်းထုတ်ပြန် ချက်တွင် ဖော်ပြသည်။

‘‘ဒါဟာ အကြီးမားဆုံးသော တိုးတက်မှုဖြစ်လာလိမ့်မယ်။ဘာ ကြောင့်လဲဆိုတော့ နယ်စပ်လုံ ခြုံရေးက ဟိုဘက်၊ ဒီဘက် နား လည် မှု ရှိရှိ ပူးပေါင်းဆောင်ရွက် ရင် အစွန်းရောက် အကြမ်းဖက်သ မားတွေ ခိုလှုံဖို့၊ လှုပ်ရှားဖို့ ခက် သွားရော’’ဟု နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် ပုဂ္ဂိုလ်များတွေ့ဆုံစဉ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး တရားမဝင် နေရပ်စွန့်ခွာနေထိုင်သူများနှင့် ပတ်သက်၍ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ညှိနှိုင်း၍ လှည့်ကင်းဆောင်ရွက် မည့် အစီအမံများ၊ နှစ်နိုင်ငံ နယ် စပ်တစ်လျှောက် ဖြစ်ပေါ်လာ သည့်ကိစ္စရပ်များကို အချိန်နှင့် တစ်ပြေးညီ သတင်းညှိနှိုင်းဖလှယ် နိုင်ရေးတို့ ဆွေးနွေးခဲ့ကြောင်း အစိုးရသတင်းထုတ်ပြန်ရေးကော် မတီက ဆိုသည်။

ဆွေးနွေးပွဲသို့ အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး စောဇေယျာလင်း နှင့် အဖွဲ့ဝင် ကိုးဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမှတ်(၃၄) BGB တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မောန်ဇူရုပ်ဟာဆာန်ခါန်းနှင့် အဖွဲ့ဝင် ခြောက် ဦး တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ် နိုင်ငံလုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရန် ဆောင်ရွက်နေပြီး ယင်းသို့ဆောင် ရွက်ရန် ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၏ ပြီးခဲ့ သည့် ဘင်္ဂလားဒေ့ရှ်ခရီးစဉ်တွင် ထည့်သွင်းဆွေးနွေးခဲ့သည်။

========================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky