ရိုက်တာသတင်းထောက်နှစ်ဦးအတွက် အယူခံတက်

ရိုက်တာသတင်းထောက်နှစ်ဦးအတွက် အယူခံတက်

ထောင်ဒဏ်ခုနစ်နှစ်စီ ချမှတ်ခံထားရသော ရိုက်တာ သတင်းထောက်နှစ်ဦးအတွက် ပထမအယူခံကို ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်တွင် ယမန်နေ့က တင်သွင်းခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ထောင်ဒဏ်ခုနစ်နှစ်စီ ချမှတ်ခံထားရသော ရိုက်တာ သတင်းထောက်နှစ်ဦးအတွက် ပထမအယူခံကို ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်တွင် ယမန်နေ့က တင်သွင်းခဲ့သည်။

 စာမျက်နှာငါးမျက်နှာပါရှိသော အယူခံတွင် ရိုက်တာသတင်းထောက်နှစ်ဦးအမှုနှင့် ပတ်သက်၍ မှားယွင်းသုံးသပ်ချက်များနှင့် အမှုအားနည်းချက်များ ရေးသားထားကြောင်း ရိုက်တာသတင်းထောက်နှစ်ဦး၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

‘‘အယူခံတင်ပြီးရင် လျှောက်လဲချက်ပေးမယ့်အဆင့်ရှိသေး တယ်။ တိုင်းတရားလွှတ်တော်က အကြောင်းကြားမယ်။ အဲဒါဆိုရင် လျှောက်လဲချက်ပေးရမယ့်ဟာ တွေ လာမှာပေါ့’’ဟု ဦးသန်းဇော် အောင်ကပြောသည်။

အယူခံကို အမိန့်ချပြီး ရက် ၃၀ အတွင်း တင်သွင်းရမည်ဖြစ် သော်လည်း စာရွက်စာတမ်းမိတ္တူ ကူးယူရမည့်ရက်များ ထည့်သွင်း စဉ်းစားသောကြောင့် ရက် ၃၀ ကျော်မှ တင်သွင်းခြင်းဖြစ်ကြောင်း၎င်းက ဆက်လက်ပြောသည်။

 ရိုက်တာသတင်းထောက် နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် မြောက်ပိုင်းခရိုင် တရားရုံးက စက်တင်ဘာ ၃ ရက် တွင် ထောင်ဒဏ်ခုနစ်နှစ်စီ အမိန့် ချမှတ်ထားပြီး ၎င်းတို့နှစ်ဦးကို ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်ကတည်း က ဖမ်းဆီးခဲ့သောကြောင့် အ ကျဉ်းကျခံရသည်မှာ ၁၁ လရှိပြီ ဖြစ်သည်။

အကျဉ်းကျခံ သတင်း ထောက်နှစ်ဦးအတွက် လွတ်ငြိမ်း ချမ်းသာခွင့် မျှော်လင့်နေကြောင်း သတင်းထောက် ကိုဝလုံး၏ ဇနီး မပန်းအိမွန်က ပြောသည်။

‘‘အယူခံတင်တဲ့အကြောင်း ကို သူတို့လည်း သိတယ်။ အတွင်းထဲမှာတော့ ကျန်းကျန်းမာမာရှိပါ တယ်။ ဒါပေမဲ့ သူတို့ လွတ်ဖို့အ ရေးတော့ သူတို့နှစ်ဦးရော၊ ကျွန်မတို့ရော မျှော်နေတာပဲ’’ဟု မပန်း အိမွန်က ပြောသည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ကို ထောင်ဒဏ်နှစ်ရှည် ချမှတ်မှုအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ သံတမန်အသိုင်းအ ဝိုင်းက မြန်မာအစိုးရအပေါ် ပြစ် တင်ဝေဖန်ထားသည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း သည် မြန်မာနိုင်ငံအတွင်း စာနယ် ဇင်းလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ လမ်းကြောင်းဆီသို့ အသွင်ကူး ပြောင်းရေး အားပေးထောက်ခံနေ သူအားလုံးအတွက် အလွန်စိတ် သောကရောက်စရာဖြစ်ကြောင်း အမေရိကန်သံရုံးက ကြေညာခဲ့ သည်။

=======================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky