ဆော်ဒီ အာရေဗျ ၏ ရန်သူအစစ်မှာ အီရန် ဖြစ်ပါတယ် … အစ္စရေး မဟုတ်ပါ

ဆော်ဒီ အငြိမ်းစား ဗိုလ်ချုပ် တစ်ဦး ဖြစ်သူ အန်နဝရ် အရှ်ကီ မှ ဆော်ဒီ အာရေဗျ ၏ ရန်သူအစစ်မှာ အီရန် ဖြစ်ပြီး … အစ္စရေး မဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံ ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဲဟ်သတင်းဌာန၏ သတင်း ဌာန မှ ရုရှား ထူးဒေး သတင်း စာ မှ သတင်း အထောက်အထား ယူပြီး ဆော်ဒီ အငြိမ်းစား ဗိုလ်ချုပ် တစ်ဦး ဖြစ်သူ အန်နဝရ်အရှ်ကီ မှ ဆော်ဒီ အာရေဗျ ၏ ရန်သူအစစ်မှာ အီရန် ဖြစ်ပြီး  … အစ္စရေး မဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံ ပြောကြားခဲ့ ကြောင်း သတင်း ကို ဖော်ပြ ထားပါတယ်။

အန်နဝရ် အရှ်ကီ အနေဖြင့် BBC သတင်းဌာန နှင့် အမေးအဖြေ ပြုချိန် ဆော်ဒီ နှင့်အစ္စရေး တို့၏ ရန်အငြိုးအတေးမှာ သံသယ ဖြစ်စရာ ရှိနေပြီး အီရန် နှင့်ဆော်ဒီ အကြား ရန် အငြိုးအတေး မှာထင်ရှားပြီး သေချာ နေကြောင်း ပြောကြားခဲ့ပါတယ်။

ဆော်ဒီ အငြိမ်းစား ဗိုလ်ချုပ် အန်နဝရ်အရှ်ကီအနေဖြင့် ဆက်လက် ပြီး အစ္စရေး  သည် ဆော်ဒီ အတွက် အန္တရာယ် မရှိကြောင်း ဆော်ဒီ အနေဖြင့် အစ္စရေး ကို အပြည့်အဝ ကူညီဖေးမ ဖို့ အသင့် ရှိကြောင်း ကိုလည်း ပြောကြားခဲ့ပါတယ်။

 ====================

251/ End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Quds cartoon 2018
မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky